Sunday 19 May 2013

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ
Sunday, May 19, 2013

တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ် အတင်း အဓမ္မ နေခိုင်း ခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိ ကန် .ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။

နယူးယော့ခ်မြို့၊ ကွင်းတရားရုံးတွင် မေလ ၁၇ ရက်နေ့က ရုံးတော်ဖွင့်လှစ် သည်နှင့် ယင်းအ မှုကိုကြား နာခဲ့ ကြောင်း၊ တရာရုံး သို့ စိတ်မကောင်းသဖြင့် ငိုကြွေးနေသည့်မိခင်နှင့် သူမ၏ ညီမဖြစ်သူ တို့ရောက် လာကြပြီး အမှု ရင်ဆိုင်ကြကြောင်း ဒေသတွင်းထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မိခင်ဖြစ်သူ အန်နာ လိုပက်ဇ်က တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် သူမသည် အသက် ၁၅ နှစ်အ ရွယ် သမီးဖြစ်သူကို နယူးယော့ခ်မြို့သို့ ညီမဖြစ်သူနှင့် တရားမဝင်ထည့်ပေးလိုက်ကြောင်း၊ သမီးကို သူမ အနေဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မွေးမြူထိန်းကျောင်းနိုင်ခြင်း မရှိတော့သဖြင့် ထိုသို့ ထည့်ပေး လိုက်ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။

သမီးကို နယူးယော့ခ်တွင်နေထိုင်သည့် ညီမဖြစ်သူ အိန်ဂျလီကာ မင်စီရာ့က မိမိတို့နှင့် အတူ ထားပြီး ကောင်း မွန် သော ဘဝတစ်ခုရောက်အောင် ထူထောင်ပေး မည်ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ် သည်။ သို့သော် မင်စီရာ့စ်သည် တူမကို အမေရိကန်သို့ခေါ်လာသော်လည်း မတော်မတရား ခိုင်းစေ ခဲ့ခြင်းကြောင့် တရားရုံးမှ ဥပဒေအတိုင်း စီစဉ်ဆောင်ရွက်ပေးပါရန် အန်နာကလျှောက်ထားခဲ့သည်။

ရှေ့နေများ လျှောက်လဲချက်အရ ၂၀၁၀ သြဂုတ်လတွင် လိုပက်ဇ်သည် အယ်လ် ဆာဗေးဒိုးနိုင်ငံမှ သမီးဖြစ် သူကို ညီမနှင့် အတူထည့် လိုက်သောကြောင့် အမေရိကန်သို့ရောက်လာကြောင်း၊ တရား မဝင် နိုင်ငံ ဝင်ခွင့် ရရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ တူမဖြစ်သူကို သူတို့နေထိုင်သည့် ရစ်ခ်ျမွန်ဟေးလ်သို့ခေါ်လာကြောင်း၊ အိမ်တွင် သူမ၏ ခင်ပွန်း အသက် ၃၈ နှစ်အရွယ်ရှိ ဂျာဗီးယားက တူမကို မုဒိမ်းကျင့်ခြင်းအား အသက် ၅၈ နှစ်အ ရွယ် အိန်ဂျလီကာက ထိုင်ကြည့်နေကြောင်း၊ ထို့ပြင် တူမကိုလည်း ဘီယာနှင့် အရက်များ အတင်း တိုက်ကြောင်း ထွက်ဆိုသွားခဲ့သည်။

ယခုလအစော ပိုင်းတွင်လည်း အဒေါ်ဖြစ်သူက တူမကို သူမကိုယ်စား ခင်ပွန်းဖြစ်သူနှင့် အတူ အိပ်ပေးရန် တောင်း ဆိုခဲ့သည်။ သူမကိုခေါ်လာစဉ်ကတည်းက ပညာသင်ပေးရန် ကတိပေးခဲ့သဖြင့် ပညာ သင်ကြားပေး ရန် တောင်း ဆိုသော်လည်း အဒေါ်ဖြစ်သူက ငြင်းဆန်ပြီး အတင်းအဓမ္မခင်ပွန်းနှင့် အိပ်ခိုင်း သဖြင့် ထွက်ပြေးကာ ရဲများကို အကူအညီတောင်းခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန်ဂျလီနှင့် ခင်ပွန်းဖြစ်သူတို့သည် မုဒိမ်းမှု၊ အဓမ္မလိင်ကျွန်အဖြစ်စေခိုင်းမှု၊ ကလေးသူငယ်ဆိုင်ရာ မတော်မ တရားပြုကျင့် မှုများဖြင့် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရန်ရှိပြီး ထောင်ဒဏ် ၂၅ နှစ်ခန့် ကျခံရဖွယ်ရှိသည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

မောက္ခ
တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ်အတင်း အဓမ္မ နေခိုင်းခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိ ကန် .ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။
နယူးယော့ခ်မြို့၊ ကွင်းတရားရုံးတွင် မေလ ၁၇ ရက်နေ့က ရုံးတော်ဖွင့်လှစ်သည်နှင့် ယင်းအမှုကိုကြား နာခဲ့ ကြောင်း၊ တရာရုံးသို့ စိတ်မကောင်းသဖြင့် ငိုကြွေးနေသည့်မိခင်နှင့် သူမ၏ညီမဖြစ်သူတို့ရောက် လာကြပြီး အမှု ရင်ဆိုင်ကြကြောင်း ဒေသတွင်းထုတ် သတင်းစာများတွင် ဖော်ပြထားသည်။


မိခင်ဖြစ်သူ အန်နာ လိုပက်ဇ်က တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် သူမသည် အသက် ၁၅ နှစ်အ ရွယ် သမီးဖြစ်သူကို နယူးယော့ခ်မြို့သို့ ညီမဖြစ်သူနှင့် တရားမဝင်ထည့်ပေးလိုက်ကြောင်း၊ သမီးကို သူမ အနေဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မွေးမြူထိန်းကျောင်းနိုင်ခြင်း မရှိတော့သဖြင့် ထိုသို့ ထည့်ပေး လိုက်ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။


သမီးကို နယူးယော့ခ်တွင်နေထိုင်သည့် ညီမဖြစ်သူ အိန်ဂျလီကာ မင်စီရာ့က မိမိတို့နှင့် အတူ ထားပြီး ကောင်းမွန် သော ဘဝတစ်ခုရောက်အောင် ထူထောင်ပေး မည်ဟု ဆိုကာ ခေါ်ဆောင် သွား ခဲ့ခြင်းဖြစ်သည်။ သို့သော် မင်စီရာ့စ်သည် တူမကို အမေရိကန်သို့ခေါ်လာသော်လည်း မတော်မတရား ခိုင်းစေ ခဲ့ခြင်းကြောင့် တရားရုံးမှ ဥပဒေအတိုင်း စီစဉ်ဆောင်ရွက်ပေးပါရန် အန်နာကလျှောက် ထားခဲ့ သည်။


ရှေ့နေများ လျှောက်လဲချက်အရ ၂၀၁၀ သြဂုတ်လတွင် လိုပက်ဇ်သည် အယ်လ် ဆာဗေးဒိုးနိုင်ငံမှ သမီးဖြစ် သူကို ညီမနှင့် အတူထည့် လိုက်သောကြောင့် အမေရိကန်သို့ရောက်လာကြောင်း၊ တရား မဝင် နိုင်ငံ ဝင်ခွင့်ရရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ တူမဖြစ်သူကို သူတို့နေထိုင်သည့် ရစ်ခ်ျမွန်ဟေးလ် သို့ခေါ်လာကြောင်း၊ အိမ်တွင် သူမ၏ ခင်ပွန်း အသက် ၃၈ နှစ်အရွယ်ရှိ ဂျာဗီးယားက တူမကို မုဒိမ်း ကျင့်ခြင်းအား အသက် ၅၈ နှစ်အ ရွယ် အိန်ဂျလီကာက ထိုင်ကြည့်နေကြောင်း၊ ထို့ပြင် တူမကို လည်း ဘီယာနှင့် အရက်များ အတင်း တိုက်ကြောင်း ထွက်ဆိုသွားခဲ့သည်။


ယခုလအစော ပိုင်းတွင်လည်း အဒေါ်ဖြစ်သူက တူမကိုသူမကိုယ်စား ခင်ပွန်းဖြစ်သူနှင့်အတူ အိပ်ပေး ရန် တောင်းဆိုခဲ့သည်။ သူမကိုခေါ်လာစဉ်ကတည်းက ပညာသင်ပေးရန် ကတိပေးခဲ့သဖြင့် ပညာ သင်ကြားပေးရန် တောင်းဆိုသော်လည်း အဒေါ်ဖြစ်သူက ငြင်းဆန်ပြီး အတင်းအဓမ္မခင်ပွန်းနှင့် အိပ်ခိုင်း သဖြင့် ထွက်ပြေးကာ ရဲများကို အကူအညီတောင်းခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည်။


အိန်ဂျလီနှင့် ခင်ပွန်းဖြစ်သူတို့သည် မုဒိမ်းမှု၊ အဓမ္မလိင်ကျွန်အဖြစ်စေခိုင်းမှု၊ ကလေးသူငယ်ဆိုင်ရာ မတော်မတရားပြုကျင့် မှုများဖြင့် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရန်ရှိပြီး ထောင်ဒဏ် ၂၅ နှစ်ခန့် ကျခံရဖွယ်ရှိသည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။


မောက္ခ

No comments:

Post a Comment