Friday 10 May 2013

မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်

Photo: မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်
Friday, May 10, 2013

မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နည်းပြသစ်ကို အမြန်ဆုံး အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရေပန်းစားနေသည့်အတိုင်း စကော့တလန်သား တစ်ဦးပင်ဖြစ်သည့် ဒေးဗစ်မိုယက်စ်အား ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသတင်းကို မန်ယူအသင်း ၀က်ဘ်ဆိုက်တွင် အတည်ပြု ကြေညာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိဘဲ (၆) နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် လာမည့်ဇူလိုင် လ(၁)ရက်နေ့တွင် စတင်တာဝန်ယူရမည် ဖြစ်ကြောင်းသာ ပါရှိခဲ့သည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဖာဂူဆန်၏ ထောက်ခံချက်အရ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုအပြောင်းအလဲအတွက် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန်ကလည်း ထောက်ခံခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းသည် အသင်းသမိုင်း တစ်လျောက် ဗြိတိန်နည်းပြများကိုသာ ခန့်အပ်ခဲ့သည့် အသင်းအဖြစ်လည်း ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မိုယက်စ်မှာ မန်ယူအသင်း၏ (၇) ဦးမြောက် စကော့တလန် နည်းပြဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ဒေးဗစ်မိုယက်စ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖာဂူဆန်က “နည်းပြသစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ မိုယက်စ်ဟာ အသင့်တော်ဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် ၁၉၉၈ ကတည်းက လက်ထောက်နည်းပြလုပ်ဖို့ ချဉ်းကပ်ခဲ့ ဖူးပါတယ်။ သူဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီတဲ့ နည်းပြတစ်ဦးဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ်မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

မိုယက်စ်ကလည်း “မန်ယူ နည်းပြရာထူးဟာ ကျွန်တော်နဲ့သင့်လျော်တယ်လို့ ဖာဂူဆန်က ထောက်ခံချက် ပေးခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ သူ့လို အကောင်းဆုံး နည်းပြတစ်ဦးရဲ့ ခြေရာကို နင်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုယက်စ်က ၎င်းအား လမ်းခွဲခွင့်ပြုခဲ့သည့် အဲဗာတန် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ ပရိသတ်များကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပြီး နောက်ဆုံးလက်ကျန် (၂) ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိအောင် စွမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ အဲဗာတန်အသင်းကို အမြဲအမှတ်ရနေမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့သည်။

ဒေးဗစ်မိုယက်စ်(Factfile)

အမည်အပြည့်အစုံ - ဒေးဗစ်ဝီလီယမ်မိုယက်စ်

မွေးနေ့ - ၂၅-၄-၁၉၆၃(၅၀ နှစ်)

နိုင်ငံ - စကော့တလန်

ကိုင်တွယ်ခဲ့သည့်အသင်းများ - ပရက်စတန်(၁၉၉၈-၂၀၀၂)၊ အဲဗာတန်(၂၀၀၂-၂၀၁၃)

နည်းပြဘ၀အောင်မြင်မှု - အင်္ဂလန်ဒုတိယတန်း ချန်ပီယံ (၁၉၉၉-၂၀၀၀၊ ပရက်စတန်နှင့်)

တစ်ဦးချင်းအောင်မြင်မှု - LMA တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု (၂၀၀၂-၀၃၊ ၂၀၀၄-၀၅၊ ၂၀၀၈-၀၉)


Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန်အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူး အတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နည်းပြသစ်ကို အမြန်ဆုံးအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရေပန်းစားနေသည့်အတိုင်း စကော့တလန်သား တစ်ဦးပင်ဖြစ်သည့် ဒေးဗစ်မိုယက်စ်အား ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခု သတင်းကို မန်ယူအသင်းဝက်ဘ်ဆိုက်တွင် အတည်ပြု ကြေညာခဲ့သော်လည်း အသေးစိတ် အချက် အလက်များကိုမူ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိဘဲ (၆) နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် လာမည့် ဇူလိုင် လ(၁)ရက်နေ့တွင် စတင်တာဝန်ယူ ရမည် ဖြစ်ကြောင်း သာ ပါရှိခဲ့သည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဖာဂူဆန်၏ ထောက်ခံချက်အရ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုအပြောင်းအလဲအတွက် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန် ကလည်း ထောက်ခံ ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းသည် အသင်းသမိုင်း တစ်လျောက် ဗြိတိန် နည်းပြများ ကိုသာ ခန့်အပ်ခဲ့သည့် အသင်းအဖြစ်လည်း ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မိုယက်စ်မှာ မန်ယူအသင်း၏ (၇) ဦးမြောက် စကော့တလန် နည်းပြဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ဒေးဗစ်မိုယက်စ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖာဂူဆန်က “နည်းပြသစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ မိုယက်စ်ဟာ အသင့်တော်ဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် ၁၉၉၈ ကတည်းက လက်ထောက်နည်းပြလုပ်ဖို့ ချဉ်းကပ်ခဲ့ ဖူးပါတယ်။ သူဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီတဲ့ နည်းပြတစ်ဦး ဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ်မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

မိုယက်စ်ကလည်း “မန်ယူ နည်းပြရာထူးဟာ ကျွန်တော်နဲ့သင့်လျော်တယ်လို့ ဖာဂူဆန် က ထောက်ခံ ချက်ပေးခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ဆုလာဘ်တစ်ခု ပါပဲ။ သူ့လိုအကောင်းဆုံး နည်းပြတစ်ဦးရဲ့ ခြေရာကို နင်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာလည်း ကျွန်တော် နားလည် ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုယက်စ်က ၎င်းအား လမ်းခွဲခွင့်ပြုခဲ့သည့် အဲဗာတန် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ ပရိသတ်များကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပြီး နောက်ဆုံးလက်ကျန် (၂) ပွဲတွင် အကောင်းဆုံး ရလဒ်များ ရရှိအောင် စွမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ အဲဗာတန်အသင်းကို အမြဲအမှတ် ရနေ မည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့သည်။

ဒေးဗစ်မိုယက်စ်(Factfile)

အမည်အပြည့်အစုံ - ဒေးဗစ်ဝီလီယမ်မိုယက်စ်

မွေးနေ့ - ၂၅-၄-၁၉၆၃(၅၀ နှစ်)

နိုင်ငံ - စကော့တလန်

ကိုင်တွယ်ခဲ့သည့်အသင်းများ - ပရက်စတန်(၁၉၉၈-၂၀၀၂)၊ အဲဗာတန်(၂၀၀၂-၂၀၁၃)

နည်းပြဘ၀အောင်မြင်မှု - အင်္ဂလန်ဒုတိယတန်း ချန်ပီယံ (၁၉၉၉-၂၀၀၀၊ ပရက်စတန်နှင့်)

တစ်ဦးချင်းအောင်မြင်မှု - LMA တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု (၂၀၀၂-၀၃၊ ၂၀၀၄-၀၅၊ ၂၀၀၈-၀၉)


Eleven Media Group

No comments:

Post a Comment