နေပြည်တော်၊မတ်လ ၂၀ ရက်
ငွေဆောင်ကမ်းခြေကိုအရှေ့တောင်အာရှတွင်အကြီးဆုံးကမ်းခြေအဖြစ်အကောင် အ ထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာ နမှသိရသည်။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးဦးလှမိုးက“ငွေဆောင်ကမ်းခြေ ဖော်ဆောင် ရာမှာအပိုင်း(၁)ရယ်(၂)ရယ်ဆိုပြီးရှိတယ်။အဲဒီအထဲမှာအပိုင်း (၁) ကတော့ အကောင်အထည် ဖော်ပြီးနေပြီ။ အပိုင်း (၂) ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိတယ်။ ဒါပေမဲ့ အပိုင်း (၂) မှာ ဒေသခံတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေရတယ်လို့ ကြားတယ်” ဟု ဆိုသည်။ ငွေဆောင်ကမ်းခြေ စီမံကိန်း အပိုင်း (၂) ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးလျှင်အရှေ့တောင်အာရှတွင်အကြီးဆုံးကမ်းခြေဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနမှ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ငွေဆောင်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက “မြန်မာနိုင်ငံမှာ ဒီလိုရှည်လျားတဲ့ ကမ်းခြေတွေ အများကြီးရှိတယ်။ အဲဒီအထဲမှာမှ ငွေဆောင်ကို ရွေးဖြစ်တယ်ဆိုတော့ ကောင်းပါတယ်။ တကယ့်အပန်းဖြေ ကမ်းခြေကြီး ဖြစ်ပြီဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုး လာနိုင် တယ်” ဟု သုံးသပ်သည်။ ထပ်မံဆောင်ရွက်မည့် ငွေဆောင် အပိုင်း (၂) စီမံကိန်းမှာ ချစ်သူများ ကျွန်းမှ ငရုတ်ကောင်း ကျေးရွာအထိ ဆက်လက် အကောင် အထည် ဖော်ရမည်ဖြစ်ပြီး လေးမိုင်ခွဲခန့်ရှိပြီး တည်ဆောက်ချိန် လေးနှစ်မှ ငါးနှစ် ကြာမြင့်နိုင်ကြောင်း သိရသည်။ အဆိုပါ လက်ရှိ ငွေဆောင်ဇုန် အပိုင်း (၁) တွင် ဟိုတယ် ၂၁ လုံးခန့် ရှိပြီး အပိုင်း (၂) ကို ဆက်လက် အကောင် အထည် ဖော်ပြီး ပါက ငွေဆောင် အပန်းဖြေ စခန်းသည် အရှေ့တောင်အာရှတွင် အရှည်ဆုံး ပင်လယ် အပန်းဖြေစခန်း ဖြစ် လာ မည်ဖြစ်ကြောင်း သိရသည်။
ref:yadanarpon
No comments:
Post a Comment