Friday 10 May 2013

ယာဉ်တိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ

၉-၅-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရာဘာများတင်ဆောင်လာသော မိုင်တိုင်အမှတ်(၁၅/၇-၀)ကြားတွင် မုဒုံမှမော်လမြိုင် သို့ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်နေ မခင်စန်းဝင်း (၂၉)နှစ် မောင်းနှင်သည့် ရာဘာများတင်ဆောင် လာသော ဏ/xxxx ဟိုင်းလတ်အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောကျာရှိ လမ်းသွယ်သို့ ရုတ်တရက်ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာနေ ရဲအောင်စိုး (၂၁)နှစ် နေသူ စီးနင်းပြီး ကျောက်တစ်လုံးကျေးရွာ၊ ၀င်းစိန်တောရကျောင်းဝင်း၊ ၀တ်ကျောင်းတော်နေ ဥူးစုန္ဒန၊ရ (၃၇)နှစ် (၃)၀ါ (ဖ)ဦးအောင်သန်း ၀င်းစိန်တောရကျောင်းဝင်း ၀တ်ကျောင်းတော် ကျောက် တစ်လုံးကျေးရွာ နေသူလိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ ဟိုင်းလတ်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက် တိုက်မိခဲ့သည်။့

ယာဉ်တိုက်မှုကြောင့် ဥူးစုန္ဒန၊ရတွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ နား/နှာခေါင်းသွေးထွက်၊ မျက်နှာ ပွန်းပဲ့ဒဏ်ရာမျာား(စိုးရိမ်ရ)နှင့် ရဲအောင်စိုးတွင် ၀ဲဂျိုစောင်းဖူးရောင်၊ ယာလက်ခုံပွန်းပဲ့၊ ယာဒူးခေါင်းပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့သဖြင့်၊ မုဒုံဆေးရုံသို့တင်ပို့ကုသခဲ့ကာ မခင်စန်းဝင်းနှင့် ရဲအောင်စိုးတို့အား။ ၂၀၃၀ ချိန် ယာဉ်မောင်း မခင်စန်းဝင်းနှင့် ရဲအောင်စိုးတို့အား မုဒုံရဲစခန်းယာဉ်(ပ)၂၀/ ၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈(ပေါ့လျော့မှုကြောင့်သာမန်/ပြင်းထန်နာကျင်စေမှု)အရဖြင့် အမှုဖွင့် စစ်ဆေး လျက် ရှိကြောင်းသိရ။အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment