Monday 20 May 2013

အရက်မူးသမားကဆင်ရိုင်းထံသို့တဟုန်ထိုးပြေးသွား

Photo: အရက်မူးသမားကဆင်ရိုင်းထံသို့တဟုန်ထိုးပြေးသွား
Monday, May 20, 2013

တောင်အာဖရိက၏နာမည် ကျော်ကရူဂါအမျိုးသားဥယျာဉ် တွင် အရက်မူးသမားတစ်ဦးက တောဆင်ရိုင်းတစ်ကောင်ထံသို့ တစ်ဟုန်ထိုးပြေးလွှားသွားခဲ့သည့် ဗွီဒီယိုပုံအား အင်တာနက်တွင် လွှင့်တင်ပေးခဲ့သဖြင့် အုတ်အော် သောင်းနင်းဖြစ်ခဲ့ရသည်။
ကနဦးတွင်ထိုသူအား ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်းထိုသူသည် နားရက်ရရှိထားသည့် လမ်းပြ ၀န်ထမ်းတစ်ဦးသာဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်ကြောင့်ထိုသူအား သဘာဝဘေးမဲ့ဥယျာဉ်တွင်အလုပ် ဆက်လက်ခန့်ထားခြင်းမပြုတော့ ဘဲအလုပ်မှထုတ်ပယ်ခဲ့ကြောင်း အခြားပါဝင်ပတ်သက်နေသူများ အားလည်း စည်းကမ်းပိုင်းဆိုင် ရာများအတိုင်းဆက်လက်ဆောင် ရွက်လျှက်ရှိကြောင်း အမျိုးသား ဥယျာဉ်မှပြောကြားလိုက်သည်။

လွှင့်တင်ထားသောဗွီဒီယိုပိုင်း တွင် သိသိသာသာအရက်မူးနေ သူကကားတွင်းမှထွက်၍တောဆင် ရိုင်းထံသို့တစ်ဟုန်ထိုးပြေးလွှား သွားသည်ကိုအပေါင်းအသင်းများ က အားပေးနေကြပြီး၊ထိုသူသည် ပြေးလွှားရင်းလဲကျသွားသော်လည်း ပြန်ထ၍ဆင်ရှိရာသို့ထပ်မံပြေး သွားသည်ကိုတွေ့ရှိရသည်။

“ဆင်ဆီကိုတည့်တည့်ပြေး” ဟုအော်ဟစ်လိုက်သောအသံတစ် သံကိုလည်းကြားရပြီး ထိုသူမှာ ဗီဒီယိုရိုက်ကူးနေသူဖြစ်ဟန်တူ သည်။ ဆင်ရိုင်းသည် ပထမတွင် နှာမောင်းအားရှေ့သို့ရမ်းလိုက် သော်လည်းချက်ချင်းပင်လွှတ်ရာသို့ ရှောင်တိမ်းသွားခဲ့သည်။ ထိုအချိန် ကျမှအရက်မူးသမားသည်သူ့အား အားပေးနေသည့်အပေါင်းအသင်း များထံသို့လေထဲတွင်လက်သီး လက်မောင်းတန်း၍ ပြန်လာခဲ့ သည်။

ထိုဗွီဒီယိုပိုင်းကလေးသည် ဘေးမဲ့ဥယျာဉ်၏ လမ်းညွှန်မှုများ နှင့်လုံးဝဆန့်ကျင်နေသဖြင့်များစွာ စိတ်ပျက်မိကြောင်း၊ ဟက်တာ နှစ်သန်းကျယ်ဝန်းသော သဘာဝ ဘေးမဲ့ဥယျာဉ်အတွင်း တိရစ္ဆာန် ရိုင်းများသည်တစ်ခါတစ်ရံလာ ရောက်လည်ပတ်သူများအား တိုက်ခိုက်တတ်ကြောင်း၊ဆင်များ မှာ လာရောက်ကြည့်ရှုသူများ၏ မော်တော်ယာဉ်များအားမှောက်ပစ် တတ်သည်ကိုသိရှိထားကြကြောင်း ဘေးမဲ့ဥယျာဉ်မှပြေကြားလိုက်သည်။

Source: Yahoo! News
ဥက္ကာအောင်

The Hot News
တောင်အာဖရိက၏နာမည် ကျော်ကရူဂါအမျိုးသားဥယျာဉ် တွင် အရက်မူးသမားတစ်ဦး က တောဆင်ရိုင်း တစ်ကောင်ထံသို့ တစ်ဟုန်ထိုးပြေးလွှားသွားခဲ့သည့် ဗွီဒီယိုပုံအား အင်တာနက်တွင် လွှင့်တင်ပေးခဲ့သဖြင့် အုတ်အော် သောင်းနင်းဖြစ်ခဲ့ရသည်။

ကနဦးတွင်ထိုသူအား ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်းထိုသူသည် နားရက်ရရှိ ထားသည့် လမ်းပြ ၀န်ထမ်းတစ်ဦးသာဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်ကြောင့်ထိုသူအား သဘာဝဘေးမဲ့ဥယျာဉ် တွင် အလုပ်ဆက်လက်ခန့်ထားခြင်းမပြုတော့ ဘဲအလုပ်မှထုတ်ပယ်ခဲ့ကြောင်း အခြားပါဝင် ပတ်သက်နေသူ များ အားလည်း စည်းကမ်းပိုင်းဆိုင် ရာများအတိုင်းဆက်လက်ဆောင် ရွက်လျှက်ရှိကြောင်း အမျိုးသား ဥယျာဉ်မှပြောကြားလိုက်သည်။

လွှင့်တင်ထားသောဗွီဒီယိုပိုင်း တွင် သိသိသာသာအရက်မူးနေ သူကကားတွင်းမှထွက်၍တောဆင် ရိုင်းထံသို့ တစ်ဟုန်ထိုးပြေးလွှား သွားသည်ကိုအပေါင်းအသင်းများ က အားပေးနေကြပြီး၊ ထိုသူ သည် ပြေးလွှားရင်းလဲကျ သွားသော်လည်း ပြန်ထ၍ဆင်ရှိရာသို့ထပ်မံပြေး သွားသည် ကိုတွေ့ရှိရသည်။

“ဆင်ဆီကိုတည့်တည့်ပြေး” ဟုအော်ဟစ်လိုက်သောအသံတစ် သံကိုလည်းကြားရပြီး ထိုသူမှာ ဗီဒီယိုရိုက်ကူးနေသူဖြစ်ဟန်တူ သည်။ ဆင်ရိုင်းသည် ပထမတွင် နှာမောင်းအားရှေ့သို့ရမ်း လိုက် သော် လည်း ချက်ချင်းပင်လွှတ်ရာ သို့ ရှောင်တိမ်းသွားခဲ့သည်။ ထိုအချိန် ကျမှအရက်မူးသမားသည် သူ့အား အားပေးနေသည့်အပေါင်းအသင်း များထံသို့လေထဲတွင်လက်သီး လက်မောင်းတန်း၍ ပြန်လာခဲ့ သည်။

ထိုဗွီဒီယိုပိုင်းကလေးသည် ဘေးမဲ့ဥယျာဉ်၏ လမ်းညွှန်မှုများ နှင့်လုံးဝဆန့်ကျင်နေသဖြင့်များစွာ စိတ်ပျက် မိကြောင်း၊ ဟက်တာ နှစ်သန်းကျယ်ဝန်းသော သဘာဝ ဘေးမဲ့ဥယျာဉ်အတွင်း တိရစ္ဆာန် ရိုင်းများသည် တစ်ခါတစ်ရံလာ ရောက်လည်ပတ်သူများအား တိုက်ခိုက်တတ်ကြောင်း၊ ဆင်များ မှာ လာရောက်ကြည့်ရှု သူများ၏ မော်တော်ယာဉ်များအားမှောက်ပစ် တတ်သည်ကို သိရှိထား ကြကြောင်း ဘေးမဲ့ ဥယျာဉ်မှပြေကြားလိုက်သည်။

Source: Yahoo! News
ဥက္ကာအောင်
The Hot News

No comments:

Post a Comment