Saturday 9 March 2013

'' ခေတ်သစ် မိခင် တစ်ယောက် ၏ .... ခေတ်ရေစီးကြောင်း သောက ''



ညတုန်း က အိပ်မပျော်တာ နဲ့ မကြည့်စဖူး ဆိုင် က ကလေးတွေ ကြည့်နေကြတဲ့ ဘာကားမှန်း မသိတဲ့ ရုပ်ရှင်ကား တ ကား တောင်းပြီး ကြည့်မိတယ် .... ပညာပေးကားဘဲပေါ့ .... ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ထားတာ '' တစ်ရှက် က နှစ်ရှက် '' တဲ့ .... လူ မင်း ၊ ၀တ်မှုန် ရွှေရည် ၊ ကိုပေါက် .... တို့ အဓိက ပါတယ် ....
လူမဆန်တဲ့ ယောကျာ်း တစ်ယောက် နဲ့ Online ပေါ်မှာ သိကျွမ်းကြရင်း ... မိန်းကလေး တွေ တစ်ယောက်ပြီး တစ်ယောက် ဘ၀ ပျက်ပြီး ... Internet ပေါ် Video File တွေ ရောက်ပြီး အရှက်ကွဲကြလို့ ... သေတဲ့ မိဘ က သေ ၊ ရူးတဲ့ မိဘ က ရူး နဲ့ ... တော်တော်လေး ဇာတ် နာထားတဲ့ ဗီဒီယို ကားပါ .... ကြည့်မိတဲ့ သမီးရှင်တွေ ရူးကြမလား လို့ ပြောခဲ့သလိုပါဘဲ .... အဲဒီ ရုပ်ရှင်ကြီး ထိုင်ကြည့်ရင်း အိပ်ပျော်နေတဲ့ .... သမီးလေး ကို ထိုင်ကြည့်ရင်း .... ငါ့ သမီး သာ ... အဲဒီလို လူယုတ်မာ နဲ့ တွေ့ပြီး အဲဒီလို ဘ၀ မျိုးရောက်ခဲ့ရရင် ... ဘုရား ... ဘုရား .... ဆိုပြီး မတွေးဖူး တာတွေ လျှောက်တွေးရင်း ရုပ်ရှင် ပြီးသွား တာ တော်တော်ကြာ တဲ့ အထိ ကလေး တစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေမိတယ် ...

ရုပ်ရှင် ဆိုတာ ရုပ်ရှင် ပါဘဲ ... လို့ပြောရအောင် လည်း ခေတ် ကို တည့်တည့်ကြီး မြင်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင် ဖြစ်နေတော့ ... ဘာပြောရမလဲ .... ကျွန်မ တို့ ငယ်ငယ်တုန်း က အားနေရင် အကြောင်းရှိရှိ ၊ မရှိရှိ ၊ မိန်းကလေး / ယောကျာ်းလေး မရွေး ဖုံးတွေ ထိုင်ထိုင် ပြောကြရင်း စိတ်လေတဲ့ ဘ၀ စကြတယ် ... အခု ဆို ဖုံးတွေ က ဖောချင်းသောချင်း .... မူကြို ကလေး ၊ သူငယ်တန်း ကလေး က အစ ... Hand Phone လေး နဲ့ ... အရေးအကြောင်း ကားလိုရင် လှန်းမှာနိုင်အောင်တဲ့ ... Hand Set လှလှလေး တွေ အရွယ် နှင့် မမျှ သူ့ထက် ငါ အပြိုင်အဆိုင် ... သုံးရင်း Game တွေ လည်း ဆော့ကြ နဲ့ ပေါ့ ...

GINGER လေး .... Hand Phone ကိုင်ချင်တယ် ... ပူဆာလာရင် ... ဘယ်လို အကြောင်းပြပြီး ငြင်းရမလဲ ဆိုတာ ... ကို တွေး ထား တာတောင် မကြာသေး ဘူး ... အခု နောက် တစ်မျိုး တွေးနေရပြီ ... မျက်စိ ပိတ်ထားလို့ မရတဲ့ သိပ်မြန် တဲ့ ခေတ်ရေစီးကြောင်း တစ်ခု ကို ... ကောင်းတာ လည်း သူ နားလည်လာအောင် ၊ မကောင်းတာ လည်း သူ သိပြီး ရှောင်ကြဉ် တတ် လာအောင် ... ( သူ့ကိုယ်စား ... ကိုယ် အရင် စပြီး မှားပြ / ပြင်ပြ / နောင်တ ဘဲ ရပြရမလား ) ... Internet ဆိုတာကြီး ကို သူ စထိတော့ မယ် ဆိုတဲ့ နဲ့ .... ကလေး အရွယ် သမီးလေး ရဲ့ အတွေးထဲ ဘာစ ရိုက်သွင်းပြီး သင်ပေးထားရမလဲ ကို .... သမီးရှင် တစ်ယောက် ရဲ့ အမေ ပီသစွာ နဲ့ .... အခု မှ ငါးနှစ်တောင် မပြည့်သေးတဲ့ သမီးလေး အတွက် ..... ဘယ်လောက် သောကများပြီး ပူလောင် ခံစားနေရတယ် .... သမီးလေး ... ဘယ်လို သိနိုင်ပါ့မလဲ ....

ကျွန်မ ငယ်ငယ်တုန်း က အမေ က ပြောခဲ့ဖူးတယ် ... ကိုယ့် အိမ် ၊ ကိုယ့် ယာ ... ဒီ ခြံ ၊ ဒီ ၀င်းကြီး မှာဘဲ နေပြီး အပြင် လော ကကြီး အကြောင်း ဘာမှ မသိတဲ့ အတွက် .... သူ မရှိတဲ့ အခါ ကျွန်မ ဘယ်လို နေကျန်ရစ်မလဲ ဆိုတာ ကို သူ အမြဲ တွေးပြီး စိတ်ပူပါတယ် .... တဲ့ .... အဲဒီတုန်း စိတ် အရမ်းပူ တတ်တဲ့ အမေ ကို ... အပြင် လောကကြီး အကြောင်း သိပါတယ် ... မေမေ ရယ် .... ကျောင်းတွေ လည်း တက်တယ် ... ကျူရှင်တွေ လည်း တက်တယ် ... အဲဒီ မှာ ပုံစံ အမျိုးမျိုး နဲ့ သူငယ်ချင်း တွေ နဲ့ လည်း သိရ တယ်လေ .... စိတ်မပူပါနဲ့ ... မေမေ ရယ် ... မေမေ့ သမီး က လည်ပါတယ် ... လို့ ... အရမ်း စိုးရိမ်တတ်တဲ့ အမေ ရဲ့ အ ပူ ကို ဘာ အဓိပ္ပါယ် နဲ့ သူ စိုးရိမ် လို့ စိုးရိမ် ပူပန်မှန်း မသိစွာ နဲ့ ... ပြန်ပြီး နှစ်သိမ့် ခဲ့မိတယ် ....

အမေ က သိပ်စိတ်ပူတတ်တဲ့ အတွက် ... ကျွန်မ ဘယ်သွားသွား ဘယ် လာလာ တစ်ယောက်ထဲ မလွှတ်ဘဲ .... သူ တစ်ေ ကာက်ကောက် လိုက်ခဲ့တယ် ... သူများတကာတွေ ထက် ထူးပြီး ... ကလေး တစ်ယောက် လို အလိုက်ကန်း ဆိုး ၊ အရိပ်အကဲ လုံးဝ မသိ နားမလည်တတ်ခဲ့တဲ့ ... ကျွန်မ ကို သိပ် စိတ်ပူပါတယ် ..... ဆိုတဲ့ ကျွန်မ သိပ်ချစ်တဲ့ အမေ .... ကျွန်မ အသက် ( ၂၁ ) နှစ် မှာ ရုတ်တရက် ဆုံးသွားတဲ့ အခါ ... အူတိ အူကြောင် နဲ့ ... အမေ မပါ ဘဲ ... တကယ့် လက်တွေ့ ဘ၀ကြီး ကို တစ်ယောက် ထဲ လျှောက်ရတဲ့ အခါ ကျမှ ... ကိုယ် မသိတာတွေ အများကြီး ၊ ကိုယ် မမြင်ဖူးတာတွေ အများကြီး ရှိနေပါလား ဆိုတာ သိခဲ့ရတယ် .... ကိုယ့် ဘ၀ ကို အခုလောက်လေး ... ကိုယ် ခြေထောက်ပေါ် ကိုယ် ရပ်တည် တတ်ဖို့ ... စိတ်မချစွာ နဲ့ ကျွန်မ ကို စောစောစီးစီး ခွဲခွာသွားရတဲ့ အမေ မသင်ပေးနိုင်ခဲ့ရတဲ့ .... ဘ၀ ပေး အသိတွေ အများကြီး ရင်ဆိုင် ဖြတ်သန်း ခဲ့ရတယ် ....

ကျွန်မ အမေ သိပ်စိတ်ပူခဲ့တဲ့ .... ကျွန်မ ဘ၀ ကတော့ ပြီးသွားခဲ့ပြီ .... တည်ငြိမ် သွားခဲ့ပြီ .... ကြောက်ခမန်း အလိလိ တိုးတက်နေ တဲ့ ... ခေတ်ရေစီးကြောင်း တစ်ခု ကို သိပ် စိတ်ပူမိတဲ့ အတွက် .... ကျွန်မ အလှည့်ပြီးတော့ သမီးလေး အလှည့် .... မှာ ... ကျွန်မ အမေ ရဲ့ ၀ဋ် ပြန်လည်စွာ နဲ့ .... မိခင် တစ်ယောက် ရဲ့ သောက စိတ် ၊ အတ္တ စိတ် တစ်ခု နဲ့ ... သမီးလေး တို့ ခေတ် ... နောင် ဆယ်နှစ် ၊ ဆယ့်ငါးနှစ် ... အဲဒီ မရင့်ကျက်တဲ့ အရွယ် တစ်ခု ကို ဖြစ်နိုင်ရင် ... ကတ်ကြေး နဲ့ ... တစ်ခါထဲ ဖြတ်ထုတ်ပြီး ... ရင့်ကျက်တဲ့ ... အသိအမြင် ၊ အလုပ်အကိုင် ၊ ဘ၀ တစ်ခု နဲ့ တည်ငြိမ်သွားမယ့် ... အသက်အရွယ် တစ်ခု ကို တစ်ခါထဲ ... ကျော်လှန်းပေးလိုက်ချင်တယ် .... သမီး ကို ဘာတွေ ဘယ်လို ရိုက် သွင်းသွင်း ... ကျိန်းသေး မဖြစ်မနေ သင်ပေးထားရမယ့် ... အသိလေး စိတ် တစ်ခု က ....

'' အမေ ဘယ်လို သိပ်သိပ် ... ကိုယ် အိပ် မှ ပျော်ပါတယ် ... '' ဆိုတဲ့ စာသားလေး တစ်ကြာင်း .... ပါ ...

ကျွန်မ ဘယ်လို သင်သင် ၊ ထိန်းထိန်း ၊ တကောက်ကောက် လိုက်လိုက် ... လိမ္မာချင်ရင် လည်း သူ့ ကြောင့် / ဆိုးချင်ရင် လည်း သူ့ကြောင့် ပါဘဲ ... ဆိုတဲ့ ... အသိ စိတ်ကလေး .... သူ့ အသက် နည်းနည်း ကြီးတဲ့ အခါ ... ခေါင်းထဲ ၀င်သွားအောင် ... ကျွန်မ ရိုက်သွင်းပြီး သင်နိုင်ခဲ့မယ် ... ဆိုရင် ... တစ်ချိန်ချိန် သူ့ ဘ၀ထဲ မှာ ကျွန်မ မရှိနိုင်တော့တဲ့ အခါ ... သူ တစ်ယောက် ထဲ ကျန်ခဲ့နိုင်ဖို့ .... ကျွန်မ စိတ်ချနိုင်ပါပြီ .....
 
ref:Swe Myat Hay Thi

No comments:

Post a Comment