Friday 10 May 2013

ရန်ကုန်မြို့သည် မကြာမီ လူဦးရေ ၁၀ သန်းအထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်


Photo: ရန်ကုန်မြို့သည် မကြာမီ လူဦးရေ ၁၀ သန်းအထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်
Friday, May 10, 2013

ရန်ကုန်မြို့သည် လက်ရှိကာလတွင် လူဦးရေ ခြောက်သန်းရှိနေပြီဖြစ်ပြီး မကြာမီ လူဦးရေ ၁၀ သန်း အထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများအား အစိုးရက ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် National Comprehensive Development Plan သည် နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထည့်သွင်းရေးဆွဲ ဆောင်ရွက်နေသောကြောင့် မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးမှု ကဏ္ဍသည် များစွာဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတွင်းတွင်ရှိသော စီမံကိန်း Project များတွင် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လိုကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့သည်။

''အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်ပက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံတွေရှိတယ်။ အထူးသဖြင့် တောင်ကိုရီးယား နိုင်ငံဆိုရင် သူ့အစီအစဉ်နဲ့သူလာပြီး survey လုပ်ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံ၊ စင်ကာပူတို့ကလည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ အားယူနေတယ်။ နောက်ဆုံး အာဆီယံနိုင်ငံတွေထဲမှာ ဆိုရင် မလေးရှားနိုင်ငံကလည်း ၀င်လာဖို့ ပြောနေတာတွေ ရှိတယ်ဆိုတော့ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ developer တွေ ၀င်လာဖို့ များပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

''လတ်တလောမှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အေဒီဘီနဲ့ သဘောတူညီမှုတွေ ရရှိထားပြီးပါပြီ။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပေမယ့် လူဦးရေ သန်း ၆၀ ရှိနေတဲ့အတွက် Planner အရေအတွက်က နည်းနေပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းမှာ Planner တွေ ထပ်တိုးဖို့လည်း စီစဉ်နေတယ်။ အခုတော့ တန်ဖိုးနည်း အိမ်ရာတွေကို မြို့စွန်ဒေသတွေမှာ အကောင်အထည်ဖော်ဖို့ ရှိပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောကြားခဲ့သည်။

''ရရှိထားတဲ့ သတင်းအချက်တွေအရ ဆိုရင် ရန်ကုန်မြို့က လာမယ့်နှစ် အနည်းငယ် အတွင်းမှာ Mega City ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေ အခြေခံ အဆောက်အအုံဖြစ်တဲ့ လမ်း၊ တံတား၊ တိုက်တာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ လာမယ့်မျိုးဆက်အတွက် ထည့်သွင်းစဉ်းစား သွားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာလည်း ဒီလိုပဲ မြို့ပြတည်ဆောက်ရေးကို လုပ်တဲ့အချိန်ခါမှာ Next Generation အတွက် မျှော်ခေါ်ပြီး လုပ်ရပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ အချက်အလက်တွေက မှန်မယ်ဆိုရင် ရန်ကုန်မြို့ကြီးမှာ မြေအောက်ရထားလမ်း ဖောက်လုပ်နိုင်ဖို့လည်း လိုလာပါလိမ့်မယ်။ ဒီအတွက်လည်း ကြိုတင်ပြီး စဉ်းစားထားသင့်ပါပြီ'' ဟု World Urban Campaign- UN-HABITAT မှ ဥက္ကဋ္ဌဖြစ်သူ Nicolas You က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် ရန်ကုန်မြို့၌ လူဦးရေ ၆ သန်းဝန်းကျင် နေထိုင်ပြီး လူဦးရေ ထူထပ်များပြားသည့် မြို့တစ်မြို့ ဖြစ်သော်လည်း အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာ လိုအပ်ချက်များ များစွာရှိနေသေးကြောင်း၊ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများ၏ မြေယာဈေးနှုန်း မြင့်တက်မှုကလည်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီး တစ်ခုဖြစ်နေကြောင်း မြို့ပြစီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ငွေကြေးအများအပြား သုံးစွဲရသည့်အတွက် နိုင်ငံတကာ အကူအညီများ ရရှိရန်လည်း အရေးကြီးကြောင်း ယင်းဆွေးနွေးပွဲတွင် ပညာရှင်အချို့က သုံးသပ်ကြသည်။

အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု အပိုင်းသည် များစွာ အရေးပါသည့်အတွက် အစိုးရများ အနေဖြင့် မည်သည့်ပုံစံဖြင့် ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ရန် ခက်ခဲမှုများ ရှိကြောင်း သိရှိရသည်။

''အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အစိုးရက အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါပေမယ့် ဒါတွေကို လုပ်ဆောင်မယ်ဆိုရင် ငွေကြေးအမြောက်အများ လိုတယ်ဆိုတော့ World Bank ကပဲ ချေးမှာလား၊ ADB က ချေးမှာလား၊ အခြားနိုင်ငံတကာ ဘဏ်တွေက ချေးမှာလား ဆိုတာတွေ သုံးသပ်ရသလို ဘဏ်တွေက ချေးပြန်ရင်လည်း အတိုးနှုန်းကို ထည့်ပြီးတော့ စဉ်းစား ရပါတယ်။ တစ်ခုရှိတာက နိုင်ငံတကာ အကူအညီ ယူလို့ရတဲ့ အပိုင်းရှိတယ်။ ဒါကလည်း နိုင်ငံရေး ရေချိန်အပေါ်မှာ မူတည်ပါသေးတယ်။ ဥပမာဆို ဂျပန်တို့လို တရုတ်တို့လို နိုင်ငံတွေကနေ ချေးယူနိုင်တယ်။ ဂျပန်ဆိုရင် ODA ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အကူပြု ချေးငွေတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပေးတာမျိုးတွေ ဆိုလို့ရှိရင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်အထည်ဖော်လို့ ရပါတယ်'' ဟု Leopard Capital rS Managing Partner ဖြစ်သူ Kenneth Stevens က ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အလားတူ မြို့စွန်ဒေသများ (Satellite Townships) များ၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း များစွာအရေးပါကြောင်း၊ အဆိုပါ ဒေသများနှင့် အလွယ်တကူ ဆက်သွယ်နိုင်မည့် ရထားလမ်း၊ ကားလမ်းများကိုလည်း ရေရှည်စီမံကိန်းချ၍ စနစ်တကျ ဖောက်လုပ်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိပါသည်။

လက်ရှိဖြစ်ပေါ်နေသော အနေအထားများအား ခြုံငုံသုံးသပ်ပါက ရန်ကုန်မြို့သည် လာမည့်နှစ် အနည်းငယ်အတွင်း ခေတ်မီမြို့ကြီး (Mega City )တစ်ခု ဖြစ်လာနိုင်သည့်အတွက် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်သည့်အခါတွင် နောင်လာမည့်မျိုးဆက် (Next Generation) အတွက်ပါ စနစ်တကျ ထည့်သွင်း၍ လုပ်ဆောင်သင့်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပခဲ့သော Myanmar Urban Development Conference 2013 တွင် နိုင်ငံတတကာ မြို့ပြတည်ဆောက်ရေးဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ရန်ကုန်မြို့သည် လက်ရှိကာလတွင် လူဦးရေ ခြောက်သန်းရှိနေပြီဖြစ်ပြီး မကြာမီလူဦးရေ ၁၀ သန်း အထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများအား အစိုးရက ဖိတ်ခေါ်ထားကြောင်း သတင်း ရရှိ သည်။


မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် National Comprehensive Development Plan သည် နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထည့်သွင်းရေး ဆွဲ ဆောင် ရွက်နေသောကြောင့် မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးမှု ကဏ္ဍသည် များစွာဖွံ့ဖြိုးတိုးတက်လာရန် အလား အလာကောင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတွင်း တွင်ရှိသော စီမံကိန်း Project များတွင် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် လိုကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့သည်။

''အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်ပက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေ တဲ့ နိုင်ငံတွေရှိတယ်။ အထူးသဖြင့် တောင်ကိုရီးယား နိုင်ငံဆိုရင် သူ့အစီအစဉ်နဲ့သူလာပြီး survey လုပ်ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံ၊ စင်ကာပူတို့ကလည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ အားယူနေ တယ်။ နောက် ဆုံး အာဆီယံနိုင်ငံတွေထဲမှာ ဆိုရင် မလေးရှားနိုင်ငံကလည်း ၀င်လာဖို့ ပြောနေတာတွေ ရှိတယ် ဆိုတော့ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ developer တွေ ၀င်လာဖို့ များပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

''လတ်တလောမှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ အေဒီဘီနဲ့ သဘောတူညီမှုတွေ ရရှိထားပြီးပါပြီ။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ အနေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေပေမယ့် လူဦးရေ သန်း ၆၀ ရှိနေတဲ့အတွက် Planner အရေအတွက်က နည်းနေပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းမှာ Planner တွေ ထပ်တိုးဖို့လည်း စီစဉ်နေတယ်။ အခုတော့ တန်ဖိုးနည်း အိမ်ရာတွေကို မြို့စွန်ဒေသတွေမှာ အကောင်အထည်ဖော်ဖို့ ရှိပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီတင် က ပြောကြား ခဲ့သည်။

''ရရှိထားတဲ့ သတင်းအချက်တွေအရ ဆိုရင် ရန်ကုန်မြို့က လာမယ့်နှစ် အနည်းငယ် အတွင်းမှာ Mega City ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေ အခြေခံ အဆောက် အအုံဖြစ်တဲ့ လမ်း၊ တံတား၊ တိုက်တာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ လာမယ့်မျိုးဆက်အတွက် ထည့်သွင်းစဉ်းစား သွားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတကာ မှာလည်း ဒီလိုပဲ မြို့ပြတည်ဆောက်ရေးကို လုပ်တဲ့အချိန်ခါမှာ Next Generation အတွက် မျှော်ခေါ်ပြီး လုပ်ရပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ အချက်အလက်တွေက မှန်မယ်ဆိုရင် ရန်ကုန်မြို့ကြီးမှာ မြေအောက် ရထားလမ်း ဖောက်လုပ်နိုင်ဖို့လည်း လိုလာပါလိမ့်မယ်။ ဒီအတွက်လည်း ကြိုတင်ပြီး စဉ်းစားထားသင့်ပါပြီ'' ဟု World Urban Campaign- UN-HABITAT မှ ဥက္ကဋ္ဌဖြစ်သူ Nicolas You က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် ရန်ကုန်မြို့၌ လူဦးရေ ၆ သန်းဝန်းကျင် နေထိုင်ပြီး လူဦးရေ ထူထပ်များပြားသည့် မြို့တစ်မြို့ ဖြစ်သော်လည်း အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များ များစွာ ရှိနေသေးကြောင်း၊ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများ၏ မြေ ယာဈေးနှုန်း မြင့်တက်မှုကလည်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီး တစ်ခုဖြစ်နေကြောင်း မြို့ပြစီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ငွေကြေးအများအပြား သုံးစွဲရသည့်အတွက် နိုင်ငံတကာ အကူအညီများ ရရှိရန်လည်း အရေးကြီးကြောင်း ယင်းဆွေးနွေးပွဲတွင် ပညာရှင်အချို့က သုံးသပ်ကြသည်။

အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု အပိုင်းသည် များစွာ အရေးပါသည့်အတွက် အစိုးရများ အနေဖြင့် မည်သည့်ပုံစံဖြင့် ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ရန် ခက်ခဲမှုများ ရှိကြောင်း သိရှိရသည်။

''အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အစိုးရက အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါပေမယ့် ဒါတွေကို လုပ်ဆောင်မယ်ဆိုရင် ငွေကြေးအမြောက်အများ လိုတယ်ဆိုတော့ World Bank ကပဲ ချေးမှာလား၊ ADB က ချေးမှာလား၊ အခြားနိုင်ငံတကာ ဘဏ်တွေ က ချေးမှာလား ဆိုတာတွေ သုံးသပ်ရသလို ဘဏ်တွေက ချေးပြန်ရင်လည်း အတိုးနှုန်းကို ထည့်ပြီးတော့ စဉ်းစားရပါတယ်။ တစ်ခုရှိတာက နိုင်ငံတကာ အကူအညီ ယူလို့ရတဲ့ အပိုင်းရှိတယ်။ ဒါက လည်း နိုင်ငံရေး ရေချိန်အပေါ်မှာ မူတည်ပါသေးတယ်။ ဥပမာဆို ဂျပန်တို့လို တရုတ်တို့လို နိုင်ငံတွေ ကနေ ချေးယူနိုင်တယ်။ ဂျပန်ဆိုရင် ODA ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အကူပြု ချေးငွေတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပေးတာမျိုးတွေ ဆိုလို့ရှိရင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အကောင်အထည်ဖော်လို့ ရပါတယ်'' ဟု Leopard Capital rS Managing Partner ဖြစ်သူ Kenneth Stevens က ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အလားတူ မြို့စွန်ဒေသများ (Satellite Townships) များ၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း များစွာအရေးပါကြောင်း၊ အဆိုပါ ဒေသများနှင့် အလွယ်တကူ ဆက်သွယ်နိုင်မည့် ရထားလမ်း၊ ကားလမ်း များကိုလည်း ရေရှည်စီမံကိန်းချ၍ စနစ်တကျ ဖောက်လုပ်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိပါသည်။

လက်ရှိဖြစ်ပေါ်နေသော အနေအထားများအား ခြုံငုံသုံးသပ်ပါက ရန်ကုန်မြို့သည် လာမည့်နှစ် အနည်းငယ် အတွင်း ခေတ်မီမြို့ကြီး (Mega City )တစ်ခု ဖြစ်လာနိုင်သည့်အတွက် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်သည့်အခါတွင် နောင်လာမည့်မျိုးဆက် (Next Generation) အတွက်ပါ စနစ်တကျ ထည့်သွင်း၍ လုပ်ဆောင်သင့်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပခဲ့သော Myanmar Urban Development Conference 2013 တွင် နိုင်ငံတတကာ မြို့ပြတည်ဆောက်ရေးဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရ သည်။

Eleven Media Group

No comments:

Post a Comment