Friday 10 May 2013

မန်ယူအသင်း မန်နေဂျာ ရာထူးကို ဆက်ခံ ရခြင်းသည် ခမ်းနားသော ဂုဏ်ပြုမှု တစ်ခုဟု မိုယက်စ် ညွှန်းဆို

မန်ယူအသင်း မန်နေဂျာ ရာထူးကို ဆက်ခံ ရခြင်းသည် ခမ်းနားသော ဂုဏ်ပြုမှု တစ်ခုဟု မိုယက်စ် ညွှန်းဆို
Friday, May 10, 2013

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ တာဝန် ပေးအပ်ခံရခြင်း သည် ကြီးကျယ် ခမ်းနားသော ဂုဏ်ပြုမှု တစ်ရပ်ဟု ဒေးဗစ်မိုယက်စ် က ပြောကြားလိုက်သည်။

ယခုအခါ မန်ယူ အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန် နေရာကို ဆက်ခံရန် အတွက် ပေါင်စတာလင် သန်း(၃၀)တန် (၆)နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ကို မိုယက်စ်က လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ ၎င်းသည် ဇူလိုင်လ (၁)ရက်နေ့တွင် အဲဗာတန်မှ မန်ယူသို့ စတင်ကူးပြောင်း တာဝန် ယူလာရန် စီစဉ်ထားသည်။ ဖာဂူဆန် ကိုယ်တိုင်၏ ထောက်ခံမှုကို ရရှိခဲ့သည့် စကော့တလန်သား မန်နေဂျာက "မန်ယူ အသင်းရဲ့ မန်နေဂျာသစ် အဖြစ် ဆောင်ရွက်ဖို့ တောင်းဆိုခြင်း ခံရတယ် ဆိုတာက အင်မတန် ကြီးမားတဲ့ ဂုဏ်ပြုမှုပါ။ ဆာအဲလက်စ်လို ပုဂ္ဂိုလ် ကိုယ်တိုင်က ကျွန်တော့်ကို ဒီအလုပ် အတွက် ထောက်ခံမှု ပေးခဲ့တယ် ဆိုတာကြောင့် ပျော်ရွှင်မိပါတယ်။ သူဒီအသင်း အတွက် လုပ်ဆောင်ပေးသွားတာ အားလုံးကို ကျွန်တော် အလေးအနက် ချီးကျူးဂုဏ်ပြုပါတယ်" ဟု ပြောကြားခဲ့သည်။

၎င်းက "အကောင်းဆုံး မန်နေဂျာ တစ်ယောက်အဖြစ် အကြာကြီး ရပ်တည်ဖို့ ဘယ်လောက် ခက်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ မန်ယူအသင်း မန်နေဂျာ ရာထူးမှာ အပြောင်းအလဲ ဖြစ်တယ်ဆိုတာ ခဏခဏ
 ပေါ်ပေါက်လာတတ်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ခုတော့ ကျွန်တော် လာမယ့်ရာသီ မန်ယူနဲ့ အတူ အကောင်းဆုံး ရှေ့ဆက်ဖို့ပဲ 
 မျှော်လင့်ထားပါတယ်" ဟုလည်း ဆိုသည်။ လတ်တလောတွင် မိုယက်စ်သည် အသင်းဟောင်း အဲဗာတန်မှ ၎င်း၏ လက်ရုံးအချို့ကို အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူရန် ကြံစည် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၎င်းသည် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ မော်ရို ဖယ်လိုင်နီနှင့် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်တို့ နှစ်ဦးအား 
 ပေါင်စတာလင် (၃၉)သန်း အကုန်အကျခံ ဝယ်ယူရန် စီစဉ်နေကြောင်း 
The Sunက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ဘိန်းစ်သည် ပြီးခဲ့သည့် နွေရာသီက မန်ယူ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသော်လည်း အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် တရားဝင် ချဉ်းကပ်မှု မပြုလုပ်ခဲ့ချေ။
 ပေါင်စတာလင် (၁၅)သန်း ပေါက်ဈေးရှိပြီး တိုက်စစ်ကို အားပြု ကစားရာတွင် ထူးချွန်သော ဘိန်းစ်သည် မြားဦးထိပ်ရှိ ရော်ဘင်ဗန်ပါစီကို အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဟု မိုယက်စ်က ယူဆနေသည်။ မိုယက်စ်သည် အားနည်းချက်များ ရှိနေသည့် မန်ယူ ကွင်းလယ်ကိုလည်း အားဖြည့်ရန် ရည်ရွယ်ထားရာ စာချုပ်ပါ တန်ကြေးသတ်မှတ်ချက်
 ပေါင်စတာလင် (၂၄)သန်းရှိသည့် ဖယ်လိုင်နီကိုပါ ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဗဟိုကွင်းလယ် ကစားသမား တစ်ဦး အဖြစ်လည်း မှတ်ချက်ပေးခြင်း ခံထားရသည်။

ထို့အပြင် မိုယက်စ်သည် မန်ယူကစားသမားဟောင်းနှင့် လက်ရှိ အဲဗာတန် အသင်းခေါင်းဆောင် ဖီးလ်နဗီးလ်ကိုလည်း ၎င်း၏ နည်းပြအဖွဲ့ဝင် ရာထူးအတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများက ဆိုသည်။ နဗီးလ်သည် အဲဗာတန် အသင်းမန်နေဂျာ ရာထူးအတွက် မိုယက်စ်နေရာ ဆက်ခံရန် ရေပန်းစားနေသူများ အနက် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ တာဝန် ပေးအပ်ခံရခြင်း သည် ကြီးကျယ် ခမ်းနားသော ဂုဏ်ပြုမှု တစ်ရပ်ဟု ဒေးဗစ်မိုယက်စ် က ပြောကြားလိုက်သည်။

ယခုအခါ မန်ယူ အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန် နေရာကို ဆက်ခံရန် အတွက် ပေါင်စတာလင် သန်း(၃၀)တန် (၆)နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ကို မိုယက်စ်က လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ ၎င်းသည် ဇူလိုင်လ (၁)ရက်နေ့တွင် အဲဗာတန်မှ မန်ယူသို့ စတင်ကူးပြောင်း တာဝန် ယူလာရန် စီစဉ်ထားသည်။ ဖာဂူဆန် ကိုယ်တိုင်၏ ထောက်ခံမှုကို ရရှိခဲ့သည့် စကော့တလန်သား မန်နေဂျာက "မန်ယူ အသင်းရဲ့ မန်နေဂျာသစ် အဖြစ် ဆောင်ရွက်ဖို့ တောင်းဆိုခြင်း ခံရတယ် ဆိုတာက အင်မတန် ကြီးမားတဲ့ ဂုဏ်ပြုမှုပါ။ ဆာအဲလက်စ်လို ပုဂ္ဂိုလ်ကိုယ်တိုင်က ကျွန်တော့်ကို ဒီအလုပ်အတွက် ထောက်ခံမှု ပေးခဲ့တယ် ဆိုတာကြောင့် ပျော်ရွှင်မိပါတယ်။ သူဒီအသင်းအတွက် လုပ်ဆောင်ပေးသွားတာအားလုံးကို ကျွန်တော် အလေးအနက် ချီးကျူးဂုဏ်ပြုပါတယ်" ဟု ပြောကြားခဲ့သည်။

၎င်းက "အကောင်းဆုံး မန်နေဂျာ တစ်ယောက်အဖြစ် အကြာကြီး ရပ်တည်ဖို့ ဘယ်လောက် ခက်တယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ မန်ယူအသင်း မန်နေဂျာ ရာထူးမှာ အပြောင်းအလဲ ဖြစ်တယ်ဆိုတာ ခဏခဏပေါ်ပေါက်လာတတ်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ခုတော့ ကျွန်တော် လာမယ့်ရာသီ မန်ယူနဲ့ အတူ အကောင်းဆုံး ရှေ့ဆက်ဖို့ပဲမျှော်လင့်ထားပါတယ်" ဟုလည်း ဆိုသည်။ လတ်တလောတွင် မိုယက်စ် သည် အသင်းဟောင်း အဲဗာတန်မှ ၎င်း၏ လက်ရုံးအချို့ကို အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူရန် ကြံစည် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၎င်းသည် ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီနှင့် အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်တို့ နှစ်ဦးအားပေါင်စတာလင် (၃၉)သန်း အကုန်အကျခံ ဝယ်ယူရန် စီစဉ်နေကြောင်းThe Sunက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ဘိန်းစ်သည် ပြီးခဲ့သည့် နွေရာသီက မန်ယူ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသော်လည်း အင်္ဂလန်ချန်ပီယံ အသင်းအနေဖြင့် တရားဝင်ချဉ်းကပ်မှု မပြုလုပ်ခဲ့ချေ။
ပေါင်စတာလင် (၁၅)သန်း ပေါက်ဈေးရှိပြီး တိုက်စစ်ကို အားပြု ကစားရာတွင် ထူးချွန်သော ဘိန်းစ်သည် မြားဦးထိပ်ရှိ ရော်ဘင်ဗန်ပါစီကို အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဟု မိုယက်စ်က ယူဆနေသည်။ မိုယက်စ်သည် အားနည်းချက်များ ရှိနေသည့် မန်ယူ ကွင်းလယ်ကိုလည်း အားဖြည့်ရန် ရည်ရွယ်ထားရာ စာချုပ်ပါတန်ကြေးသတ်မှတ်ချက်ပေါင်စတာလင် (၂၄)သန်းရှိသည့် ဖယ်လိုင်နီကို ပါ ခေါ်ယူဖွယ်ရှိနေကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီသည် ပရီးမီးယားလိဂ်၏ အကောင်း ဆုံး ဗဟိုကွင်းလယ် ကစားသမား တစ်ဦး အဖြစ်လည်း မှတ်ချက်ပေးခြင်း ခံထားရသည်။

ထို့အပြင် မိုယက်စ်သည် မန်ယူကစားသမားဟောင်းနှင့် လက်ရှိ အဲဗာတန် အသင်းခေါင်းဆောင် ဖီးလ်နဗီးလ်ကိုလည်း ၎င်း၏ နည်းပြအဖွဲ့ဝင် ရာထူးအတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများက ဆိုသည်။ နဗီးလ်သည် အဲဗာတန် အသင်းမန်နေဂျာ ရာထူးအတွက် မိုယက်စ်နေရာ ဆက်ခံရန် ရေပန်း စားနေသူများ အနက် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar


No comments:

Post a Comment