Friday 10 May 2013

သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

Photo: သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Thursday, May 9, 2013

သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ RCSS/SSA အဖွဲ့မှ အင်အား(၅၀)ဦးခန့်သည် ကချင်နှင့် ရှမ်းနယ် စပ်ဖြစ်သည့် နန့်ခမ်းမြို့နယ်သို့ ရောက်ရှိလျက်ရှိပြီး စခန်းတည်ဆောက်ပြီး ဒေသခံများထံမှ ဆက်ကြေးများ ကောက်ယူလျက်ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့နှင့် အစိုးရ စစ်ကြောင်းများ နယ်မြေရှင်းလင်းရင်း ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရစစ်တပ်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နန့်ခမ်းဆေးရုံတွင် ကုသလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူ (၈၀၀)ဦးခန့် တရုတ်နိုင်ငံ နောင်တောင်းဘက်သို့ ထွက်ပြေးလျက် ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်စစ်တပ်မှ အင်အားဖြည့်ဆည်း ထားကြောင်း နန့်ခမ်းဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

၎င်းဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ နယ်လှည့်ရောင်းချနေသော စစ်မှုထမ်းဟောင်း (၄)ဦးအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှစတင်ပြီး ၎င်းဒေသတွင် အစိုးရတပ်နှင့် RCSS/SSA အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု နန့်ခမ်းဒေသသို့ ရောက်ရှိနေသော RCSS/SSA အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ နယ်စပ် လွယ်တိုင်းလျံတွင်ရှိပြီး UWSA “၀” ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် ၀မ်ဟိုင်းအဖွဲ့နှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ ထိန်းချုပ်ရာ ဒေသများကို ကျော်လွန်ကာ KIA နှင့် ဆက်စပ်နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။

Shan News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ RCSS/SSA အဖွဲ့မှ အင်အား(၅၀)ဦးခန့်သည် ကချင်နှင့် ရှမ်းနယ် စပ်ဖြစ်သည့် နန့်ခမ်း မြို့နယ် သို့ ရောက်ရှိလျက်ရှိပြီး စခန်းတည်ဆောက်ပြီး ဒေသခံများထံမှ ဆက်ကြေးများ ကောက်ယူလျက် ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့နှင့် အစိုးရစစ်ကြောင်းများ နယ်မြေရှင်းလင်းရင်း ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရစစ်တပ်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နန့်ခမ်းဆေး ရုံတွင် ကုသလျက်ရှိကြောင်း၊ ဒေသခံပြည်သူ (၈၀၀)ဦးခန့် တရုတ်နိုင်ငံ နောင်တောင်း ဘက်သို့ ထွက်ပြေး လျက်ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်စစ်တပ်မှ အင်အားဖြည့်ဆည်း ထားကြောင်း နန့်ခမ်းဒေသခံ တစ်ဦးမှ ပြောပြခဲ့သည်။

၎င်းဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ နယ်လှည့်ရောင်းချနေသော စစ်မှု ထမ်းဟောင်း (၄)ဦးအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှစတင်ပြီး ၎င်းဒေသတွင် အစိုးရ တပ်နှင့် RCSS/SSA အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု နန့်ခမ်းဒေသ သို့ ရောက်ရှိနေသော RCSS/SSA အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ နယ်စပ် လွယ်တိုင်းလျံတွင်ရှိပြီး UWSA “၀” ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် ၀မ်ဟိုင်းအဖွဲ့နှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ ထိန်းချုပ်ရာ ဒေသများကို ကျော်လွန်ကာ KIA နှင့် ဆက်စပ်နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိ ရသည်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပြည်ထောင် စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။

Shan News

No comments:

Post a Comment