Monday 20 May 2013

ရန်ကုန်မြို့ ပတ်ဝန်းကျင်အနေအထားမှာ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အဦး မလုံလောက်မှုများကို လေ့လာတွေ့ရှိ..

ရန်ကုန်မြို့တွင် တွေ့ရှိရသော ပတ်ဝန်းကျင်အနေအထားမှာ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အဦ (Infrastructure)မလုံလောက်မှုများ၊ အခြေခံရပိုင်ခွင့်(Base Facility) မလုံလောက်မှုများ၊ စွန့်ပစ်ပစ္စည်း များ စသဖြင့် ပြန်လည်လေ့လာရန် လိုအပ်နေကြောင်း ကိုရီးယား-မြန်မာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုများမှ သိရသည်။ယခုလို ပြဿနာများကို ဖြေရှင်းရန် အတွက် ရေပေးဝေ မှုနှင့် ရေဆိုးစီးဆင်းမှုစနစ်များကို အခြေခံထား၍ အခြေခံလိုအပ်ချက် တိုးမြှင့်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံ အဆောက်အဦတိုးချဲ့မှုစသည့် အစစအရာရာတိုးမြှင့်ဆောင်ရွက်သွားရန် အတွက်ရည်ရွယ်ထားပြီး မိလ္လာရေဆိုးများကို ရှင်းလင်းရန်မှာလည်း လက်ရှိအနေအထားနှင့် ကိုက်ညီသော Treatment System  (ပြန်လည်ပြုပြင်ရေးစနစ်) များဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ကိုရီးယားမှ ပညာရှင် ကပြောကြားခဲ့ကြောင်းသိရသည်။ 
“မိလ္လာရေဆိုး အညစ်အကြေးတွေကို ခေတ်မီနည်းစနစ်နဲ့စနစ်တကျ သန့်စင်စွန့်ပစ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ခြင်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရည်မှန်းချက် လုပ်ငန်းဖြစ် ပါတယ်။ လက်ရှိရေဆိုးစွန့်ပစ်စနစ်ကို ပြုပြင်မွမ်းမံဆောင်ရွက်ခြင်းနဲ့ လူနေ ပမာဏမြင့်မားတဲ့ မြို့နယ် တွေကို ရေဆိုးသန့်စင်စနစ်တိုးချဲ့ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်ဆောင် ရွက် နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်ကပြောကြားခဲ့သည်။ ရန်ကုန်မြို့တော်၏ မိလ္လာပြွန်စနစ်ကို(၁၈၈၈)ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါအချိန်က ရန်ကုန်မြို့လူဦးရေ (၄) သောင်းခန့်အတွက် လျာထား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပင်မလေမှုတ်စက်ရုံကို ဗိုလ်ထောင်မြို့နယ် တွင် ထည့်သွင်းတည်ဆောက်ခဲ့ကာ (၁၉၆၃)ခုနှစ် လမ်းမတော်မြို့နယ်တွင် (၁၈)လမ်းလေမှုတ်စက်ရုံကို ဆက်လက် တည်ဆောက်ခဲ့ခြင်း   ဖြစ်သည်။(၂၀၀၃)ခုနှစ်တွင် ရေဆိုး သန့်စင်စက်ရုံကို ဗိုလ်တထောင်မြို့ နယ်၊ သံလျှပ်စွန်းတွင် တည်ဆောက်ခဲ့ပြီး (၂၀၀၅)ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ပေးခဲ့သည်။လက်ရှိတွင် မြို့တွင်း(၆)မြို့နယ် ရှိ ရေဆိုးစွန့်ပစ်စနစ်နှင့် ချိတ်ဆက်သန့်စင်ပြီး သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ စွန့်ပစ်ဆောင်ရွက်နိုင် ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Myawady News

No comments:

Post a Comment