
အခုတော့ ဆရာဂူးဂယ်ကို ကျေးဇူး ထပ်တင်ရတော့မှာပ။ မသုံးဖြစ်တော့တဲ့ အီးမေးလ်ကို ကာလတစ်ခု အကြာမှာ အလိုအလျောက် ပိတ်သွားစေဖို့ဖြစ်စေ၊ အခြားသော အီးမေးလ်တစ်ခုထံကို အလိုအလျောက် ဆက်သွယ် ပေးဖို့ဖြစ်စေ စီစဉ်ထားရစ်ခဲ့နိုင်ပါတယ်။
အမွေကိစ္စ၊ ကျုပ်ရဲ့ နာရေးကို လှတ၊ ပတဖြစ်အောင် ဘယ်လိုစီစဉ်ရမယ်ဆိုတာတွေ ပြီးစီးသွားတဲ့ အခါမှာ နောက်ထပ် အလုပ်တစ်ခုအနေနဲ့ လုပ်ရဦးတော့မယ်။ Google ရဲ့ Inactive Account Manager ကို ကျုပ်ရဲ့ နောက်ဆုံးအချိန်မှာ သုံးခွင့်ပေးကြပါဦး။
ကျုပ်ဘ၀ ကူးပြောင်းသွားတဲ့အခါမှာ (ကာလတခုအကြာမှာ) အရှင် Google ဟာ ဒုတိယမြောက် အီးမေးလ်အကောင့်ဆီကို မတ်ဆေ့ခ်ျတွေ ပေးပို့နေလိမ့်မယ်။ ပြန်စာ မရခဲ့ရင်တော့ အရှင် Google ဟာ သဘောပေါက်လိုက်ပါလိမ့်မယ်။ ကျုပ်ဟာ ကံကြမ္မာဆိုး (တာဝတိံသာ ရောက်ပြီး အကောင်းလည်း ဖြစ်ချင် ဖြစ် မှာနော့..) တစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရပြီး Google ဘ၀ထဲကနေ အပြီးအပိုင် အနိစ္စသဘောနဲ့ ကိစ္စရှောသွားပြီလို့။
ကျုပ်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကိုလည်း အရှင် Google ဟာ နိဂုံးလှလှ ချုပ်ပေးရပါလိမ့်ဦးမယ်။ အင်း.. မွေးမေ့ အသက်အပြင်၊ အရှင် google ရဲ့ ဒစ်ဂျစ်တယ် အသက်ကလည်း ရှိသမှုတ်လား။ ယခုဘ၀မှာ ခင်မင်ရင်းနှီးခဲ့ရသူ တစ်ဦးဦးကိုကိုယ့်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကို ဆက်လက် နှင်းအပ်ခဲ့ချင် ရင်လည်း ရတယ်တဲ့။ ကိုယ်ရဲ့ ဒစ်ဂျစ်တယ်အသက်ကို ပေးအပ်ပါရစေကွယ်။
ကိုင်း ဒစ်ဂျစ်တယ် ဈာပန ချကြရအောင်... ၃ ခါ လိုက်ဆို။
ဂူဂယ် သရဏံ ဂစ္ဆာမိ
ဒစ်ဂျစ်တယ် သရဏံ ဂစ္ဆာမိ
Facebook သရဏံ ဂစ္ဆာမိ
သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော ဖွင့်လှစ်ထားသော ဒစ်ဂျစ်တယ် အကောင့်တို့သည်၊ အနိစ္စာ၊ တချိန်ချိန်တွင် ပိတ်သွားခြင်းသည်သာလျှင် နိဂုံးကမ္ပတ် အဆုံးသတ် ရချေပါတကား။
ဒစ်ဂျစ်တယ်သစ္စာနဲ့
သျှင်အနုရောဓိ
မောက္ခမဂ္ဂဇင်း
No comments:
Post a Comment