Saturday 9 March 2013

Facebook ကိုအသွင်အပြင်အသစ်နဲ့တွေ့မြင်ရတော့မည်

ကမ္ဘာကျော်လည်းဖြစ် Social Website တို့ရဲ့ဘုရင်လို့တောင်တင်စားခေါ်နိုင်မှာကတော့ Facebook ဖြစ်ပါတယ်။ ကမ္ဘာတစ် ၀ှမ်းမှအသုံးပြုသူဦးရေ သန်းပေါင်းတစ်ထောင်ကျော်ခဲ့တဲ့ ပထမဆုံး Social Website တစ်ခုလည်းဖြစ်လာခဲ့တာပါ။ ဆိုရှယ် Website တွေတပုံတပင်ကြီး ထွက်ပေါ်လာချိန်မှာတောင်သုံးစွဲသူဦးရေဟာ Facebook မှာတစ်နေ့တခြားများပြားလျှက်လည်
ရှိပါတယ်။ 
 
Facebook ဆိုတဲ့ Social Website ကို ဖေဖော်ဝါရီလ 4 ရက် 2004 ခုနှစ်မှာစတင် တည်ထောင်ခဲ့တာဖြစ်ပြီး Mark Zuckerberg, Eduardo Saverin, Andrew McCollum, Dustin Moskovitz နဲ့ Chris Hughes တို့က C++ နဲ့ PHP ပရိုဂရမ်းမင်း ဘာသာရပ်တွေနဲ့လည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပမှာ ကုမ္ပဏီကြီးကြီးကနေ၊ ကုမ္ပဏီအသေး
တွေ၊ နာမည်ကြီး Website နဲ့ Blog တွေဟာ Facebook ရဲ့စာမျက်နှာတွေပေါ်ကိုရောက်ကုန်ပါတယ်။ သတင်းအချက် အလက်တွေ ကိုလည်းအချိန်နဲ့အမျှရှယ်ယာလုပ်နိုင်တာကြောင့်လူကြိုက်များရတာလည်းဖြစ်ပါတယ်။


Facebook အသုံးပြုသူစာရင်းကိုလေ့လာကြည့်ရအောင်။ August 26, 2008 မှာ Facebook အသုံးပြုသူသန်း တစ်ရာပြည့်ခဲ့သလို April, 8, 2009 မှာ သန်းနှစ်ရာ၊ September 15, 2009 မှာသန်းသုံးရာ၊ February 5, 2010 မှာတော့ သန်းလေး ရာ၊ July 21, 2010 မှာတော့သန်းငါးရာ၊ January 5, 2011 မှာတော့သန်းခြောက်ရာ၊ May 30, 2011 မှာတော့သန်း
ခုနှစ်ရာ၊ September 22, 2011 မှာတော့သန်းရှစ်ရာ၊ April 24, 2012 မှာတော့သန်းကိုးရာနဲ့ယခုနောက်ဆုံး October 4, 2012 မှာတော့သန်းတစ်ထောင်ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိ Facebook အတွင်း Personal Profile, Page, Message, Game နဲ့အခြားဝန်ဆောင်မှုများစွာကိုပေးဆောင်လျှက်ရှိပါတယ်။

2013 ခုနှစ် March လ 7 ရက်နေ့မှာတော့ Facebook ကိုတည်ထောင်ခဲ့သူဖြစ်တဲ့ Mark Zuckerberg ဟာ headquarters in Menlo Park,Calif မှာပြုလုပ်ခဲ့တဲ့ Event အတွင်းမှာအခုလို Facebook ရဲ့ News Feed ကိုပြောင်းလည်းတော့မှာဖြစ်တယ်လို့ကြေညာ ခဲ့တာဖြစ်ပါတယ်။ မစ္စတာ Mark Zuckerberg ရဲ့ပြောဆိုချက်အရ News Feed ဟာအရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ခုမှာရှိနေတဲ့အတွက် အသုံးပြုသူတွေကိုပိုမိုကောင်းမွန်တဲ့ UI နဲ့မိတ်ဆက်ပေးမှာလည်းဖြစ်ကြောင်းအဆိုပါ Event မှာပြောဆိုခဲ့တာပါ။ သတင်းစာ Website ကဲ့သို့ Contentတွေကိုပြောင်းလည်းမယ်လို့လည်းပြောဆိုခဲ့ပြီး အဓိကအားဖြင့် အ နေနဲ့ကတော့ Music,Photos နဲ့ Video တွေကိုပိုမိုကောင်းမွန်တဲ့ အနေအထားကိုရောက်အောင်ဖန်တီးပေးမှာဖြစ်တယ် လို့ လည်းသိရပါတယ်။ နောက်ထပ် မစ္စတာ Mark Zuckerberg ပြောသွားတာကတော့ ယခုနောက်ဆုံးမိတ်ဆက်ပေးတော့မယ့် News Feed ဟာမိုဘိုင်း Device တွေနဲ့ PC မှာသုံးတဲ့အခါကွဲပြားခြားနားတဲ့ဒီဇိုင်း နဲ့တွေ့မြင်ရတော့မှာမဟုတ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

ref:TechSpace Journal

No comments:

Post a Comment