ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အ တွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးချက်အရ ဘင်္ဂါလီများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် ခရိုင် မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ ) ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြိတ်မြို့နယ်အတွင်း လိုက်လံ ရှာဖွေ ခဲ့ကြရာ မတ်လ (၁၉) ရက်နေ့ ည (၇) နာရီ အချိန် ခန့်တွင် မြိတ်မြို့ မဇော ကျေးရွာအုပ်စု ရှမ်းထိန်ကျေးရွာ အနီး ချောင်းကမ်းစပ် ဓနိတောများ အတွင်း မှ ဘင်္ဂါလီ အမျိုးသမီး (၈) ဦးအား လည်းကောင်း၊ ၄င်းတို့ စီးနင်း အသုံးပြုခဲ့သည့် အလျား (၅၀) ပေ ၊ အနံ (၁၂) ပေ အရွယ်ရှိ သစ်သားလှေ တစ်စီးအား မြင်းကောင်ရေ (၂၅) ကောင် တရုတ်အင်ဂျင်စက် (၂) လုံးတို့ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုသို့ ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ဖမ်းဆီးရမိပြီးနောက် စစ်ဆေး ချက် များ အရ ထပ်မံ ကျန်ရှိသေးကြောင်း သတင်းရသဖြင့် တာဝန်ရှိသူများက ရှာဖွေ ဖမ်းဆီး လျက် ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ကလည်း မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီ လူမျိုး (၆၅) ဦးခန့် အား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ၄င်းတို့သည် ဘင်္ဂ လားဒေ့ ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင် ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေ ပေးပြီး ထိုင်းနိုင်ငံသို့ အလုပ် လုပ်ရန်အတွက် သွားရောက်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် မြိတ်မြို့သို့ ရောက်ရှိ လာခဲ့သည်ဟု ထွက် ဆိုခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - zaw zaw myeik
ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်
ref:မြိတ်ပုလဲမြေ
Zinyaw news
No comments:
Post a Comment