Monday 24 June 2013

နှစ်နို င်ငံ ကြား အနှစ် သာရ ပြည့်ဝ ပြီး ဘက် စုံ မဟာ ဗျူ ဟာမြောက် ပူးပေါင်း ဆောင် ရွက်ရေး မိတ် ဖက် နိုင် ငံ များ အဖြစ် အဆင့် မြှင့် တင် နိုင်ခဲ့

Photo: နှစ်နိုင်ငံကြား အနှစ်သာရ ပြည့်ဝပြီး ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများ အဖြစ် အဆင့် မြှင့်တင် နိုင်ခဲ့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် နေပြည်တော်တွင် ရောက်ရှိနေသည့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိ ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့နှင့် ယနေ့ ညနေ ၅ နာရီ ခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံရာတွင် ဒုတိယ သမ္မတနှင့်အတူ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဗိုလ်ချုပ် ဇော်ဝင်း၊ ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဦးသောင်းတင်၊ ဦးသန်းဆွေ၊ ဒေါက်တာလင်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက မြန်မာ- တရုတ်နှစ်နိုင်ငံ တို့သည် ၁၉၅ဝ ပြည့်နှစ်တွင် သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့ချိန် မှစတင်၍ နှစ်ပေါင်း ၆ဝ ကျော် ကာလအတွင်း အရေးကြုံသည့် အခါတိုင်းတွင် အပြန်အလှန် ထောက်ခံ အားပေးခဲ့ကြသည့် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်း ကောင်းများအဖြစ် ရပ်တည် ခဲ့ကြပါကြောင်း၊ မိမိတို့ အစိုးရသစ် တာဝန်ထမ်းဆောင် ချိန်တွင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု ကာလအတွင်း မြန်မာနိုင်ငံ အပေါ် တရုတ် နိုင်ငံ အနေဖြင့် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သကဲ့သို့ လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အားပေး ထောက်ခံလျက် ရှိနေသည့် အတွက်လည်း အထူး ကျေးဇူးတင် ရှိပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလအတွင်း တရုတ်နိုင်ငံ ဘိုအောမြို့တွင် ကျင်းပခဲ့သည့် ဘိုအောဖိုရမ် အစည်းအဝေး သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ခဲ့စဉ်က တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေး အကောင်အထည်ဖော်မှု လုပ်ငန်း စီမံချက်ကို အကောင်အထည် ဖော်ရေး အတွက် ဆွေးနွေး နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့် သတ်မှတ် တက်လှမ်းနိုင်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်းတွင် မိမိတို့ မမျှော်မှန်းဘဲ ကြုံတွေ့လာရသည့် အခက်အခဲ အချို့ကို မိမိတို့နှစ်ဖက် နားလည်မှုရှိရှိဖြင့် စိတ်ရှည် သည်းခံပြီး နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးကို မျှော်မှန်းပြီး ဖြေရှင်းခဲ့ကြ ပါကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး အစိုးရသစ်လက်ထက်တွင်

Read More >> http://bit.ly/11XQYlB 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သည် နေပြည်တော်တွင် ရောက်ရှိနေ သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိ ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့နှင့် ယနေ့ ညနေ ၅ နာရီ ခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး သည်။

တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဗိုလ်ချုပ်ဇော်ဝင်း၊ ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဦးသောင်းတင်၊ ဦးသန်းဆွေ၊ ဒေါက်တာလင်းအောင်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက မြန်မာ- တရုတ်နှစ်နိုင်ငံ တို့သည် ၁၉၅ဝ ပြည့်နှစ်တွင် သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့ချိန် မှစတင်၍ နှစ်ပေါင်း ၆ဝ ကျော် ကာလအတွင်း အရေးကြုံသည့် အခါတိုင်းတွင် အပြန်အလှန် ထောက်ခံ အားပေးခဲ့ကြသည့် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်း ကောင်းများအဖြစ် ရပ်တည် ခဲ့ကြပါကြောင်း၊ မိမိတို့ အစိုးရသစ် တာဝန်ထမ်းဆောင် ချိန်တွင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု ကာလအတွင်း မြန်မာနိုင်ငံ အပေါ် တရုတ် နိုင်ငံ အနေဖြင့် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သကဲ့သို့ လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အားပေး ထောက်ခံလျက် ရှိနေသည့် အတွက်လည်း အထူး ကျေးဇူးတင် ရှိပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလအတွင်း တရုတ်နိုင်ငံ ဘိုအောမြို့တွင်  ကျင်းပခဲ့သည့်  ဘိုအောဖိုရမ် အစည်းအဝေး သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ခဲ့စဉ်က တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့်တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေး အကောင် အထည်ဖော်မှု လုပ်ငန်း စီမံချက်ကို အကောင်အထည် ဖော်ရေး အတွက် ဆွေးနွေး နိုင်ခဲ့ ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့် သတ်မှတ် တက်လှမ်းနိုင်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်းတွင် မိမိတို့ မမျှော်မှန်းဘဲ ကြုံတွေ့လာရသည့် အခက်အခဲ အချို့ကို မိမိတို့နှစ်ဖက် နားလည်မှုရှိရှိဖြင့် စိတ်ရှည် သည်းခံပြီး နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးကို မျှော်မှန်းပြီး ဖြေရှင်းခဲ့ကြ ပါကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး အစိုးရသစ်လက်ထက်တွင် အကောင် အထည်ဖော် ဆောင်ရွက်နေ သည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာရှီကျဲချိက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ နှစ်ပေါင်း(၆ဝ)အတွင်း များစွာတိုးတက်ခဲ့ပါကြောင်း၊ ဘိုအောဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်က တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီုကျင့်ဖျင်က တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုခိုင်မာ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်မည်ဟု ထပ်လောင်း ကတိပြု ပြောကြား ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်ခု၏ ပြည်တွင်း ရေး၌ ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင် ပါကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် မိမိတို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် သင့်လျော်သည့် နည်းလမ်းကို ရွေးချယ်နိုင်ခွင့် ရှိသည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝင်တို့သည် စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျေး လက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလား အလာများ၊ နှစ်နိုင်ငံ အကြား ထူထောင်ခဲ့သည့် ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး၊ အကောင်အထည် ဖော်ရေး လုပ်ငန်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ ကျန်းရဲဆွေတို့က နှစ်နိုင်ငံအကြား ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး၊ မိတ်ဖက် ဆက်ဆံရေး အကောက်အထည် ဖော်မှုလုပ်ငန်း စီမံချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ထို့နောက် ဒုတိယ သမ္မတက တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
Myawady

No comments:

Post a Comment