Wednesday 20 March 2013

၂၂ ဘီး ယာဉ်ပေါ်မှ ကတ္တရာ ပီပါများ ဆိုင်ကယ်ပေါ် ပြုတ်ကျ သုံးဦး သေဆုံး



ကျောက်တံခါး မြို့နယ် ဂနက် ကျေးရွာ ရန်ကုန်- မန္တလေး ကားလမ်း မိုင်တိုင် အမှတ် (၁၁၃/ဝ) နှင့် (၁၁၃/၁) အကြား၌ မတ် ၁၆ ရက် မွန်းလွဲပိုင်းက ကတ္တရာ ပီပါများ တင်ဆောင် လာသော ၂၂ ဘီး ယာဉ်ပေါ်မှ ကတ္တရာ ပီပါများ ပြုတ်ကျရာ နောက်တွင် ပါလာသော ဆိုင်ကယ်ပေါ် ပါရှိသူ သုံးဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း မင်းဦး ၃၅ နှစ် (ဘ) ဦးစိန်ချော (၁၁)လမ်း (၁၁) ရပ် ကွက် တောင်ငူမြို့ နေသူ မောင်းနှင် လာသည့် ယာဉ်အမှတ် ၂င/----၂၂ဘီး ဒေါင်ဖန်း အဖြူရောင် ယာဉ်သည် ကတ္တရာ ပီပါ ၁၈၅ လုံး တင်ဆောင်၍ မောင်းနှင်လာစဉ် ပွတ်ခရီး ရွာကွေ့ အလွန်တွင် ဂျက်ကြိုးပြတ်၍ နောက်တွင် ပါရှိသော လော်ဂျား ဆိုင်ကယ် ၁၁ဝ (အနက်ရောင်)ပေါ်သို့ ကတ္တရာ ပီပါများ ပြုတ်ကျခဲ့ရာ ဆိုင်ကယ် မောင်းနှင် သူ မောင်ရာဂျစ်ကူးမား ၂၅ နှစ် (ဘ)ဦးရပ်ကူးမား စီကူ ကျေးရွာ နောက်မှ လိုက်ပါ လာသော၎င်း၏ အစ်မဖြစ်သူ မရူရကီ၂၇ နှစ်၊ တစ်ရွာတည်းနေ မစုနိုင်းနိုင်း ၂ဝ နှစ်(ဘ) ဦးဘာစံသလားတို့ သုံးဦးအနက် မောင်ရာဂျစ် ကူးမားနှင့် မစုနိုင်းနိုင်း တို့သည် ခန္ဓာကိုယ် တစ်ခုလုံး ကြေကာ နေရာ တွင် သေ ဆုံးခဲ့ပြီး မရူရကီမှာ ခြေ/လက်နှင့် နံရိုးများ ကျိုးသဖြင့် ကျောက်တံခါး မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသော ဒဏ်ရာ များဖြင့် သေဆုံး ခဲ့သည်။ ယာဉ်မောင်း မင်းဦးမှာ ယာဉ်အား ထားရှိ၍ ထွက်ပြေး တိမ်းရှောင် သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တံခါး ရဲစခန်းမှ ယာဉ်မောင်း မင်းဦးအား (ပ)၃/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၂ဝ၂/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
ref:မြ၀တီ

No comments:

Post a Comment