Monday 24 June 2013

မြို့ ပတ် ရထား ခရီး စဉ် များ ကို သုံးစွဲ သူများ များပြား လာ

Photo: မြို့ပတ်ရထား ခရီးစဉ်များကို သုံးစွဲသူများ များပြားလာ 
Monday, June 24, 2013

ရန်ကုန်မြို့ အနှံ့ ယာဉ်ကြောပိတ်ဆို့ နေမှုနှင့် အချိန်ပေး ခရီးသွားလာ နေရမှုများကြောင့် မြို့ပတ်ရထား ခရီး စဉ်များကို ရန်ကုန်မြို့ခံများ ပိုမို အသုံးပြုလာသော်လည်း  မြို့ပတ် ရထားလမ်းများနှင့် ရန်ကုန်မြို့၏ လူနေ ထူထပ်သည့်

ရပ်ကွက်များ အကြား ခရီးကွာလှမ်း နေမှုများမှာ ရထားစီးနင်းရန် အတွက် အဟန့်အတား ကြီးမားနေကြောင်း ရန်ကုန်မြို့ခံ များက ပြောကြားခဲ့သည်။

''ရန်ကုန်မြို့ထဲကို မြို့သစ်တွေကပဲ လာလာ၊ မြို့ပတ်ကပဲ သွားသွား ယာဉ်နည်းနည်း ချောင်မယ်လို့ မှန်းဆ ရတဲ့ မနက်စောစောနဲ့  ညနှောင်းပိုင်းလောက်ပဲ  ပုံမှန်ကြာချိန်ကို မှန်းဆလို့ ရတော့ တယ်။ မဟုတ်ရင်တော့ အနည်းဆုံး ကားပေါ်မှာ တစ်နာရီခွဲ နှစ်နာရီနီးပါး ငုတ်တုတ် မေ့နေတာပဲ။ ရန်ကုန်ဘူတာ ကြီးကနေ ပါရမီ ဘူတာ (တောင်ဥက္ကလာ)ကို ရထားစီးရင် နာရီဝက်နဲ့ ရောက်ပြီ။ ဆူးလေနဲ့ တောင်ဥက္ကလာ ပါရမီဝင်းကို ဘာကားစီးစီး အနည်းဆုံး အချိန် မိနစ် ၉ဝ ပေးရမယ်။ ဘယ်လောက် ကွာသလဲ။ ဒါပေမဲ့ ပါရမီ ဘူတာနဲ့ တောင်ဥက္ကလာ၊ မြောက်ဒဂုံက အဓိက ရထားစီးပြီး ခရီး သွားချင်သူတွေ နေထိုင်တဲ့ နေရာတွေက လှမ်းနေ တဲ့ အတွက် ဘူတာကို ရထားချိန် အမီလာဖို့ ခက်နေပြန်ရော'' ဟု တောင်ဥက္ကလာပ မြို့နယ်  မြင်သာဈေး အနီးတွင် နေထိုင်သော ဦးဝင်း ထွဋ်က ပြောကြားခဲ့သည်။

''လက်ရှိ အချိန်မှာ ရထားစီးနင်း လူတွေ၊ စမ်းသပ်စီးနင်း ချင်တဲ့လူတွေ များလာတဲ့ အတွက် မြန်မာ့ မီးရထား အနေနဲ့ကလည်း ရထား ခရီးစဉ်တွေ မပျောက်အောင်၊  ရထား ခေါက်ရေတွေ တိုးပြီးေ တာ့ ဆွဲနိုင် အောင် လုပ်ဆောင်ပေးစေ လိုပါတယ်'' ဟု တရားလွှတ်တော် ရှေ့နေ  ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ပင် ရထားလမ်း ကွန်ရက်နှင့်နီးသည့် ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မင်္ဂလာ တောင်ညွန့် မြို့နယ်၊ အလုံမြို့နယ်၊ ကမာရွတ် မြို့နယ်တို့၌ နေသော  ရန်ကုန်သားများ အနေဖြ င့် ရထား ခရီးစဉ် များကို ပိုမိုအားထား စီးနင်းလာကြကြောင်း သိရသည်။ ယင်းကဲ့သို့  ရထားကို အားထား စီးနင်းလိုသူ များ ပြားလာသည့် အတွက် မြို့ပတ်ရထား ခရီးစဉ် အတွင်း အထူး တွဲဆိုင်း များကိုလည်း ၁၁ ဆိုင်း အထိ တိုးချဲ့ ပြေးဆွဲနေကြောင်း   မြန်မာ့ မီးရထားမှ သိရသည်။

မြ၀တီ
ရန်ကုန်မြို့ အနှံ့ ယာဉ်ကြောပိတ်ဆို့ နေမှုနှင့် အချိန်ပေး ခရီးသွား လာ နေရမှုများကြောင့် မြို့ပတ်ရထား ခရီး စဉ် များ ကို ရန်ကုန်မြို့ခံများ ပိုမို အသုံးပြုလာသော်လည်း မြို့ပတ် ရထားလမ်းများနှင့် ရန်ကုန်မြို့၏ လူနေ ထူထပ်သည့် ရပ်ကွက်များ အကြား ခရီးကွာလှမ်း နေမှုများမှာ ရထားစီးနင်းရန်အတွက် အဟန့် အတား ကြီးမားနေကြောင်း ရန်ကုန်မြို့ခံများက ပြောကြား ခဲ့သည်။

''ရန်ကုန်မြို့ထဲကို မြို့သစ်တွေကပဲ လာလာ၊ မြို့ပတ်ကပဲ သွားသွား ယာဉ်နည်းနည်း ချောင်မယ်လို့ မှန်းဆ ရတဲ့ မနက်စောစောနဲ့ ညနှောင်း ပိုင်းလောက်ပဲ ပုံမှန်ကြာချိန်ကို မှန်းဆလို့ ရတော့ တယ်။ မဟုတ်ရင်တော့ အနည်းဆုံး ကားပေါ်မှာ တစ်နာရီခွဲ နှစ်နာရီနီးပါး ငုတ်တုတ် မေ့နေတာပဲ။ ရန်ကုန်ဘူတာ ကြီးကနေ ပါရမီ ဘူတာ (တောင်ဥက္ကလာ)ကို ရထားစီးရင် နာရီဝက်နဲ့ ရောက်ပြီ။ ဆူးလေနဲ့ တောင်ဥက္ကလာ ပါရမီဝင်းကို ဘာကားစီးစီး အနည်းဆုံး အချိန် မိနစ် ၉ဝ ပေးရမယ်။ ဘယ်လောက် ကွာသလဲ။ ဒါပေမဲ့ ပါရမီ ဘူတာနဲ့ တောင်ဥက္ကလာ၊ မြောက်ဒဂုံက အဓိက ရထားစီးပြီး ခရီး သွားချင်သူတွေ နေထိုင်တဲ့ နေရာတွေက လှမ်းနေ တဲ့ အတွက် ဘူတာကို ရထားချိန် အမီလာဖို့ ခက်နေပြန်ရော'' ဟု တောင်ဥက္ကလာပ မြို့နယ် မြင် သာဈေး အနီးတွင် နေထိုင်သော ဦးဝင်း ထွဋ်က ပြောကြားခဲ့သည်။

''လက်ရှိ အချိန်မှာ ရထားစီးနင်း လူတွေ၊ စမ်းသပ်စီးနင်း ချင်တဲ့လူတွေ များလာတဲ့ အတွက် မြန်မာ့ မီးရထား အနေနဲ့ကလည်း ရထား ခရီးစဉ်တွေ မပျောက်အောင်၊ ရထား ခေါက်ရေတွေ တိုးပြီးေ တာ့ ဆွဲနိုင် အောင် လုပ်ဆောင်ပေးစေ လိုပါတယ်'' ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်ခိုင် က ပြောကြားခဲ့ သည်။

ယင်းကဲ့သို့ပင် ရထားလမ်း ကွန်ရက်နှင့်နီးသည့် ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မင်္ဂလာ တောင် ညွန့် မြို့နယ်၊ အလုံမြို့နယ်၊ ကမာရွတ် မြို့နယ်တို့၌ နေသော ရန်ကုန်သားများ အနေဖြ င့် ရထား ခရီးစဉ် များကို ပိုမိုအားထား စီးနင်းလာကြကြောင်း သိရသည်။ ယင်းကဲ့သို့ ရထားကို အားထား စီးနင်းလိုသူ များ ပြားလာသည့် အတွက် မြို့ပတ်ရထား ခရီးစဉ် အတွင်း အထူး တွဲဆိုင်း များကိုလည်း ၁၁ ဆိုင်း အထိ တိုးချဲ့ ပြေး ဆွဲနေကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
မြ၀တီ

No comments:

Post a Comment