Wednesday 20 March 2013

မော်တာလက်နက်အသုံးပြုခွင့် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပိတ်ပင်



ဝါရှင်တန်၊ မတ်လ ၂၀ ရက်


မရိန်းစစ်သားများ သေဆုံးစေသည့် မတော်တဆမှုနောက်ပိုင်း ယခုဖြစ်စဉ်နှင့် စပ်ဆက် သည့် မော်တာ လက်နက်ကို အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်က အသုံးပြုခွင့် ပိတ်ပင် လိုက်ပြီ ဖြစ် သည်။ မော်တာ ကျည်ဆန် တစ်ခု မတော်တဆ ပေါက်ကွဲမှုကြောင့် နီဗားဒါးတွင် ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် မရိန်းစစ်သား (၇)ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ တပ်ဖွဲ့များ သည် တောင်ေ ပ်ါဒေသ စစ်ဆင်ရေး အစီအမံများအတွက် လေ့ကျင့်မှု ပြုလုပ်နေခြင်း ဖြစ်သည်။ တနင်္လာနေ့ ညက မတော်တဆမှု ဖြစ်ပွားပြီးသည်နှင့် ပင်တဂွန်က ချက်ချင်း ချဉ်းကပ် အရေးယူရန် ဆုံးဖြတ် ကာ ယင်းမော်တာအမြောက် အသုံးပြုခွင့်ကို တားဆီး ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
(မတော်တဆမှုဖြစ်ပွားခဲ့သည့် စစ်ရေးလေ့ကျင့်စခန်း)

ဟော်သွန်းစစ်စခန်းရှိ မရိန်းတပ်ဖွဲ့များ အသုံးပြုသည့် အဆိုပါ 60mm မော်တာအမြောက်အတွင်း ကျည်ဆန် ထည့် လိုက်ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ စစ်စခန်းမှ ဗိုလ်မှူးချုပ် ဂျင်လုခ်မန်းက မိမိတို့ အနေဖြင့် ဖြစ်စဉ်ကို စုံစမ်းနေဆဲဟု ဆိုသည်။ ပင်တဂွန်သည် စိတ်ကျေနပ်လောက်စရာ အဖြေရှာမတွေ့မ ချင်း အဆိုပါ လက်နက်ကို အသုံးပြုခွင့် ယာယီ ပိတ်ပင်ထားမည်ဟု ပြောကြားထားသည်။ အစောပိုင်းက ပင်တဂွန်က အဆိုပါ စစ်လက်နက်ကို ထုတ်လုပ်ရောင်းချသော ကုမ္ပဏီ အမှတ်တံ ဆိပ်ဖြစ်သော ပေါက် ကွဲစေနိုင်သည့် လက်နက်အားလုံးကို ခေတ္တ ပိတ်ပင်ခဲ့သေးသည်။

ပေါက်ကွဲမှုတွင် မော်တာလက်နက် တစ်ခုတည်း ဟုတ်မဟုတ် ဆိုသည်ကို သတင်းများအရ ရှင်းရှင်း လင်းလင်း ကွဲကွဲပြားပြား မသိရသေးချေ။ မရိန်းတပ်ဖွဲ့က အင်္ဂါနေ့တွင် မရိန်းစစ်သည် (၇)ဦး အသက်ဆုံး ရှုံးကြောင်း ကြေညာခဲ့ပြီး အခြေအနေ အလွန်ဆိုးသူ (၅)ဦးရှိကြောင်း သိရသည်။ သေဆုံးသူများ၏ အမည်နှင့် ရာထူးကို မိသားစုထံ အသိပေးပြီး (၂၄)နာရီအတွင်း ကြေညာဦးမည် မဟုတ်ဟုလည်း ဆိုသည်။ အခင်းဖြစ်ပွားရာ နေရာသည် မြေပြင်သဏ္ဍန် ဖွဲ့စည်းပုံအရာ အာဖဂန် နစ္စတန်နှင့် ဆင်တူခြင်းကြောင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်လေ့ ရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။


ref:planet

No comments:

Post a Comment