Monday 20 May 2013

အရက်နှင့် ဘီယာ ချက် စက်ရုံ ခွင့်ပြုပေး သူများ သမိုင်း တွင် တရားခံဖြစ်မည်

Photo: အရက်နှင့် ဘီယာချက်စက်ရုံ ခွင့်ပြုပေးသူများ သမိုင်းတွင် တရားခံဖြစ်မည် 

 အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပထမဆုံး အစည်း အဝေး ထိုင် သည့် နေ့တွင်ပင် ပြည်ပမှ ဘီယာချက် စက်ရုံ တစ်ရုံကို ပြည်တွင်း၌ တည်ဆောက်ရန် ခွင့်ပြု လိုက်ြ ပန်ပြီ ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဟောင်းလည်း တက်ရောက်ခဲ့သည်ဟုသိရရာ အ ဆို ပါ ခွင့်ပြုချက်သည် ယခင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့၏ လုပ်လက်စအလုပ်ကိုအသစ်တက်လာ သည့် အဖွဲ့က အတည်ပြုပေး လိုက်ရသည့် အဆင့်သာ ရှိပေလိမ့်မည်။

မီဒီယာ အသီးသီးက မြန်မာနိုင်ငံ အတွင်း ဘီယာချက် စက်ရုံများ လိုသည်ထက် ပိုမိုခွင့်ပြုနေသည့် အပေါ် ဝေဖန်ထောက်ပြရေး သားနေကြသော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ပြန် လည်ရေးဆွဲခဲ့ သည့် လပိုင်းအတွင်း အများဆုံးခွင့်ပြုခဲ့သည်မှာ ဘီယာချက် စက်ရုံများဖြစ်နေသည်က မည်သည့် ရည်ရွယ် ချက်ဖြင့် ခွင့်ပြုခဲ့ပါသနည်း ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများစွာ ရှိနေသည်။

၁၈၈၅ ခုနှစ် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူပြီးချိန်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၁၂၆ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၌ ဘီယာချက်စက်ရုံ သုံးရုံသာ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ မေလ ၁၁ လတာ ကာလအတွင်း အောက်ပါကုမ္ပဏီ ငါးခုကို နောက်ထပ် အရက်နှင့် ဘီယာချက်စက်ရုံ ခုနစ်ရုံ ခွင့်ပြု လိုက်ခြင်းအပေါ် စောင့်ကြည့်ဝေဖန်သူတို့က ရိုးသားစွာ ခွင့်ပြုခဲ့ ခြင်းဟုတ်မဟုတ်၊ မည်သည့် ရည်ရွယ် ချက်ဖြင့် ခွင့်ပြုခဲ့ခြင်းဆိုသည်ကို မေးခွန်းများစွာမေးရန် ရှိလာသည်။

(၁) ၂၀၁၂ ဇူလိုင် ၁၁၊ ဘီယာထုတ်လုပ်ရောင်းချခွင့် (ရွှေသံလွင်စက်မှုဇုန်) သံလွင်ဧရာ ကုမ္ပဏီ (မြန်မာနိုင် ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြု)

(၂) ၂၀၁၃ ဇန်န၀ါရီ ၃၀၊ အဖျော် ယမကာ ထုတ်လုပ်ရောင်း ချခွင့် (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)၊Beer Chang Intl Co;ltd နှင့် Myanmar Distillery Co;ltd (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရခွင့်ပြု)

(၃)၂၀၁၃ ဖေဖော်ဝါရီ ၂၀၊ ဘီယာထုတ်လုပ်ရောင်းချခွင့် (မင်္ဂလာဒုံ)၊ Diamond Mayson Co;ltd (မြန် မာနိုင် ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရခွင့်ပြု) (ရန်ကုန်တွင် ခွင့်မပြုတော့ဘဲ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ် တစ်ခုခုတွင် လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု သိရ)

(၄) ၂၀၁၃ ဖေဖော်ဝါရီ ၂၆၊ ဘီယာထုတ်လုပ်ရောင်းချခွင့် (ပဲခူး)၊ မြန်မာကားလ်စ် ဘတ်ကုမ္ပဏီ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြု)

(၅) ၂၀၁၃ မေ ၁၀၊ Heinekin ဘီယာ ချက်စက်ရုံ(မှော်ဘီ)၊ APB Alliance Brewery Co;ltd နှင့်Alliance Brewery co;ltd-Myanmar၊ (နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေအရ ခွင့်ပြု) (ယခင်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ လျှောက်ထားခြင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် ပြောင်းလဲလျှောက်ထား)

ယမကာ သောက်သုံးခြင်းကြောင့် အသည်းရောဂါဖြင့် သေဆုံးနေသည့် ဆယ်ကျော်သက်များ တစ်နေ့ တခြား များပြားလာနေကြောင်း လေ့လာချက်များအရ တွေ့ရှိထားချိန်တွင် ယခုကဲ့သို့ ဘီယာချက် စက်ရုံ များကို လွယ်လွယ် ကူကူ လိုသည်ထက်ပိုပြီး ခွင့်ပြုပေးနေသည်မှာ မစဉ်းစားတတ်အောင်ပင်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ၀န်ထမ်းဆရာ ၀န်တစ်ဦးက ပြောကြားလာသည်။

ယမကာသောက်သုံးမှုသည် မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရရော၊ မြန်မာနိုင်ငံတွင် လက်ခံကျင့် သုံးနေ သည့် ဘာသာရေးအရပါ လက်ခံနိုင်ခြင်းမရှိသော်လည်း ယခုအခါ ဆယ်ကျော်သက် မိန်းမငယ်လေး များ ပါ ဘီယာ ယဉ်ကျေးမှုအတွင်း စီးမျောနေကြသည်မှာ လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ယမ ကာဈေးနှုန်းကို မြင့်မားစွာ ရောင်းချခြင်း၊ အချိန် ကန့်သတ်ချက်၊ အသက် ကန့်သတ်ချက်ဖြင့် ရောင်း ချခြင်း များပြုလုပ်နေသော် လည်း မြန်မာနိုင်ငံတွင် ဘီယာနှင့် အရက်ကို အသက်အရွယ် မရွေး၊ အချိန်နှင့် နေရာ မရွေး ဈေးသက်သာစွာဖြင့် ၀ယ်ယူရရှိနေသည်မှာ လူငယ်များ၏ အကျင့်စာရိတ္တ ကိုပါထိခိုက် ပျက်စီးစေကြောင်းဝေ ဖန်စောင့်ကြည့်သူ တစ်ဦးကပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် အခွန်ဆောင်မှုအပေါ် အခြေခံတွက်ချက်ထားသည့် စာရင်းဇယားများအရ၂၀၁၂ ခုနှစ် ပြည် တွင်း အရက်မျိုးစုံ ပုလင်းပေါင်း (၁၇၂ ဒသမ ၂)သန်း၊ ဘီယာပုလင်းမျိုးစုံ (၆၇ဒသမ ၉၇)သန်း ရောင်း ချခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းတွင် စည်ဘီယာများ၊ ဘီယာသံဘူးများ၊ ပြည်ပမှ တင်သွင်းသည့် တရားမ၀င် အရက် ဘီယာ များ မပါရှိပေ။

ဘီယာ သံဘူးမျိုးစုံ နှင့် စည်ဘီယာကိုပါ ထည့်သွင်း တွက်ချက်ပါက မြန်မာနိုင်ငံအတွင်း ဘီယာပုလင်းနှင့် သံဘူး မျိုးစုံ အရောင်းမှာ သန်း ၁၆၀ အထက် ရှိမည်ဟု စီးပွားရေးပညာရှင်တစ်ဦးကတွက်ချက်ပြသည်။

အရက်ဘီယာ ယမကာထုတ်လုပ် ဖြန့်ဖြူးရောင်းချရန် ခွင့်ပြုခြင်းသည် အစိုးရကို အခွန်အကောက် တိုးမြှင့် ရရှိစေ သည်မှလွဲပြီး တိုင်းပြည်အတွက် မည်သည့်အကျိုးမှမရှိဘဲ ရေရှည်တွင် လူမှုရေးဆိုင်ရာ ဆိုးကျိုး များဖြင့် သာ ရင်ဆိုင်ရမည်ဖြစ်သည်။
ထုတ်လုပ်ရောင်းချသူများအတွက်မူ အမြတ်အစွန်း ကြီးမားသော လုပ်ငန်းဖြစ်သည်။

ဘီယာအရက်သောက်သုံးသဖြင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးထိခိုက်မှုများအပေါ် အရက်နှင့် ဘီယာ ကုမ္ပဏီများက မည်သို့တာဝန်ယူမည်နည်းဆိုသည်ကို မည်သည့် အရက်နှင့် ဘီယာကုမ္ပဏီ ကမှထုတ်ပြန် ထားခြင်း မရှိပါ။

သို့သော်လည်း ယခုအခါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အရက်နှင့် ဘီယာချက် စက်ရုံများကို သမိုင်း တစ်လျှောက် မကြုံဖူးအောင် ခွင့်ပြုပေးနေခြင်းသည် တိုင်းပြည်အတွက် မည်သည့်ကောင်း ကျိုးရှိ သဖြင့် ခွင့်ပြုပေးနေသနည်းဆိုသည်ကို ဖြေကြားစေလိုပါသည်။

အရက်နှင့် ဘီယာသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအပေါ် မည်သူက တာဝန်ယူမည် နည်း ဆို သည်ကို သိလိုပါသည်။

ယခုဆောင်းပါးသည် တစ်ချိန်တွင် အရက်နှင့် ဘီယာများကြောင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွင် ထိခိုက် နစ်နာမှုများရှိပါက အထောက်အထားအဖြစ် အသုံးပြုနိုင်ရန် ရေးသားတင်ပြထားခြင်းဖြစ်သည်။

မီဒီယာမျိုးစုံတွင် တတ်ကျွမ်းနားလည်သူများက ကန့်ကွက်နေပါလျက် အကြောင်းအရာတစ်ခုခုကြောင့် အရက်နှင့် ဘီယာချက် စက်ရုံများ ဆက်လက်ခွင့်ပြုနေမည်ဆိုလျှင် ထိုခွင့်ပြုသူများသည်တစ်ချိန်တွင် သမိုင်း တရားခံများအဖြစ် မှတ်တမ်းအတင်ခံရမည်မှာ ဧကန်မလွဲ ဖြစ်ပေတော့သည်။

မာဂျေ | မြန်မာတိုင်း(မ်)
အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပထမဆုံး အစည်း အဝေး ထိုင်သည့် နေ့တွင်ပင် ပြည်ပမှ ဘီယာချက်စက်ရုံတစ်ရုံကို ပြည်တွင်း၌ တည်ဆောက်ရန် ခွင့်ပြုလိုက် ပြန် ပြီ ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဟောင်းလည်း တက်ရောက်ခဲ့သည်ဟုသိရရာ အ ဆိုပါ ခွင့်ပြုချက်သည် ယခင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့၏ လုပ်လက်စအလုပ်ကိုအသစ်တက်လာသည့် အဖွဲ့ကအတည်ပြုပေးလိုက်ရသည့်အဆင့်သာ ရှိပေလိမ့်မည်။

မီဒီယာအသီးသီးက မြန်မာနိုင်ငံအတွင်း ဘီယာချက်စက်ရုံများလိုသည်ထက် ပိုမိုခွင့်ပြုနေသည့် အပေါ် ဝေဖန်ထောက်ပြရေးသားနေကြသော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ပြန် လည်ရေး ဆွဲခဲ့သည့် လပိုင်းအတွင်း အများဆုံးခွင့်ပြုခဲ့သည်မှာ ဘီယာချက်စက်ရုံများဖြစ်နေသည်က မည်သည့် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုခဲ့ပါသနည်း ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများစွာ ရှိနေသည်။

၁၈၈၅ ခုနှစ် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူပြီးချိန်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၁၂၆ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၌ ဘီယာချက်စက်ရုံ သုံးရုံသာ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ မေလ ၁၁ လတာ ကာလအတွင်း အောက်ပါကုမ္ပဏီငါးခုကို နောက်ထပ်အရက်နှင့် ဘီယာချက်စက်ရုံ ခုနစ်ရုံ ခွင့်ပြုလိုက်ခြင်းအပေါ် စောင့်ကြည့်ဝေဖန်သူတို့က ရိုးသားစွာခွင့်ပြုခဲ့ ခြင်းဟုတ်မဟုတ်၊ မည်သည့်ရည်ရွယ် ချက်ဖြင့် ခွင့်ပြုခဲ့ခြင်းဆိုသည်ကို မေးခွန်းများစွာမေးရန် ရှိလာသည်။

(၁) ၂၀၁၂ ဇူလိုင် ၁၁၊ ဘီယာထုတ်လုပ်ရောင်းချခွင့် (ရွှေသံလွင်စက်မှုဇုန်) သံလွင်ဧရာ ကုမ္ပဏီ (မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြု)

(၂) ၂၀၁၃ ဇန်န၀ါရီ ၃၀၊ အဖျော် ယမကာ ထုတ်လုပ်ရောင်း ချခွင့် (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)၊Beer Chang Intl Co;ltd နှင့် Myanmar Distillery Co;ltd (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရခွင့်ပြု)

(၃)၂၀၁၃ ဖေဖော်ဝါရီ ၂၀၊ ဘီယာထုတ်လုပ်ရောင်းချခွင့် (မင်္ဂလာဒုံ)၊ Diamond Mayson Co;ltd (မြန် မာနိုင် ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရခွင့်ပြု) (ရန်ကုန်တွင် ခွင့်မပြုတော့ဘဲ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ် တစ်ခုခုတွင် လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု သိရ)

(၄) ၂၀၁၃ ဖေဖော်ဝါရီ ၂၆၊ ဘီယာထုတ်လုပ်ရောင်းချခွင့် (ပဲခူး)၊ မြန်မာကားလ်စ် ဘတ်ကုမ္ပဏီ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြု)

(၅) ၂၀၁၃ မေ ၁၀၊ Heinekin ဘီယာ ချက်စက်ရုံ(မှော်ဘီ)၊ APB Alliance Brewery Co;ltd နှင့်Alliance Brewery co;ltd-Myanmar၊ (နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေအရ ခွင့်ပြု) (ယခင်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ လျှောက်ထားခြင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် ပြောင်းလဲလျှောက်ထား)

ယမကာ သောက်သုံးခြင်းကြောင့် အသည်းရောဂါဖြင့် သေဆုံးနေသည့် ဆယ်ကျော်သက်များ တစ်နေ့ တခြား များပြားလာနေကြောင်း လေ့လာချက်များအရ တွေ့ရှိထားချိန်တွင် ယခုကဲ့သို့ ဘီယာချက် စက်ရုံ များကို လွယ်လွယ်ကူကူ လိုသည်ထက်ပိုပြီး ခွင့်ပြုပေးနေသည်မှာ မစဉ်းစားတတ်အောင် ပင်  ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ၀န်ထမ်းဆရာ ၀န်တစ်ဦးက ပြောကြားလာသည်။

ယမကာသောက်သုံးမှုသည် မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရရော၊ မြန်မာနိုင်ငံတွင် လက်ခံကျင့် သုံးနေ သည့် ဘာသာရေးအရပါ လက်ခံနိုင်ခြင်းမရှိသော်လည်း ယခုအခါ ဆယ်ကျော်သက် မိန်းမငယ်လေး များပါ ဘီယာ ယဉ်ကျေးမှုအတွင်း စီးမျောနေကြသည်မှာ လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ယမ ကာဈေးနှုန်းကို မြင့်မားစွာ ရောင်းချခြင်း၊ အချိန် ကန့်သတ်ချက်၊ အသက် ကန့်သတ်ချက်ဖြင့် ရောင်း ချခြင်း များပြုလုပ်နေသော် လည်း မြန်မာနိုင်ငံတွင် ဘီယာနှင့် အရက်ကိုအသက်အရွယ်မရွေး၊ အချိန်နှင့် နေရာ မရွေးဈေးသက်သာစွာဖြင့် ၀ယ်ယူရရှိနေသည်မှာ လူငယ်များ၏ အကျင့်စာရိတ္တ ကိုပါထိခိုက် ပျက်စီးစေကြောင်းဝေ ဖန်စောင့်ကြည့်သူ တစ်ဦးကပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် အခွန်ဆောင်မှုအပေါ် အခြေခံတွက်ချက်ထားသည့် စာရင်းဇယားများအရ၂၀၁၂ ခုနှစ် ပြည် တွင်း အရက်မျိုးစုံ ပုလင်းပေါင်း (၁၇၂ ဒသမ ၂)သန်း၊ ဘီယာပုလင်းမျိုးစုံ (၆၇ဒသမ ၉၇)သန်း ရောင်း ချခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းတွင် စည်ဘီယာများ၊ ဘီယာသံဘူးများ၊ ပြည်ပမှ တင်သွင်းသည့် တရားမ၀င် အရက် ဘီယာ များ မပါရှိပေ။

ဘီယာ သံဘူးမျိုးစုံ နှင့် စည်ဘီယာကိုပါ ထည့်သွင်း တွက်ချက်ပါက မြန်မာနိုင်ငံအတွင်း ဘီယာပုလင်းနှင့် သံဘူး မျိုးစုံ အရောင်းမှာ သန်း ၁၆၀ အထက် ရှိမည်ဟု စီးပွားရေးပညာရှင်တစ်ဦးကတွက်ချက်ပြသည်။

အရက်ဘီယာ ယမကာထုတ်လုပ် ဖြန့်ဖြူးရောင်းချရန် ခွင့်ပြုခြင်းသည် အစိုးရကို အခွန်အကောက် တိုးမြှင့် ရရှိစေ သည်မှလွဲပြီး တိုင်းပြည်အတွက် မည်သည့်အကျိုးမှမရှိဘဲ ရေရှည်တွင် လူမှုရေးဆိုင်ရာ ဆိုးကျိုး များဖြင့် သာ ရင်ဆိုင်ရမည်ဖြစ်သည်။ ထုတ်လုပ်ရောင်းချသူများအတွက်မူ အမြတ်အစွန်း ကြီးမားသော လုပ်ငန်းဖြစ်သည်။

ဘီယာအရက်သောက်သုံးသဖြင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးထိခိုက်မှုများအပေါ် အရက်နှင့် ဘီယာ ကုမ္ပဏီများက မည်သို့တာဝန်ယူမည်နည်းဆိုသည်ကို မည်သည့် အရက်နှင့် ဘီယာကုမ္ပဏီ ကမှထုတ်ပြန် ထားခြင်း မရှိပါ။

သို့သော်လည်း ယခုအခါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အရက်နှင့် ဘီယာချက် စက်ရုံများကို သမိုင်း တစ်လျှောက် မကြုံဖူးအောင် ခွင့်ပြုပေးနေခြင်းသည် တိုင်းပြည်အတွက် မည်သည့်ကောင်း ကျိုးရှိ သဖြင့် ခွင့်ပြုပေးနေသနည်းဆိုသည်ကို ဖြေကြားစေလိုပါသည်။

အရက်နှင့် ဘီယာသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအပေါ် မည်သူက တာဝန်ယူမည် နည်း ဆို သည်ကို သိလိုပါသည်။

ယခုဆောင်းပါးသည် တစ်ချိန်တွင် အရက်နှင့် ဘီယာများကြောင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွင် ထိခိုက် နစ်နာမှုများရှိပါက အထောက်အထားအဖြစ် အသုံးပြုနိုင်ရန် ရေးသားတင်ပြထားခြင်းဖြစ်သည်။

မီဒီယာမျိုးစုံတွင် တတ်ကျွမ်းနားလည်သူများက ကန့်ကွက်နေပါလျက် အကြောင်းအရာတစ်ခုခုကြောင့် အရက်နှင့် ဘီယာချက် စက်ရုံများ ဆက်လက်ခွင့်ပြုနေမည်ဆိုလျှင် ထိုခွင့်ပြုသူများသည်တစ်ချိန်တွင် သမိုင်း တရားခံများအဖြစ် မှတ်တမ်းအတင်ခံရမည်မှာ ဧကန်မလွဲ ဖြစ်ပေတော့သည်။

မာဂျေ | မြန်မာတိုင်း(မ်)

No comments:

Post a Comment