Wednesday 20 March 2013

မြန်မာ့ အမြင့်ဆုံး ခါကာဘိုရာဇီတောင် အနီးရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့တက်ရောက်လိုသူများး Htooဖောင်ဒေးရှင်း သို့ဆက်သွယ်နိင်



ရန်ကုန်၊မတ်လ ၂၀ ရက်

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတောင် အနီးရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက် လိုသူများ Htooဖောင်ဒေးရှင်း သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
ဂမ်လန်ရာဇီတောင်သို့ လိုက်ပါ တောင်တက်လိုသူများ Htoo Foundation Facebook စာမျက်နှာသို့ လာမည့် ဧပြီလ (၅) ရက်နေ့မှ စ၍ Message ပို့ စာရင်းပေးပို့နိင်ပြီး နိုင်ငံခြားသား တောင်တက် ဆရာနှင့် လေ့ကျင့် ပေးမည် ဖြစ်ကြောင်းသိရသည်။

ဂမ်လန်ရာဇီတောင်တက်ရင်းလမ်းတလျှောက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါပူးတွဲ ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည် များကို စီစဉ်ပေးမည် ဖြစ်ကြောင်းသိရသည်။

အလားတူ Mount Everest ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကို မိမိတို့၏ Htoo Foundation မှ နိုင်ငံတကာတောင်တက်အားကစားနှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ရမည့် Ethic များ၊ Teamwork များ လေ့လာသိရှိနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပြီးတက်ရောက်ရန် ရွေးချယ်ခံရ မည့်သူ များအားလည်း နိုင်ငံခြားတွင် သင်တန်းပေးသွားရန် စီစဉ်ထားကြောင်းသိရသည်။

ref:Popular Myanmar

No comments:

Post a Comment