Friday 10 May 2013

၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်

Photo: ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်
Friday, May 10, 2013

ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေများ ပေါ်တွင်
ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ် မိုးရာသီတွင် မိုးစပါး စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြေးနီတောင်စီမံကိန်း နယ်မြေထဲတွင် ရောက်ရှိနေကြသော လယ်သမားများပိုင် လယ်မြေများ ပေါ်တွင် လယ်ထွန်ခြင်း ၊ လယ်စောင့်တဲ ဆောက်လုပ်ခြင်းများကို ဒေသဆိုင်ရာ အာဏာပိုင်များမှ တင်းကြပ်စွာ တားမြစ်ထားသော်လည်း ယခုမိုးရာသီတွင် မဖြစ်မနေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်တည်းကျေးရွာ မှ လယ်စိုက်သူ ဦးမင်းမင်းကဆိုသည် ။

လယ် ၁၃ ဧကပိုင်ဆိုင်သူ ဦးမင်းမင်း က “ လယ်မြေတွေက စီမံကိန်းထဲ ပါနေတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် လယ်မြေပေါ်မှာ ထွန်ယက်တာကိုတောင် တားဆီးနေကြတယ် ။ လယ်မစိုက်ရရင် မိသားစု စားဝတ်နေရေးတွေ အခက်အခဲတွေ့ပြီး ကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး အခြေအနေတွေ စိုးရိမ်နေရတယ် " ဟု ရှင်းပြသည် ။

ကြေးနီတောင် စီမံကိန်းနယ်မြေ တွင် မြေဧကပေါင်း ၇၈၀၀ ကျော်ပါဝင်နေပြီး မိမိပိုင် လယ်မြေ၊ ယာမြေများ တွင် ထွန်ယက် စိုက်ပျိုးရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်၍ လယ်မြေထွန်ယက်ခြင်း ၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့်များ ကို တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင်
ကျေးရွာ မှ ဒေါ်ရီရီမြင့် က ရှင်းပြသည်။ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍

ကြေးနီတောင် စီမံကိန်း နယ်မြေတွင် မြေဧကပေါင်း ၇၈၀၀ကျော် ပါဝင်နေပြီး ပုဒ်မ ၁၄၄ထုတ်ပြန် ထားသည့် နယ်မြေဖြစ်၍ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍ လယ်မြေထွန်ယက်ခြင်း၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့် များကို ဒေသခံအုပ်ချူပ်ရေးမှူးများမှ တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင် ကျေးရွာမှ
ဒေါ်ရီရီမြင့်က ရှင်းပြသည်။

လယ်ယာစိုက်ပျိုးခွင့်ကို ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ လယ်ယာစိုက်ပျိုးမှုများကို ယခုနှစ် မိုးရာသီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တောင်သူများက တညီတညွှတ်ထဲ ဆိုကြသည်။

ကြေးနီတောင် စီမံကိန်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် သဘောတူ စာချူပ်ချူပ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအစိုးရ၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့်စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့မှ ဥပဒေဘောင် အတွင်းမှ မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆားလင်းကြီးမြို့နယ် ရှင်မတောင် ဆရာတော် အရှင်က၀ိန်ဒက မိန့်ကြားခဲ့သည်။

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် လယ်မြေများ သိမ်းခံရသော လယ်သမားများကို လယ်တစ်ဧက လျှင် ၁၅ သိန်းပေးလျော်သော်လည်း လျော်ကြေးငွေမယူသော တောင်သူလယ်သမားလည်း ရှိကြောင်း ဆားလင်းကြီး ကျေးရွာဒေသခံများ ကဆိုသည်။

Mizzima
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေ များ ပေါ် တွင် ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

ကြေးနီတောင်စီမံကိန်း နယ်မြေထဲတွင် ရောက်ရှိနေကြသော လယ်သမားများပိုင် လယ်မြေများ ပေါ်တွင် လယ်ထွန်ခြင်း ၊ လယ်စောင့်တဲ ဆောက်လုပ်ခြင်းများကို ဒေသဆိုင်ရာ အာဏာပိုင်များမှ တင်းကြပ်စွာ တားမြစ်ထားသော်လည်း ယခုမိုးရာသီတွင် မဖြစ်မနေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်တည်းကျေးရွာ မှ လယ်စိုက်သူ ဦးမင်းမင်းကဆိုသည် ။

လယ် ၁၃ ဧကပိုင်ဆိုင်သူ ဦးမင်းမင်း က “ လယ်မြေတွေက စီမံကိန်းထဲ ပါနေတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့အတွက် လယ်မြေပေါ်မှာ ထွန်ယက်တာကိုတောင် တားဆီးနေကြတယ် ။ လယ်မစိုက်ရရင် မိသားစု စားဝတ်နေရေးတွေ အခက်အခဲတွေ့ပြီး ကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး အခြေအနေတွေ စိုးရိမ်နေရတယ် " ဟု ရှင်းပြသည် ။

ကြေးနီတောင် စီမံကိန်းနယ်မြေ တွင် မြေဧကပေါင်း ၇၈၀၀ ကျော်ပါဝင်နေပြီး မိမိပိုင် လယ်မြေ၊ ယာမြေများ တွင် ထွန်ယက် စိုက်ပျိုးရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်၍ လယ်မြေထွန်ယက်ခြင်း ၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့်များ ကို တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင်
ကျေးရွာ မှ ဒေါ်ရီရီမြင့် က ရှင်းပြသည်။ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍

ကြေးနီတောင် စီမံကိန်း နယ်မြေတွင် မြေဧကပေါင်း ၇၈၀၀ကျော်ပါဝင်နေပြီး ပုဒ်မ ၁၄၄ထုတ်ပြန် ထားသည့် နယ်မြေဖြစ်၍ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍ လယ်မြေထွန်ယက်ခြင်း၊ လယ်စောင့် တဲများ ဆောက်လုပ်ခွင့်များကို ဒေသခံအုပ်ချူပ်ရေးမှူးများမှ တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင် ကျေးရွာမှဒေါ်ရီရီမြင့်က ရှင်းပြသည်။

လယ်ယာစိုက်ပျိုးခွင့်ကို ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ လယ်ယာစိုက်ပျိုးမှုများကို ယခုနှစ် မိုးရာသီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် လာသော တောင်သူ များက တညီတညွှတ်ထဲ ဆိုကြသည်။

ကြေးနီတောင် စီမံကိန်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် သဘောတူ စာချူပ်ချူပ်ဆို ခဲ့ခြင်း ဖြစ်သော် လည်း လက်ရှိအစိုးရ၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့်စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့မှ ဥပဒေဘောင် အတွင်း မှ မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆားလင်းကြီးမြို့နယ် ရှင်မတောင် ဆရာတော် အရှင်က၀ိန်ဒက မိန့်ကြားခဲ့သည်။

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် လယ်မြေများသိမ်းခံရသော လယ်သမားများကို လယ် တစ်ဧက လျှင် ၁၅ သိန်းပေးလျော်သော် လည်း လျော်ကြေးငွေမယူသော တောင်သူလယ်သမားလည်း ရှိကြောင်း ဆားလင်းကြီး ကျေးရွာဒေသခံများ ကဆိုသည်။

Mizzima

No comments:

Post a Comment