Sunday 21 April 2013

ကလောမြို့နယ် အတွင်း ပြည်သူများ CDMA 800-MHz မိုဘိုင်းလ်ဖုန်းများ ဝယ်ယူခွင့် ရရှိရေး လျှောက်ထားလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက CDMA 800-MHz မိုဘိုင်းလ်ဖုန်းများအား ဝယ်ယူခွင့်ရရှိရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။
အဆိုပါ CDMA 800-MHz မိုဘိုင်းလ်ဖုန်းအား ဧပြီ ၂ဝရက် နှင့်၂၁ ရက်တွင် လျှောက်လွှာ၊ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စု စာရင်းတို့ဖြင့် လျှောက်ထားနိုင်ပြီး ဧပြီ ၂၂ ရက်တွင် လျှောက်လွှာ အရေအတွက်ပေါ် မူတည် ၍ မဲနှိုက် ပေးမည်ဖြစ်သည်။

ကလောမြို့နယ် အတွင်း CDMA 800-MHz မိုဘိုင်းလ်ဖုန်း ၄၂ဝဝ လုံး ရောင်းချပေးမည် ဖြစ်၍ မဲပေါက်သော ပြည်သူ ၄၂ဝဝ ဦးအား ဧပြီ ၂၄ ရက် တွင် စတင် ရောင်းချ ပေးသွားမည် ဖြစ်၍ CDMA 800-MHz မိုဘိုင်းလ် ဖုန်းများအား တောင်ကြီး၊ ကလော၊ ဗထူး၊ ခိုလမ်၊ အောင်ပန်း၊ ဆီဆိုင်၊ ဟိုပုံး၊ မိုင်းပန်၊ လင်းခေး မြို့များတွင် မဲစနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment