Monday 24 June 2013

ကချင်က ပညာ ရှင် ပါဝင်တဲ့ အဖွဲ့ ဖွဲ့ပြီး မြစ်ကြီး နားမှာ ရုံးဖွင့် မယ်

Photo: ကချင်က ပညာရှင်ပါဝင်တဲ့အဖွဲ့ ဖွဲ့ပြီး မြစ်ကြီးနားမှာ ရုံးဖွင့်မယ်
Monday, June 24, 2013

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO) တို့ အကြား ဆွေးနွေးပွဲတွေ အဆင် ပြေစေရေးအတွက်ရည်ရွယ်ပြီး အတတ် ပညာရှင်တွေပါဝင်တဲ့ Technical Team ကို ဖွဲ့စည်းပြီး မြစ်ကြီးနားမြို့ မှာ ရုံးဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Technical Team ဖွဲ့စည်းဖို့အတွက် မေလ (၃၀)ရက်နေ့က အစိုးရနဲ့ KIO အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး သဘောတူညီခဲ့တဲ့ အချက်တွေထဲက တချက်ဖြစ်ပြီး ဒါကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုင်ဇာမြို့ မှာ ပြုလုပ်တဲ့ အစည်းဝေးက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ပညာရှင် ၁၀ဦးပါဝင်တဲ့ အဖွဲ့ ဖွဲ့စည်းသွားဖို့ရှိပြီး အဲဒီထဲမှာ KIO အဖွဲ့က လေးငါး ဦးနဲ့ အရပ်ဘက်က ပညာရှင် လေးငါးဦး တို့နဲ့ ပါဝင်ဖွဲ့စည်း သွားမယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးခွန်ဂျာက အခုလိုပြော ပါတယ်။

နှစ်ဦးနှစ်ဘက် သဘောတူညီထားတာဖြစ်တဲ့ Technical Team ဖွဲ့ဖို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ KIO က နေပြီးတော့မှ အရပ်ဘက်က ပညာရှင်တွေ လည်း ပါဝင်ပြီးတော့မှ ဒီလအတော အတွင်း မှာ ဖြစ်လာအောင် ဆိုပြီး တော့ အစည်းဝေးလုပ်တာပါ။ ဒီလ ၂၆ရက်နေ့ နောက်ဆုံးထားပြီးတော့ ရွေးချယ်ပြီး ဒီလအတော အတွင်း လောက် မှာ Technical Team ကိုဖွဲ့ပြီးမှ မြစ်ကြီးနားမှာ ရုံးဖွင့်ဖို့ စီစဉ်နေ ပါတယ်။

KIO အနေနဲ့ အခုလို အဖွဲ့အစည်းဖွဲ့ပြီး လုပ်ဆောင်တာဟာ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ အတွက် ကြိုတင်ပြင်ဆင် တာဖြစ်တယ်လို့ ဦဂွမ်ဂျာက ပြောပါတယ်။

နိုင်ငံတော်အစိုးရနဲ့ KIO ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပိုပြီး အဆင်ပြေအောင် ပေါ့လေ ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးဖို့အတွက် မဆွေးနွေးခင်မှာ ကြိုတင်ပြီးတော့ ပြင်ဆင်စရာရှိတာ ညှိနှိုင်း စရာရှိတာတွေကို ကြို တင်ပြင်ဆင် ညှိနှိုင်းဖို့အတွက်ဆိုပြီး KIO အနေနဲ့ ဒါကို အရင်အဦးဆုံး ဖွဲ့တာ ဖြစ်တယ်ဗျ။

Technical Team အနေနဲ့ မြစ်ကြီးနားမြို့မှာ အချိန်ပြည့် ရုံးထိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက် သွားမဲ့သူတွေရှိသလို အချိန်ပိုင်းလုပ်ဆောင်မဲ့သူနဲ့လည်း ရွေးချယ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် မေလ (၃၀)ရက် ဆွေးနွေးပွဲမှာ သဘောတူညီချက်တွေထဲက နံပါတ် ၃အချက်ဖြစ်တဲ့ Monitoring လေ့လာစောင့်ကြည့်ရေး ကော်မတီ ဖွဲ့ဖို့ကိစ္စဖြစ်တဲ့ စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေမှာ အစောင့်အကြပ်ရုံးထားရှိ ဖို့ အတွက် နှစ်ဦးနှစ်ဘက် သဘောတူညီထားပြီး ဒီအဖွဲ့မှာ KIO အဖွဲ့တွေလည်း ပါဝင်မှာဖြစ်သလို အစိုးရ ဘက်ကလူတွေနဲ့ အရပ်သား ရပ်မိရပ်ဖတွေနဲ့လည်း ပါဝင် ဖွဲ့စည်းသွားမှာ ဖြစ်တယ် လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာအစိုးရနဲ့ ကချင်လွှတ်မြောက်ရေးတပ် ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲတစ်ခု
ABC Radio Australia
တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာအစိုးရနဲ့ ကချင်လွှတ်မြောက်ရေးတပ် ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲတစ်ခု
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO) တို့အကြား ဆွေးနွေးပွဲတွေ အဆင် ပြေစေရေးအတွက်ရည်ရွယ်ပြီး အတတ်ပညာရှင်တွေပါဝင်တဲ့ Technical Team ကို ဖွဲ့ စည်းပြီး မြစ်ကြီးနားမြို့မှာ ရုံးဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Technical Team ဖွဲ့စည်းဖို့အတွက် မေလ (၃၀)ရက်နေ့က အစိုးရနဲ့ KIO အဖွဲ့တို့ ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲအပြီး သဘောတူညီခဲ့တဲ့ အချက်တွေထဲက တချက်ဖြစ်ပြီး ဒါကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုင်ဇာမြို့ မှာ ပြုလုပ်တဲ့ အစည်းဝေးက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ပညာရှင် ၁၀ဦးပါဝင်တဲ့ အဖွဲ့ ဖွဲ့စည်းသွားဖို့ရှိပြီး အဲဒီထဲမှာ KIO အဖွဲ့က လေးငါး ဦးနဲ့ အရပ်ဘက်က ပညာရှင်လေးငါးဦးတို့နဲ့ ပါဝင်ဖွဲ့စည်းသွားမယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးခွန်ဂျာက အခုလိုပြော ပါတယ်။

နှစ်ဦးနှစ်ဘက် သဘောတူညီထားတာဖြစ်တဲ့ Technical Team ဖွဲ့ဖို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ KIO က နေပြီးတော့မှ အရပ်ဘက်ကပညာရှင်တွေလည်း ပါဝင်ပြီးတော့မှ ဒီလအတောအတွင်းမှာ ဖြစ် လာအောင် ဆိုပြီး တော့ အစည်းဝေးလုပ်တာပါ။ ဒီလ ၂၆ရက်နေ့ နောက်ဆုံး ထားပြီးတော့ ရွေး ချယ်ပြီး ဒီလအတော အတွင်း လောက် မှာ Technical Team ကိုဖွဲ့ပြီးမှ မြစ်ကြီးနားမှာ ရုံးဖွင့်ဖို့ စီစဉ်နေ ပါတယ်။

KIO အနေနဲ့ အခုလို အဖွဲ့အစည်းဖွဲ့ပြီး လုပ်ဆောင်တာဟာ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ အတွက် ကြိုတင်ပြင်ဆင် တာဖြစ်တယ်လို့ ဦဂွမ်ဂျာက ပြောပါတယ်။

နိုင်ငံတော်အစိုးရနဲ့ KIO ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပိုပြီး အဆင်ပြေအောင် ပေါ့လေ ငြိမ်းချမ်းရေး ဆက် လက် ဆွေးနွေးဖို့အတွက် မဆွေးနွေးခင်မှာ ကြိုတင်ပြီးတော့ ပြင်ဆင်စရာရှိတာ ညှိနှိုင်း စရာရှိတာတွေကို ကြို တင်ပြင်ဆင် ညှိနှိုင်းဖို့အတွက်ဆိုပြီး KIO အနေနဲ့ ဒါကို အရင်အဦးဆုံး ဖွဲ့တာ ဖြစ်တယ်ဗျ။

Technical Team အနေနဲ့ မြစ်ကြီးနားမြို့မှာ အချိန်ပြည့် ရုံးထိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆောင် ရွက် သွားမဲ့သူတွေရှိသလို အချိန်ပိုင်းလုပ်ဆောင်မဲ့သူနဲ့လည်း ရွေးချယ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် မေလ (၃၀)ရက် ဆွေးနွေးပွဲမှာ သဘောတူညီချက်တွေထဲက နံပါတ် ၃အချက်ဖြစ်တဲ့ Monitoring လေ့လာစောင့်ကြည့်ရေး ကော်မတီ ဖွဲ့ဖို့ကိစ္စဖြစ်တဲ့ စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေမှာ အစောင့်အကြပ်ရုံးထားရှိ ဖို့ အတွက် နှစ်ဦးနှစ်ဘက် သဘောတူညီထားပြီး ဒီအဖွဲ့မှာ KIO အဖွဲ့တွေလည်း ပါဝင်မှာဖြစ်သလို အစိုးရ ဘက်ကလူတွေနဲ့ အရပ်သား ရပ်မိရပ်ဖတွေနဲ့လည်း ပါဝင် ဖွဲ့စည်းသွား မှာ ဖြစ်တယ် လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment