Monday 20 May 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်ကို သွားရောက်လေ့လာ

Photo: နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏ 
အိမ်တော်ကို သွားရောက်လေ့လာ
============================================
နေပြည်တော် မေ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ(၁၉)ရက် ဒေသစံတော်ချိန် နံနက် (၈)နာရီ (၄၅) မိနစ်တွင် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ အမေရိကန် ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်တည်ရှိရာ မောင့်ဗာနွန်(Mt. Vernon) ဥယျာဉ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား မောင့်ဗာနွန်အဖွဲ့ ဥက္ကဋ္ဌ Mr. Curt Viebranz နှင့် ဆက်ဆံရေးမန်နေဂျာ Mr. John Marshall တို့က ကြိုဆိုကြပြီး ဥယျာဉ်နှင့် အိမ်တော် အကြောင်းကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် သမ္မတဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်နှင့် ဥယျာဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ မှုတို့ကို လှည့်လည်ကြည့်ရှုပြီး ဂျော့ရှ် ဝါရှင်တန်၏ ဂူဗိမာန်တွင် ပန်းခွေချ ဂါရဝပြုသည်။

သမ္မတဂျော့ရှ်ဝါရှင်တန်သည် ယင်းအိမ်တော်တွင် ၁၇၅၄ ခုနှစ်မှ စတင်၍ ကွယ်လွန်သည် အထိ (၄၅) နှစ်တိုင် နေထိုင်သွားခဲ့သည်။ ယခု အခါ မောင့်ဗာနွန်ဥယျာဉ်နှင့် အိမ်တော်ကို အထိမ်းအမှတ် ပြတိုက်အဖြစ် ဖွင့်လှစ်ပြသလျက်ရှိသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် World Wildlife Fund (WWF) ၏ Virginia's Jewel သင်္ဘောဖြင့် ပိုတိုမက်(Potomac) မြစ်ကြောင်း အတိုင်း ဝါရှင်တန်မြို့တော်သို့ ပြန်လည် ထွက်ခွာသည်။

သင်္ဘောပေါ်တွင် WWF အမှုဆောင် အရာရှိချုပ် Mr. Robert Carter က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး နေ့လယ်စာ သုံးဆောင်နေစဉ် မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေးလုပ်ငန်း များနှင့်ပတ်သက်၍ Wildlife Conservation Society (WCS) နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ World Wildlife Fund (WWF) နှင့် Global Environment Facility (GEF) တို့က သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလား အလာများ၊ စာသင်နှစ်များအလိုက် ကျောင်းသားကျောင်းသူများအား သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ သင်ကြားပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ သဘာဝသမိုင်းဆိုင်ရာ အမျိုးသား ပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ(၁၉)ရက် ဒေသစံတော်ချိန် နံနက် (၈)နာရီ (၄၅) မိနစ်တွင် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ အမေရိကန် ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်တည်ရှိရာ မောင့်ဗာနွန်(Mt. Vernon) ဥယျာဉ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား မောင့်ဗာနွန်အဖွဲ့ ဥက္ကဋ္ဌ Mr. Curt Viebranz နှင့် ဆက်ဆံရေးမန်နေဂျာ Mr. John Marshall တို့က ကြိုဆိုကြပြီး ဥယျာဉ်နှင့် အိမ်တော် အကြောင်းကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် သမ္မတဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်နှင့် ဥယျာဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ မှုတို့ကို လှည့်လည်ကြည့်ရှုပြီး ဂျော့ရှ် ဝါရှင်တန်၏ ဂူဗိမာန်တွင် ပန်းခွေချ ဂါရဝပြုသည်။

သမ္မတဂျော့ရှ်ဝါရှင်တန်သည် ယင်းအိမ်တော်တွင် ၁၇၅၄ ခုနှစ်မှ စတင်၍ ကွယ်လွန်သည် အထိ (၄၅) နှစ်တိုင် နေထိုင်သွားခဲ့သည်။ ယခုအခါ မောင့်ဗာနွန်ဥယျာဉ်နှင့် အိမ်တော်ကို အထိမ်းအမှတ် ပြတိုက်အဖြစ် ဖွင့်လှစ်ပြသလျက်ရှိသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် World Wildlife Fund (WWF) ၏ Virginia's Jewel သင်္ဘောဖြင့် ပိုတိုမက်(Potomac) မြစ်ကြောင်း အတိုင်း ဝါရှင်တန်မြို့တော်သို့ ပြန်လည် ထွက်ခွာသည်။

သင်္ဘောပေါ်တွင် WWF အမှုဆောင် အရာရှိချုပ် Mr. Robert Carter က နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံပြီး နေ့လယ်စာ သုံးဆောင်နေစဉ် မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေးလုပ်ငန်း များနှင့်ပတ်သက်၍ Wildlife Conservation Society (WCS) နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ World Wildlife Fund (WWF) နှင့် Global Environment Facility (GEF) တို့က သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလား အလာများ၊ စာသင်နှစ်များအလိုက် ကျောင်းသားကျောင်းသူများအား သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ သင်ကြားပေးနိုင်မည့် အခြေအနေများ ကို ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ သဘာဝသမိုင်းဆိုင်ရာ အမျိုးသား ပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

Myawady News

No comments:

Post a Comment