Monday 24 June 2013

ပုဂ္ဂလိ က ပိုင် ကျွန်းစိုက် ခင်းကြောင့် မြေဧက ၁ဝဝ ခန့် သိမ်းဆည်း ခံရဟုဆို

Photo: ပုဂ္ဂလိကပိုင် ကျွန်းစိုက်ခင်းကြောင့် မြေဧက ၁ဝဝ ခန့် သိမ်းဆည်းခံရဟုဆို
Monday, June 24, 2013

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကပိုင်ကျေးရွာအုပ်စုမှ လယ်သမားများပိုင်ဆိုင်သောမြေများတွင် ပုဂ္ဂလိ ကပိုင် သစ်မာစိုက်ခင်း စီမံကိန်း လာရောက်လုပ်ကိုင်မှုကြောင့် လယ်သမားများ ပိုင်ဆိုင် သည့် မြေ များ အသိမ်းခံနေရ ကြောင်း ကပိုင်ကျေးရွာ ဒေသခံများကမဇ္ဈိမသို့ ပြော သည်။

ယင်း သစ်မာစိုက်ခင်းစီမံကိန်းကို Crude Ocean ရေနံကုမ္ပဏီမှ လုပ်ကိုင်ခြင်းဖြစ်ပြီး ယင်းမြေများကို ယခုနှစ် အတွင်းကမှ သိမ်း ယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများ၏ ပြောစကားအရ သိရသည်။ ယင်းစီမံကိန်းတွင်ဒေသခံလယ် သမား ၃၂ ဦး၏ မြေဧက ၁ဝဝ ခန့် ပါဝင်နေသည်ဟုလည်း ဒေသခံ လယ်သမားများက ပြောသည်။

ကပိုင်ကျေးရွာမှ မြေနှစ်ဧက အသိမ်းခံ ရသူ ဦးသောင်းခင်က ''ကျွန်တော်တို့ မိုး ရာသီမှာ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း စိုက်လို့ရတဲ့ တောင်ကုန်းမြေတွေကို ကျွန်း၊ သစ်မာ စိုက်ခင်းအတွက်ဆိုပြီး ပေါင်းရှင်းလင်းနေကြပါပြီ။ ဓ ဟု ပြောကြား သည်။

အသိမ်းခံထားရသော မြေများသည် ပိုင်ဆိုင်မှုအထောက်အထား ရှိသော မြေ များ ရှိသကဲ့သို့ ပိုင်ဆိုင်မှု အထောက် အထားမရှိ သော မြေများလည်း ရှိသည်ဟု လယ်သမားတို့က ဆိုသည်။

ယင်းမြေများမှာ နွားစာကျက် မြေ၊ ပဲစိုက်ခင်းမြေများပါဝင်ပြီး အမည် ပေါက် မရှိသော မြေအချို့မှာ ဘိုးဘွားအစဉ် ဆက်လုပ် ကိုင်ခဲ့သော မြေများဖြစ်၍ အဆိုပါ စီမံကိန်း လုပ်ကိုင်ခြင်းကို မကွေးတိုင်း သစ်တောဦးစီးဌာ န ညွှန်ကြား ရေးမှူး ထံသို့ ကန့်ကွက်အကြောင်းကြားစာ ပေးပို့ သွားမည်ဖြစ်သည်ဟုလည်း ဦးသောင်းခင်က ပြောသည်။

အဆိုပါ ပုဂ္ဂလိကပိုင် ကျွန်း သစ်မာ စိုက်ခင်းစီမံကိန်းနှင့် ပတ်သက်၍ crude ocean ရေနံကုမ္ပဏီသည်နေပြည်တော် သစ်တောဦးစီးဌာနမှ တရား ဝင်ခွင့်ပြုချက် ရရှိထားသည်ဟုသိရပြီး စီမံကိန်းအတွက် ယခုအချိန်တွင် စတင်နေပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်လေးက ဆိုသည်။

၎င်းက ''သစ်တောဦးစီးရဲ့ ညွှန်ကြား ချက်တွေထဲကအတိုင်း စိုက်ခင်းထဲမှာ လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေပါမယ် ဆိုရင် ချန်လှပ်ထားခဲ့ရမယ်လို့ ပါပါတယ်။ ဒီအတွက် ကိုလည်း စီမံကိန်းထဲပါနေတဲ့ လယ်သမား တွေရဲ့ မြေတွေအတွက် မြို့နယ်သစ်တောဦးစီးမှူးတွေနဲ့ စာရင်း ကောက်ယူပြီး ချန်လှပ်ထားပေး သွားမှာပါ'' ဟု ဦးတင်လေးက ဆက်ပြောသည်။

လယ်သမားများ လုပ်ကိုင်စားသောက် နေသောမြေများကို ချန်လှပ် ထားပေးမည်ဟု ဆိုသော်လည်း လယ်သမားတို့ ပိုင်မြေ များပေါ် တွင် ပေါင်း ရှင်း၍ စီမံကိန်းစတင်ပြုလုပ်နေ ပြီဖြစ်ကြောင်း ဦးသောင်းခင်က ဆိုသည်။

၎င်းက ''လျော်ကြေးငွေလည်း မရဘူး။ မိုးရာသီ ရောက်ပြီဖြစ်တဲ့အတွက် ပဲတွေ၊ နှမ်းတွေ မစိုက်ရတော့ဘူး။ ဒီအ ကျိုးဆက်ကြောင့် မိသားစုတွေရဲ့ စားဝတ်နေရေး ကို အခက်အခဲဖြစ်စေတယ်။ ဒီမြေတွေဟာ ကာလပေါက်ဈေး အားဖြင့် တစ်ဧကကို ၁ဝသိန်း လောက်တန်တယ်။'' ဟု ဆက်ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ် သက်ပြီး မကွေးတိုင်း သစ်တော စီမံကိန်းညွှန်ကြားရေး မှူး ဦးမြင့်သိန်း က လယ်သမားများ၏ လုပ်ကိုင်စား သောက်နေသော မြေများဆိုပါက ချန်လှပ်ထားခဲ့မည်ဖြစ်ပြီး စီမံကိန်းအတွက်လုပ်ကိုင်ရန် သင့်မသင့် စီစစ်နေဆဲအနေအထားတွင် ရှိကြောင်း ဆိုသည်။

၎င်းးက ''ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးအတွက် အဓိက ထားလုပ်ဆောင် တာ ဖြစ်တဲ့အတွက် ဒီဒေသမှာ သစ်ပင်ကြီးတွေ ပေါပေါများများ ရှိနေတယ် ဆိုရင် ဒိစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့် အထက်ကို တင်ပြပေး သွားမှာပါ။ စီမံကိန်း အကောင် အထည်ဖော်ဖြစ်ရင်တောင် လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့မြေတွေကိုတော့ ချန်လှပ်ထားခဲ့မှာပါ'' ဟု မဇ္ဈိမကိုပြောသည်။

လယ်သမားတို့ ဘိုးဘွားအစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော မြေများကို ယခုကဲ့သို့ စီမံကိန်းများ လာရောက် လုပ်ကိုင်နေမှုကြောင့် လယ်သမားတို့ အခွင့်အရေးများ လုပ်ပိုင်ခွင့်မြေများ ဆုံးရှုံးနေရသဖြင့် စီမံကိန်း အတွင်း ပါဝင်နေသော အမည်ပေါက် မရှိသော လယ်သမားတို့၏ မြေများကို မြေ ယာမှတ်ပုံတင်ပေးခြင်း၊ အဆိုပါ စီမံကိန်းကို လယ်သမားတို့မှ အလိုမရှိကြောင်း ကန့်ကွက်ခြင်းတို့ကို ကူညီဆောင် ရွက် ပေးသွား မည်ဖြစ်သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ကူညီ ဆောင်ရွက် ပေးနေ သူ မြစ်ဧရာ လူမှုကွန်ရက်မှ အတွင်းရေးမှူး ဦးအောင်ကျော်ကျော် က ဆိုသည်။
Mizzima News
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကပိုင်ကျေးရွာအုပ်စုမှ လယ်သမားများ ပိုင်ဆိုင်သောမြေ များတွင် ပုဂ္ဂလိကပိုင် သစ်မာစိုက်ခင်း စီမံကိန်း လာရောက်လုပ်ကိုင်မှုကြောင့် လယ်သမားများ ပိုင်ဆိုင် သည့် မြေ များ အသိမ်းခံနေရ ကြောင်း ကပိုင်ကျေးရွာ ဒေသခံများကမဇ္ဈိမသို့ ပြော သည်။
ယင်း သစ်မာစိုက်ခင်းစီမံကိန်းကို Crude Ocean ရေနံကုမ္ပဏီမှ လုပ်ကိုင်ခြင်းဖြစ်ပြီး ယင်းမြေများကို ယခုနှစ် အတွင်းကမှ သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများ၏ ပြောစကားအရ သိရသည်။ ယင်းစီမံ ကိန်းတွင်ဒေသခံလယ် သမား ၃၂ ဦး၏ မြေဧက ၁ဝဝ ခန့် ပါဝင်နေသည်ဟုလည်း ဒေသခံ လယ်သမား များက ပြောသည်။

ကပိုင်ကျေးရွာမှ မြေနှစ်ဧကအသိမ်းခံရသူ ဦးသောင်းခင်က ''ကျွန်တော်တို့ မိုးရာသီမှာပဲတီစိမ်း၊ ပဲ စင်းငုံ၊ နှမ်း စိုက် လို့ရတဲ့ တောင်ကုန်းမြေတွေကို ကျွန်း၊ သစ်မာ စိုက်ခင်းအတွက် ဆိုပြီး ပေါင်းရှင်း လင်းနေကြပါပြီ။ '' ဟု ပြောကြား သည်။

အသိမ်းခံထားရသော မြေများသည် ပိုင်ဆိုင်မှုအထောက်အထား ရှိသော မြေ များ ရှိသကဲ့သို့ ပိုင်ဆိုင်မှု အထောက် အထားမရှိ သော မြေများလည်း ရှိသည်ဟု လယ်သမားတို့က ဆိုသည်။

ယင်းမြေများမှာ နွားစာကျက် မြေ၊ ပဲစိုက်ခင်းမြေများပါဝင်ပြီး အမည် ပေါက်မရှိသော မြေအချို့မှာ ဘိုးဘွား အစဉ် ဆက်လုပ်ကိုင်ခဲ့သော မြေများဖြစ်၍ အဆိုပါ စီမံကိန်း လုပ်ကိုင်ခြင်းကို မကွေးတိုင်း သစ်တောဦးစီးဌာ န ညွှန်ကြား ရေးမှူး ထံသို့ ကန့်ကွက်အကြောင်းကြားစာ ပေးပို့ သွားမည်ဖြစ်သည်ဟု လည်း ဦးသောင်းခင်က ပြောသည်။

အဆိုပါ ပုဂ္ဂလိကပိုင် ကျွန်း သစ်မာ စိုက်ခင်းစီမံကိန်းနှင့် ပတ်သက်၍ crude ocean ရေနံ ကုမ္ပဏီသည်နေပြည်တော် သစ်တောဦးစီးဌာနမှ တရား ဝင်ခွင့်ပြုချက် ရရှိထားသည်ဟုသိရပြီး စီမံကိန်း အတွက် ယခုအချိန်တွင် စတင်နေပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်လေးက ဆိုသည်။

၎င်းက ''သစ်တောဦးစီးရဲ့ ညွှန်ကြား ချက်တွေထဲကအတိုင်း စိုက်ခင်းထဲမှာ လယ်သမားတွေ လုပ်ကိုင် စားသောက်နေ တဲ့ မြေတွေပါမယ် ဆိုရင် ချန်လှပ်ထားခဲ့ရမယ်လို့ ပါပါတယ်။ ဒီအတွက် ကိုလည်း စီမံကိန်း ထဲပါနေတဲ့ လယ်သမား တွေရဲ့ မြေတွေအတွက် မြို့နယ်သစ်တောဦးစီးမှူးတွေနဲ့ စာရင်း ကောက်ယူပြီး ချန်လှပ်ထားပေး သွားမှာပါ'' ဟု ဦးတင်လေးက ဆက်ပြောသည်။

လယ်သမားများ လုပ်ကိုင်စားသောက် နေသောမြေများကို ချန်လှပ် ထားပေးမည်ဟု ဆိုသော်လည်း လယ်သမားတို့ ပိုင်မြေ များပေါ် တွင် ပေါင်း ရှင်း၍ စီမံကိန်းစတင်ပြုလုပ်နေ ပြီဖြစ်ကြောင်း ဦးသောင်းခင်က ဆိုသည်။

၎င်းက ''လျော်ကြေးငွေလည်း မရဘူး။ မိုးရာသီ ရောက်ပြီဖြစ်တဲ့အတွက် ပဲတွေ၊ နှမ်းတွေ မစိုက်ရတော့ဘူး။ ဒီအ ကျိုးဆက်ကြောင့် မိသားစုတွေရဲ့ စားဝတ်နေရေး ကို အခက်အခဲဖြစ်စေတယ်။ ဒီမြေတွေဟာ ကာလပေါက်ဈေး အားဖြင့် တစ်ဧကကို ၁ဝသိန်း လောက်တန်တယ်။'' ဟု ဆက်ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး မကွေးတိုင်းသစ်တောစီမံကိန်းညွှန်ကြားရေးမှူး ဦးမြင့်သိန်း က လယ်သမား များ၏ လုပ်ကိုင်စား သောက်နေသော မြေများဆိုပါက ချန်လှပ်ထားခဲ့မည်ဖြစ်ပြီး စီမံကိန်းအတွက် လုပ်ကိုင် ရန် သင့်မသင့် စီစစ်နေဆဲအနေအထားတွင် ရှိကြောင်း ဆိုသည်။

၎င်းးက ''ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးအတွက် အဓိက ထားလုပ်ဆောင် တာ ဖြစ်တဲ့အတွက် ဒီဒေသ မှာ သစ်ပင်ကြီးတွေ ပေါပေါများများ ရှိနေတယ် ဆိုရင် ဒိစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့် အထက်ကို တင်ပြပေး သွားမှာပါ။ စီမံကိန်း အကောင်အထည်ဖော်ဖြစ်ရင်တောင် လယ်သမားတွေ လုပ်ကိုင် စားသောက်နေ တဲ့မြေတွေကိုတော့ ချန်လှပ်ထားခဲ့မှာပါ'' ဟု မဇ္ဈိမကိုပြောသည်။

လယ်သမားတို့ ဘိုးဘွားအစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော မြေများကို ယခုကဲ့သို့ စီမံကိန်းများ လာရောက် လုပ်ကိုင်နေမှုကြောင့် လယ်သမားတို့ အခွင့်အရေးများ လုပ်ပိုင်ခွင့်မြေများ ဆုံးရှုံးနေရသဖြင့် စီမံကိန်းအတွင်းပါဝင်နေသော အမည်ပေါက်မရှိသော လယ်သမားတို့၏ မြေများကို မြေယာမှတ်ပုံ တင်ပေးခြင်း၊ အဆိုပါ စီမံကိန်းကို လယ်သမားတို့မှ အလိုမရှိကြောင်း ကန့်ကွက်ခြင်းတို့ကို ကူညီဆောင် ရွက် ပေးသွားမည်ဖြစ်သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ကူညီ ဆောင်ရွက်aပးနေ သူ မြစ်ဧရာ လူမှု ကွန်ရက် မှ အတွင်းရေးမှူး ဦးအောင်ကျော်ကျော် က ဆိုသည်။
Mizzima News

No comments:

Post a Comment