Monday 20 May 2013

'၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ

Photo: '၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ

'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူက ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။

''ဒါကငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်း သူတို့တောင်းဆိုနေတဲ့ အချက်ပါ။ နောက်တစ်ခုက အင်္ဂလိပ်လက်ထက်က မြေပုံမှာ 'Wa' (State) ဆိုပြီး အင်္ဂလိပ်လို ရေးထားတာလဲ ရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန်အကောင်အထည် ဖော်ပေးပါ ဆိုတဲ့သဘောလဲ ဖြစ်တယ်။ တောင်းသင့် တောင်းထိုက်လို့ တောင်းတယ်လို့ပဲ ယူဆပါတယ်''ဟု ဦးခွန်ထွန်းလူက ပြောကြားခဲ့ကြောင်း စံတော်ချိန် သတင်းစာတွင် ဖော်ပြခဲ့သည်။

မေ ၁၉ ရက်ထုတ် 7 Day သတင်းစာ မျက်နှာဖုံးတွင်လည်း '၀'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုကို '၀' ပါတီများ ထောက်ခံကြောင်း သတင်းကို မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ပြီး အဆိုပါ သတင်းတွင် '၀' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နာယက ဦးဖီးလစ်ဆန်က 'မရမက' လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပါသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင်'၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀'ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း အခြားသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများက သုံးသပ်ခဲ့ပြီးနောက် '၀'နှင့် ပတ်သက်အ ဖွဲ့အစည်းများက တုံ့ပြန် ပြောဆိုလာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုသည် ၀ိဝါဒ ကွဲပြားစရာ ကိစ္စဖြစ်နေပြီး လုပ်နည်းလုပ်ဟန်အရ ယင်းကိစ္စကို လွှတ်တော်ကသာ ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်နေစဉ် ကာလအတွင်း '၀'နှင့်ပတ်သက်သော အဖွဲ့အစည်းများ၏ တုံ့ပြန်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိဟို ပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့စည်းပြီး '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ပေးခဲ့ပြီးနောက် ပြည်နယ်အဆင့်သို့ တိုးမြှင့်ပေးရန် '၀' ဘက်မှ ဆက်တိုက် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ
၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ
'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ က ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။
''ဒါကငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်း သူတို့တောင်းဆိုနေတဲ့ အချက်ပါ။ နောက်တစ်ခုက အင်္ဂလိပ်လက်ထက် က မြေပုံမှာ 'Wa' (State) ဆိုပြီး အင်္ဂလိပ်လို ရေးထားတာလဲ ရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန် အကောင် အထည် ဖော်ပေးပါဆိုတဲ့သဘောလဲ ဖြစ်တယ်။ တောင်းသင့် တောင်းထိုက် လို့ တောင်းတယ်လို့ပဲ ယူဆပါ တယ်''ဟု ဦးခွန်ထွန်းလူ က ပြောကြားခဲ့ကြောင်း စံတော်ချိန် သတင်းစာတွင် ဖော်ပြခဲ့သည်။

မေ ၁၉ ရက်ထုတ် 7 Day သတင်းစာ မျက်နှာဖုံးတွင်လည်း '၀'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည် နယ်တောင်း ဆိုမှုကို '၀' ပါတီများ ထောက်ခံကြောင်း သတင်းကို မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ပြီး အဆိုပါ သတင်း တွင် '၀' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နာယက ဦးဖီးလစ်ဆန်က 'မရမက' လုပ်ဆောင် မည်ဟု ပြော ကြားခဲ့ပါသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင်'၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀'ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း အခြားသော တိုင်းရင်းသား ခေါင်းဆောင် များနှင့် နိုင်ငံရေးသမားများက သုံးသပ်ခဲ့ပြီးနောက် '၀'နှင့် ပတ်သက်အ ဖွဲ့အစည်းများက တုံ့ပြန် ပြောဆို လာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုသည် ၀ိဝါဒ ကွဲပြားစရာ ကိစ္စဖြစ်နေပြီး လုပ်နည်းလုပ်ဟန်အရ ယင်းကိစ္စကို လွှတ်တော်ကသာ ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်နေစဉ် ကာလအတွင်း '၀'နှင့်ပတ်သက်သော အဖွဲ့ အစည်းများ၏ တုံ့ပြန်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိဟို ပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့စည်းပြီး '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ပေးခဲ့ပြီးနောက် ပြည်နယ်အဆင့်သို့ တိုးမြှင့်ပေးရန် '၀' ဘက်မှ ဆက်တိုက် တောင်းဆို လာ ခဲ့ခြင်း ဖြစ်သည်။
From...Eleven

No comments:

Post a Comment