Wednesday 20 March 2013

တောင်ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာကွန်ရက်များ တုံ့ဆိုင်းနှေးကွေးမှုဖြစ်ပေါ်



တောင်ကိုရီးယား ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံ၏ အထင်ကရ လုပ်ငန်းကြီး အချို့ တွင် ကွန်ပျူတာ ချိတ်ဆက်မှု ကွန်ရက်များ တုံ့ဆိုင်းနှေးကွေးသွားသည့် ကိစ္စအပေါ် စုံစမ်းနေကြောင်း သိရှိရ သည်။ တောင်ကိုရီးယား၏ အဓိက သတင်းဌာနအချို့နှင့် ဘဏ်ကြီးများတွင် ကွန်ရက်စနစ်များ တုံ့ဆိုင်း သွားပြီး အသုံးပြုမ ရ ဖြစ်ခဲ့ခြင်းမှာ မည်သည့် အကြောင်းရင်းကြောင့် ဆိုသည်ကို အတိအကျ မသိ ရသေးေ ချ။ အချို့က ယင်းသည် မြောက်ကိုရီးယားက လက်တုံ့ပြန်သော ဆိုင်ဘာတိုက် ခိုက်မှု ဖြစ်နို င်ကြောင်း ခန့်မှန်းထားကြသည်။

အစောပိုင်း ရက်အနည်းငယ်က ပြုံယမ်းတွင် ဝက်ဘ်ဆိုက်အချို့ ယာယီ ရပ်ဆိုင်းသွားခဲ့သည့် ကိစ္စသည် ယခြု ပဿနာနှင့် ဆက်စပ်နေကြောင်း ထင်ကြေးများလည်း ရှိနေသည်။ KBSနှင့် MBCသတင်းဌာနမှ တာဝန်ရှိ သူများက ဒေသစံတော်ချိန် မတ်လ ၂၀ ရက်၊ နေ့လယ်(၂)နာရီတွင် ရုံးမှ ကွန်ပျူတာအားလုံး ကွန်ရက် ကျဆင်းကုန်ကြောင်း ပြောကြားခဲ့သည်။ ယင်းအတွက်မူ လက်ရှိ နေ့စဉ်ထုတ်လွှင့်နေသော အစီအစဉ်များအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဆိုသည်။

တောင်ကိုရီးယား အစိုးရ၏ သတင်းအချက်အလက် လုံခြုံရေး အေဂျင်စီက အနည်းဆုံး တောင်ကိုရီးယား ကုမ္ပဏီကြီး (၅)ခုတွင် ကွန်ရက်ပြဿနာများ ဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ တောင်ကိုရီးယားတွင် စတုတ္ထ အကြီးဆုံး ဘဏ်ဖြစ်သော ရှင်ဟန်ဘဏ်လည်း ယခုထိခိုက်မှုတွင် ပါဝင်ခဲ့ပြီး Online Bankingနှင့် Automated Teller Machine စနစ်များ အလုပ်မလုပ်ဘဲ ဖြစ်ကုန်သည်။ ကွန်ပျူတာ စနစ် အခက် အ ခဲကြောင့် ဘဏ်ဝန်ထမ်းများသည် ဖောက်သည်များကို ဝန်ဆောင်မှု မပေးနိုင်သည့် အခြေအနေမျိုးပါ ဆိုက်ရောက် လာခဲ့ကြောင်း သိရှိရသည်။

Source: AP,planet

No comments:

Post a Comment