Monday 24 June 2013

နာ မည်ကြီး အရောင်း ဆိုင် များ အပါ အ၀င် ဟန်း ဆက် တင် သွင်း သူ များ အ လုံးရေ လေး သန်း နီး ပါး အထိ မှောင် ခို သွင်း အ စိုး ရ သစ် လက် ထက် နိုင် ငံ့ ဘဏ္ဍာ အခွန်ငွေ ကျပ် ဘီလျံ ၄၀ ၀န်း ကျင် အထိ နစ် နာနေ

Photo: နာမည်ကြီး အရောင်းဆိုင်များ အပါအ၀င် ဟန်းဆက်တင်သွင်းသူများ အလုံးရေ လေးသန်းနီးပါးအထိ မှောင်ခိုသွင်း အစိုးရသစ် လက်ထက် နိုင်ငံ့ ဘဏ္ဍာ အခွန်ငွေ ကျပ်ဘီလျံ ၄၀ ၀န်းကျင်အထိ နစ်နာနေ
Monday, June 24, 2013

နာမည်ကြီး ဟန်းဆက်အရောင်းဆိုင်များ အပါအ၀င် ဆက်သွယ်ရေး ပစ္စည်းများ တင်သွင်းရောင်းချသူများသည် အစိုးရသစ် လက်ထက် သို့ ရောက် ရှိ သည့် တိုင် နှစ်စဉ်ဟန်းဆက် အလုံးရေ သန်းနှင့်ချီကာ မှောင် ခို တင် သွင်း နေသည့်အတွက် နိုင်ငံတော်မှ ရသင့်သည့် အခွန်ငွေ ကျပ်ဘီလျံပေါင်းများစွာ နစ်နာနေရကြောင်း စုံစမ်းသိရှိရသည်။

အစိုးရသစ်လက်ထက် စတင်တာဝန်ယူချိန်မှ ယနေ့အထိ ဟန်းဆက် အလုံးရေ အနည်းဆုံး လေးသန်းနီးပါးအား အခွန်တိမ်းရှောင်ကာ မှောင်ခို တင်သွင်းခဲ့သည့်အတွက် နိုင်ငံ့ဘဏ္ဍာ အခွန်ငွေ အနည်းဆုံး ကျပ်ဘီလျံ ၄၀ ၀န်းကျင်အထိ နစ်နာခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ဟန်းဆက်တင် သွင်း ရောင်းချသည့် ကုမ္ပဏီပေါင်း ၁၃ ခု ရှိခဲ့ပြီး တစ်နှစ်ပတ်လုံးတွင် စုစုပေါင်း ဟန်းဆက်အလုံးရေ တစ်သိန်းခွဲ ၀န်းကျင်သာ တင်သွင်းရန် လိုင်စင်ယူထားကြောင်း သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဧပြီနှင့်မေ နှစ်လအတွင်း တရားဝင် အခွန်ဆောင် တင်သွင်းခဲ့သည့် အလုံးရေမှာ ၉၀၀၀ ကျော်သာ ရှိသည့် အတွက် ယခင်တစ်နှစ်လုံးနှင့် ယခုဘဏ္ဍာရေးနှစ် အတွင်း နှစ်လ စုစုပေါင်း ၁၄ လအတွင်း တရားဝင် တင်သွင်းသည့် အလုံးရေမှာ ၁၅၆၀၀၀ ကျော်သာ ရှိသည်။

ဟန်းဆက်တင်သွင်းရန် နှစ်စဉ် ကုမ္ပဏီများမှ လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီရှိသော်လည်း အမှန်တကယ် အခွန်ဆောင် တင်သွင်းသည့် စာရင်း၌မူ အလုံးရေ သောင်းဂဏန်းသာ ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ဟန်းဆက်တင် သွင်း ရောင်းချသည့် ကုမ္ပဏီပေါင်း ၁၃ ခု ရှိခဲ့ပြီး တစ်နှစ်ပတ်လုံးတွင် စုစုပေါင်း ဟန်းဆက်အလုံးရေ တစ်သိန်းခွဲ ၀န်းကျင်သာ တင်သွင်းရန် လိုင်စင်ယူထားကြောင်း သိရ . . . . .

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တပ်ဆင်အသုံးပြုနေသည့် အခြေအနေမှာမူ အစိုးရသစ်လက်ထက် မတိုင်မီ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က လိုင်းပေါင်း ၁၀၇၃၁၈၃ သာ ရှိခဲ့သည်။

အစိုးရသစ်လက်ထက် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် တပ်ဆင်ထားသည့် မိုဘိုင်းဖုန်းလိုင်း အရေအတွက်မှာ ၄၆၆၈၁၅၀ ဖြစ်သည့်အတွက် နှစ်နှစ် အတွင်း လိုင်းပေါင်း ၃၅၉၄၉၆၇ အထိ အသစ်တိုးလာခဲ့သည်။

ယင်းအပြင် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့က စတင်ချထားပေးသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းလိုင်းမှာ ယခုအခါ လိုင်းပေါင်း ၇၀၀၀၀၀ အထိ ရှိပြီဖြစ်သည်။

ထို့အတွက် အစိုးရသစ် လက်ထက်တွင် မိုဘိုင်းဖုန်းလိုင်းသစ်ပေါင်း ၄၃၀၀၀၀၀ ၀န်းကျင်အထိ (၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ တန်ဖိုးနည်းဖုန်း မချပေးမီ ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်အထိ ချထားပေးသည့် မိုဘိုင်းဖုန်းလိုင်း အရေအတွက်မပါ) တိုးလာခြင်းဖြစ်သည်။

ဥပမာအားဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်က ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်း လိုင်း ၃၅၀၀၀၀ အား စတင်ချထား ပေးခဲ့ပြီးနောက် အသုံးပြုမှု ရှိ၊ မရှိ စစ်ဆေးရာ အလုံးရေ ၃၄၄၀၀၂ လုံးအထိ သုံးနေပြီး အလုံးရေ ၆၀၀၀ နီးပါးသာ အသုံးမပြုသေးသည့် စစ်ဆေးထားချက်ကို ထုတ်ပြန်ထားသည်။

ထို့အတွက် ဖုန်းလိုင်းသစ် ၄၃၀၀၀၀၀ နီးပါးတွင် လက်ရှိအသုံးပြုနေသည့် အလုံးရေမှာ အနည်းဆုံး လေးသန်းနီးပါးအထိ ရှိနေမည်ဖြစ်ပြီး အဆိုပါ လိုင်းသစ်လေးသန်းအတွက်လည်း ဟန်းဆက်အလုံးရေ လေးသန်းအထိ သုံးစွဲပြီးဖြစ်သည်။

သို့သော် အစိုးရသစ်လက်ထက် နှစ်နှစ်ကျော် ကာလအတွင်း အမှန်တကယ် အခွန်ဆောင် တင်သွင်းထားသည့် ဟန်းဆက်အလုံးရေမှာမူ တစ်နှစ်လျှင် ဟန်းဆက်အလုံးရေ သိန်းဂဏန်းမျှသာ တင်သွင်းခဲ့ခြင်း၊ တစ်ကိုယ်ရေသုံး အတွက် ပြည်ပမှ ၀ယ်ယူအသုံးပြုသည့် အလုံးရေမှာလည်း အလုံးရေ အနည်းငယ်မျှသာ ရှိသည့်အတွက် ကျန်အလုံးရေ လေးသန်းနီးပါး မှာ မှောင်ခိုတင်သွင်းခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိဟု ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဌာနများမှ တာဝန်ရှိသူများက ပြောကြားသည်။

ယင်းအလုံးရေ လေးသန်းမှာ အသုံးပြုနေသည့် ဖုန်းလိုင်းဖြင့် တွက်ချက် ထားခြင်းဖြစ်ပြီး အရောင်းဆိုင်များတွင် မရောင်းချရသေးဘဲ သိုလှောင်ပြ သထားသည့် အလုံးရေမှာလည်း သန်းဖြင့်ချီကာ ရှိနေသေးသည်ဟု သိရသည်။

နိုင်ငံတော်မှ ဖမ်းဆီးရမိသည့် ဟန်းဆက်များအား တန်ဖိုးသတ်မှတ်ရာတွင် အမျိုးအစားအလိုက် ပျမ်းမျှတစ်လုံးလျှင် ကျပ်တစ်သိန်း သတ်မှတ်မှုများ ရှိခဲ့သည့် အတွက် တစ်လုံးကျပ် တစ်သိန်းပေါ်တွင် အကောက်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံမည်ဆိုပါက ကျပ် ၁၀၀၀၀ ၀န်းကျင်အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မှောင်ခိုတင်သွင်းခဲ့သည့် ဟန်းဆက်လေးသန်း နီးပါးအတွက် ဆိုပါက တန်ဖိုး အနည်းအများအလိုက် တစ်လုံးလျှင် ပျမ်းမျှအခွန်အရပ်ရပ် ကျပ် ၁၀၀၀၀ ၀န်း ကျင်ဖြင့် တွက်ချက်ပါက ကျပ်ဘီလျံ ၄၀ နီးပါးအထိ နိုင်ငံတော်မှ အခွန်နစ်နာခဲ့ခြင်း ဖြစ်သည်။

EMG
နာမည်ကြီး ဟန်းဆက်အရောင်းဆိုင်များ အပါအ၀င် ဆက်သွယ်ရေး ပစ္စည်းများ တင်သွင်းရောင်းချသူ များသည် အစိုးရသစ် လက်ထက်သို့ ရောက်ရှိသည့်တိုင် နှစ်စဉ်ဟန်းဆက် အလုံးရေ သန်းနှင့် ချီကာ မှောင်ခို တင်သွင်း နေသည့်အတွက် နိုင်ငံတော်မှ ရသင့်သည့် အခွန်ငွေ ကျပ်ဘီလျံပေါင်းများစွာ နစ်နာနေ ရကြောင်း စုံစမ်းသိရှိရသည်။

အစိုးရသစ်လက်ထက် စတင်တာဝန်ယူချိန်မှ ယနေ့အထိ ဟန်းဆက်အလုံးရေ အနည်းဆုံး လေးသန်းနီးပါး အား အခွန်တိမ်းရှောင်ကာ မှောင်ခိုတင်သွင်းခဲ့သည့်အတွက် နိုင်ငံ့ဘဏ္ဍာ အခွန်ငွေ အနည်းဆုံး ကျပ်ဘီလျံ ၄၀ ၀န်းကျင်အထိ နစ်နာခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ဟန်းဆက်တင်သွင်း ရောင်းချသည့် ကုမ္ပဏီပေါင်း ၁၃ ခု ရှိခဲ့ပြီး တစ်နှစ်ပတ်လုံးတွင် စုစုပေါင်း ဟန်းဆက်အလုံးရေ တစ်သိန်းခွဲ ၀န်းကျင်သာ တင်သွင်းရန် လိုင်စင် ယူထားကြောင်း သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဧပြီနှင့်မေ နှစ်လအတွင်း တရားဝင် အခွန်ဆောင် တင်သွင်းခဲ့သည့် အလုံးရေမှာ ၉၀၀၀ ကျော်သာ ရှိသည့်အတွက် ယခင်တစ်နှစ်လုံးနှင့် ယခုဘဏ္ဍာရေးနှစ် အတွင်း နှစ်လ စုစုပေါင်း ၁၄ လအတွင်း တရားဝင် တင်သွင်းသည့် အလုံးရေမှာ ၁၅၆၀၀၀ ကျော်သာ ရှိသည်။

ဟန်းဆက်တင်သွင်းရန် နှစ်စဉ် ကုမ္ပဏီများမှ လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီရှိသော် လည်း အမှန်တကယ် အခွန်ဆောင် တင်သွင်းသည့် စာရင်း၌မူ အလုံးရေ သောင်းဂဏန်းသာ ရှိသည်။ မြန် မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ဟန်းဆက်တင်သွင်း ရောင်းချသည့် ကုမ္ပဏီပေါင်း ၁၃ ခု ရှိခဲ့ပြီး တစ်နှစ်ပတ်လုံးတွင် စုစုပေါင်း ဟန်းဆက်အလုံးရေ တစ်သိန်းခွဲ ၀န်းကျင်သာ တင်သွင်းရန် လိုင်စင်ယူထားကြောင်း သိရ . . . . .

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တပ်ဆင်အသုံးပြုနေသည့် အခြေအနေမှာမူ အစိုးရသစ်လက်ထက် မတိုင်မီ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က လိုင်းပေါင်း ၁၀၇၃၁၈၃ သာ ရှိခဲ့သည်။

အစိုးရသစ်လက်ထက် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အောက်တိုဘာလ အထိ မြန်မာနိုင်ငံတွင် တပ်ဆင်ထားသည့် မိုဘိုင်းဖုန်းလိုင်း အရေအတွက်မှာ ၄၆၆၈၁၅၀ ဖြစ်သည့် အတွက် နှစ်နှစ်အတွင်း လိုင်းပေါင်း ၃၅၉၄၉၆၇ အထိ အသစ်တိုးလာခဲ့သည်။

ယင်းအပြင် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့က စတင်ချထားပေးသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်း လိုင်းမှာ ယခုအခါ လိုင်းပေါင်း ၇၀၀၀၀၀ အထိ ရှိပြီဖြစ်သည်။

ထို့အတွက် အစိုးရသစ် လက်ထက်တွင် မိုဘိုင်းဖုန်းလိုင်းသစ်ပေါင်း ၄၃၀၀၀၀၀ ၀န်းကျင်အထိ (၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ တန်ဖိုးနည်းဖုန်း မချပေးမီ ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်အထိ ချထားပေးသည့် မိုဘိုင်းဖုန်းလိုင်း အရေအတွက်မပါ) တိုးလာခြင်းဖြစ်သည်။

ဥပမာအားဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်က ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်း ၃၅၀၀၀၀ အား စတင် ချထား ပေးခဲ့ပြီးနောက် အသုံးပြုမှု ရှိ၊ မရှိ စစ်ဆေးရာ အလုံးရေ ၃၄၄၀၀၂ လုံးအထိ သုံးနေပြီး အလုံးရေ ၆၀၀၀ နီးပါးသာ အသုံးမပြုသေးသည့် စစ်ဆေးထားချက်ကို ထုတ်ပြန်ထားသည်။

ထို့အတွက် ဖုန်းလိုင်းသစ် ၄၃၀၀၀၀၀ နီးပါးတွင် လက်ရှိအသုံးပြုနေသည့် အလုံးရေမှာ အနည်းဆုံး လေး သန်း နီးပါးအထိ ရှိနေမည်ဖြစ်ပြီး အဆိုပါ လိုင်းသစ်လေးသန်းအတွက်လည်း ဟန်းဆက် အလုံးရေ လေး သန်းအထိ သုံးစွဲပြီးဖြစ်သည်။

သို့သော် အစိုးရသစ်လက်ထက် နှစ်နှစ်ကျော် ကာလအတွင်း အမှန်တကယ် အခွန်ဆောင် တင်သွင်း ထားသည့် ဟန်းဆက်အလုံးရေမှာမူ တစ်နှစ်လျှင် ဟန်းဆက်အလုံးရေ သိန်းဂဏန်းမျှသာ တင်သွင်းခဲ့ခြင်း၊ တစ်ကိုယ်ရေသုံးအတွက် ပြည်ပမှ ၀ယ်ယူအသုံးပြုသည့် အလုံးရေမှာလည်း အလုံးရေ အနည်းငယ်မျှသာ ရှိသည့်အတွက် ကျန်အလုံးရေ လေးသန်းနီးပါးမှာ မှောင်ခိုတင်သွင်းခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိဟု ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဌာနများမှ တာဝန်ရှိသူများက ပြောကြားသည်။

ယင်းအလုံးရေ လေးသန်းမှာ အသုံးပြုနေသည့် ဖုန်းလိုင်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး အရောင်းဆိုင်များ တွင် မရောင်းချရသေးဘဲ သိုလှောင်ပြသထားသည့် အလုံးရေမှာလည်း သန်းဖြင့်ချီကာ ရှိနေသေးသည်ဟု သိရသည်။

နိုင်ငံတော်မှ ဖမ်းဆီးရမိသည့် ဟန်းဆက်များအား တန်ဖိုးသတ်မှတ်ရာတွင် အမျိုးအစားအလိုက် ပျမ်းမျှ တစ်လုံးလျှင် ကျပ်တစ်သိန်း သတ်မှတ်မှုများ ရှိခဲ့သည့်အတွက် တစ်လုံးကျပ် တစ်သိန်းပေါ်တွင် အကောက် ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမည်ဆိုပါက ကျပ် ၁၀၀၀၀ ၀န်းကျင်အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မှောင်ခိုတင်သွင်းခဲ့သည့် ဟန်းဆက်လေးသန်း နီးပါးအတွက် ဆိုပါက တန်ဖိုးအနည်းအများအလိုက် တစ်လုံးလျှင် ပျမ်းမျှအခွန်အရပ်ရပ် ကျပ် ၁၀၀၀၀ ၀န်းကျင်ဖြင့် တွက်ချက်ပါက ကျပ်ဘီလျံ ၄၀ နီးပါး အထိ နိုင်ငံတော်မှ အခွန်နစ်နာခဲ့ခြင်း ဖြစ်သည်။
EMG

No comments:

Post a Comment