Saturday 9 March 2013

NLDဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးသန့်ဇင်နှင့် တွေ့ဆုံခြင်း



ရန်ကုန်၊ မတ် ၈။

မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်း ပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့်အပြုအမူ၊ အပြောအဆို၊လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင် လုံသောသတင်း ရရှိထား သည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသော ကိုယ် စားလှယ် လေးယောက်တွင် ပါဝင်သော “ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာ
ကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင် ဝင်းအား မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။
MMA ။ ။ ဆရာ မင်္ဂလာပါ ။ ဆရာအခုလိုဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ် သက်ပြီး အဲ့ဒီအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို အရင်ပြောပေး ပါလားခင်ဗျ။

TZ ။ ။ ရပ်စဲတယ်လို့ ပြောလိုက် ကတည်းကကျွန်တော်က ထူးကိုထူးဆန်း နေတယ်ဗျ။ နဂိုကတည်းက ကျွန်တော်ကအကုန်လုံးနဲ့ ရင်းနီးတယ်ဗျ။ ဒေါ်စုတစ်ယောက်နဲ့ပဲ သိပ်ပြီး လက်ပွန်းတတီးမသိတာ။ ဦးတင်ဦး နဲ့လည်း ခင်ခင် မင်မင်ရှိပါတယ်။ နောက်ပြီး ကိုဟန်သာမြင့် ဦးဝင်းတင် အားလုံး သိကြတာပဲ။ ဒါပေမဲ့ အဲ့လိုကြီး ခပ်ဝေးဝေးက လူတစ်ယောက်နဲ့ စာရင် ကိုယ့်ကို နေ့စဉ်နဲ့အမျှ ဖက်လဲ တကင်း ရှိတဲ့လူတွေက ဘာမှ ကို အကြောင်းပြချက် မရှိဘဲနဲ့ဗျာ။ နက်ဖြန် သဘက်ဆိုရင်ပဲ ဦးစိုးဝင်း( ပါတီ ညီလာခံ ကိုယ်စားလှယ် စိစစ်ရေး) ကကိုသန့်စင်ရေ ၇ ရက်နေ့ မနက်ကိုတော့ ကဒ်ပြားတွေ ထုတ်ပေးမယ်။ ရုံးချုပ်ကို လာလို့တောင် ကျွန်တော့ကို ပြောတာ။

MMA ။ ။ ကိုယ်စားလှယ်စိစ်ရေး အတွင်းရေးမှူး ကိုယ်တိုင်ကကို လှမ်းဖိတ်ပြီးမှဆိုတော့ ဘယ်လိုဖြစ်ပြီး
ရပ်ဆဲတဲ့ အထဲပါသွားတာလဲခင်ဗျ။

TZ ။ ။ သူနဲ့ကျွန်တော်နဲ့ တနင်္ဂနွေ နေ့လောက်က တွေ့ သေးတယ်ဗျ။ ကျွတော်က ရုံးချုပ်မှာ ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းတွေ ပေးတော့သူ့အောက်ကကျွန်တော်ကလုပ်ရတယ်ဗျ။ ဦးစိုးဝင်းကတာဝန်ခံ တယ်။ ကျွန်တော် က အဲ့ဒါကို ကျကျနန ပြီးစီးအောင် လုပ်ပေးခဲ့တာဗျ။ တပည့် တွေကော ခုံကိစ္စကအစ အစုံပလုံ လုပ်ပေးခဲ့တာဗျ။ နောက်ဆုံးအိမ်သာတက်ဖို့ ကိစ္စတောင် အတူတူ တွဲလုပ်ကြတာဗျ။ ဘာပဲ ပြောပြော ဆရာ ဦးစိုးဝင်းကတော့တကယ့်လူကြီးလူကောင်းလည်းဆန်တယ်။ပါတီကိုလည်းအရမ်းသံယောဇင်ရှိ တာတောင် သူနား လိုက်တယ်ဗျ။ သူနားတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ ခံစားချက်ကို ဘယ်သူမှ မမေးကြဘူး။ အမှန်မယ် ဒီညီ လာခံကြီးမှာကဒ်ပြားထုတ်ပေးတဲ့အထိသူလုပ်သွားတယ်။ ညီလာခံ စိစစ်ရေးမှာလည်း လုပ်ပေးသွား တယ်။ ဒါပေမဲ့ သူ မပါဘူး။ တာမွေမြို့နယ်က ရွေးကတည်းက သူ့ကို ဖယ်လိုက်တာ။ ကျွန်တော်သွားမေးတဲ့ အခါမှာ သူကိုယ် တိုင် နားလိုက်တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့ သူ အများကြီး လုပ်နိုင်သေးတယ်ဗျ။ တကယ်ထိပ် တန်း အရာရှိ ဆယ်ရောက်လောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ ရသေးတယ်။

MMA ။ ။ ဆရာ အဲ့သလိုမျိုး သူတို့တွေနဲ့ တကယ် လုပ်ပေးခဲ့တယ်။ ကဒ်ထုတ်ပေးမယ်လို့ အဆင့် ထိ ဖြစ် သွားပြီး ခုလိုမျိုး ဦးစိုးဝင်းလည်း ထွက်သွားတယ်။ ဆရာလည်း ကိုယ်စားလှယ် အဖြစ်က ရပ်စဲခံလိုက်ရ တယ် ဆိုတော့ ဘယ်လိုမျိုး နားလည် ခံယူလိုက်လဲ ခင်ဗျ။

TZ ။ ။ လူကြီးတွေး တွေးမယ် ဆိုရင်တော့ဗျာ ငါနဲ့ဟို ကောင်နဲ့ကြားမှာ အမှားအယွင်း တစ်ခုရှိပုံ ရတယ်လို့
ထင်ရင် ထင်လိမ့်မယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ကောင်တာ လိုက်ကြည့်တယ်ဗျ။ လိုက်ကြည့်တော့ လွန်ခဲ့ တဲ့ တစ် လ လောက်ပေါ့ ညီလာခံ ကိုယ်စားလှယ် ကျွန်တော့ကို ရွေးလိုက် တဲ့ ရက်ပိုင်းလေး။ ၈ ရက်နေ့မှာ ကျွန်တော့ကို ရွေးတယ်။ ၂၀ရက်နေ့မှာ ကျောင်းဖွင့်တယ်( မြန်မာဒီမိုကရက် သင်တန်းကျောင်း)။ သိတဲ့ အတိုင်း ပဲလေ ရှစ်ရက်နေ့ မက တစ်ရက်နေ့လောက် ကတည်းက ကျွန်တော်တို့ ဝုန်းနေရတယ်။ ရှစ်ရက်နေ့ ပွဲတောင်ဒီကနေခွင့်ယူပြီးညီလာခံ သွားတက်ရတယ်။ ညှိနှိုင်းနှစ်ရက်လုပ်တော့လည်း တစ်ရက်ပဲ တက်နိုင် တယ်။ အဲ့ဒီအချိန်မှာ ခေါင်း ထဲမှာ ဘာမှမရှိဘူး။ ကြားတယ် သူများတွေ အောင်ပွဲခံကြ စားကြ၊ သောက်ကြ ကျွန်တော် မပါဘူး။

MMA ။ ။ ဆရာတို့ ရပ်စဲခံရတဲ့ လေးယောက်ကကော ဘယ်လို ပတ်သက်မှုမျိုး ရှိလဲဗျ။

TZ ။ ။ အဲ့ဒါလည်း ကျွန်တော် ပြောပြီးပြီ။ ဆရာဦးခင်မောင်ဝင်းကတော့ ဟုတ်တယ်။ ကျွန်တော့ဒီမှာ စာသင်နေ တဲ့ ဆရာ ကျော်ဇေယျာဝင်းရဲ့ အဖေ။ ခင်လည်းခင်တယ်။ သူနဲ့ ကျွန်တော်နဲ့က ဒီဖက်လွှတ်တော် တက်နေတဲ့ နောက်ပိုင်း လေးလငါးလလောက်ကို မတွေ့တာ။ မတွေ့ဖြစ်ဘူးဗျ အဲ့ဒီ ပုဂ္ဂိုလ်နဲ့။ တွေ့စရာ အကြောင်း လည်း မရှိဘူးဗျ။ ဒါပေမဲ့ ဦးခင်မောင်ရှိန် မြောက်ပိုင်းဥက္ကဌ အရွေးခံရတာ ကြားတယ်။ ဒါပေမဲ့ ဦးခင်မာင်ရှိန်ဆိုတာကိုမသိဘူး ။ လူမသိတာမဟုတ်ဘူး။ နာမည် မသိတာ။ ဟိုတစ်နေ့ အဲ့ဒီစာ ထွက်တော့ က မှ သိတာ။ နောက်ဘယ်သူလဲ ဒေါ်မိမိကြီးက ကောလင်းလား စစ်ကိုင်းလားပဲ။ ကျွန်တော် လူလည်း မသိဘူး။ နံမည်လည်း မသိဘူး။ ဘယ်လိုမှ ဆုံစရာ အကြောင်းလဲ မရှိဘူး။

MMA ။ ။ ပြီးတော့ ၂၆ ရက်နေ့ ထုတ်လိုက်တဲ့ စည်းကမ်း ချက်ကကော ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ဆရာထင်လား။ ဘယ်လိုမြင်သလဲ ပြောပေးပါဦးခင်ဗျ။

TZ ။ ။ အဲ့ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောလိုက်မယ်။ ကျွန်တော် သာဆို အဲ့ဒီနေရာမှာ လုပ်ပိုင်ခွင့်ရတဲ့ အုပ်ချုပ်သူ တစ်ယောက် ဆိုရင်အဲ့ဒီစာကို ကျွန်တော်အဲ့ဒီလို မရေးဘူး။ နယ်မှလာတဲ့ ကိုယ်စားလှယ်တော်တွေဟာ မိမိ တို့နေအိမ် မိမိတို့ အဆောက် အဦး အတွင်းမှာ စားလို့သောက်လို့ရတယ်။ ဆွေးနွေးတဲ့ အခါမှာ ရည်ရွယ် ချက်ရှိရှိနဲ့ ဆွေးနွေးတဲ့ဟာမျိုးမလုပ်သင့်ဘူးဆိုရင် မကောင်းဘူးလား။ ခုနပြောသလိုဘဲ ရန်ကုန်ရောက်တုန်း
ရောက်ခိုက်တော့ သွားလည်ကြ တာမျိုးတော့ လုပ်ကြမှာပဲ။ ညအိပ်ကြမှာပဲ။ တိုင်းရွေးပွဲတုန်းကတောင် အဲ့သလို လုပ်ကြ တယ်လို့ ကြားမှာပဲ။ ခုအရွေးခံရတဲ့ သူတွေအိမ်ကို သွားအိပ်ကြတယ် ပြောတာပဲ။ ဆရာ တို့ ကတော့ အစ ကတည်းက ဘာသာရေးလည်း လုပ်တော့ အန္တရာယ်ရဲ့ အငွေ့အသက်ကို ကြိုမြင်တယ်။ အဲ့ဒါကြောင့် ရှင်လောင်းပြုခါနီး ရှင်လောင်းလိုနေတယ်။ အမြင့်မတက်နဲ့ ၊လျှောက်မသွားနဲ့ ဆိုသလိုမျိုးပေါ့။ ဟိုသွားဒီသွား အဲ့လိုမျိုးလည်း မလုပ်ဘူး။ အဲ့လိုမျိုးလို့ လားလည်း မသိဘူး ဘလိုင်းကြီး ဝင်ခွတ်တာပဲ။   ကျန် တဲ့ သူတွေနဲ့လည်း မသိဘူး။ ဆရာဦးခင်မောင်ဝင်းနဲ့ လည်း နီးစပ်တဲ့ စကားလုံးမျိုး မပြောဖူးဘူး။ ရှင်း ရှင်းပြော ရရင် မတွေးမိတဲ့ အကြောင်း အရာတွေဗျ ဒါတွေက။ ရယ်တော့ ရယ်စရာ ကောင်းတယ်ဗျ။

MMA ။ ။ သူတို့ ကြေညာချက်ထဲမှာ ခိုင်လုံတဲ့ အကြောင်း ပြချက်လို့ ပါတယ်ဗျ။ အဲ့ဒါကိုကော ဆရာက ဘာကိုပြောတာ လို့ ထင်သလဲခင်ဗျ။

TZ ။ ။ အဲ့ဒါကတော့ကျွန်တော် ရည်ညွှန်းလိုက်မယ်။ တစ်ချို့ ဖေ့ဘွတ်မှာ ရေးတယ်ဗျ။ တစ်ယောက် က ရေး တယ် နိုင်ငံရေး လက်ဦးမှုယူတယ်။ နောက်တစ်ယောက်က ရေးတယ် နိုင်ငံရေးလုပ်ကြံမှု အသေးလေး လို့ ရေးတယ်ဗျ။ ဒီနေ့မနက်တွေ့တာက တပ်မတော်ထဲက ဗိုလ်ကြီးဟောင်း တစ်ဦးက လုပ်တယ်လို့ အသံ ထွက်လာတယ်။ သူကစေခိုင်းလို့ ဗဟိုလူငယ်ကအခမ်းအနားလုပ်တဲ့နေရာကိုဓာတ်ပုံ ရိုက်ပြီး ယူလာ တယ်။ ဓာတ် ပုံ အထောက်အထား ယူလာတယ်လို့ ကြားတယ်။

MMA ။ ။ ဆရာပြီးတော့ NDFက ဝင်လာကြလို့ လို့လည်း သတင်းတွေက ထွက်နေတယ်ဗျ။ အဲ့ဒါကကော။

TZ ။ ။ အင်းလေ ဒီမိုကရေစီ ခေတ်မှာက ရာနှုန်းပြည့်ဆိုတာ မရှိပါဘူး။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဖက်က ရတဲ့ အတွေး အခေါ် အယူအဆ၊ ဆန့်ကျင်ဖက်က ထောက်ပြတဲ့ အကြောင်း အရာတွေကို ကိုင်စွဲပြီးတော့ ရိုးပလေး လုပ်တဲ့ အဖွဲ့အစည်းပေါ့ ဒါလည်းမှန်ပါတယ်။ ဆရာ ဥပမာတစ်ခုပြောမယ်။ ဒီနေ့ ဒေါ်အောင်ဆန်း စုကြည်ကဘာပြောထားသလဲ။သူတစ်ခုပဲ ကန့်သတ်ထားတယ်။ သူတို့ပါတီက ထွက်သွားတဲ့ သူ ပြန်ဝင်လာ ရင် လက် မခံဘူးလို့။ ဒါမူပဲ သူပြောထားတာ။ အဲ့ဒီမှာ ဒေါ်စုပြော ထားတာ ရှင်းတယ်။ ဘယ်ပါတီက လာလာ လက်ခံမယ်။ နောက်ဆုံးကြံ့ခိုင်ရေးက လာမယ် ဆိုရင်တောင် လက်ခံမယ်။ အဲ့ဒီအချိန်မှာ ဘာမဟုတ်တဲ့ ချစ်တီးခေါင်း သန်းရှာလို ပါတီ ဝင်၁၂သိန်း ရှိတယ်လို့ ကြေညာ ထားတာလေ။ ၁.၂သန်းရှိတဲ့ ပါတီမှာ လူတစ်ယောက်အပေါ် အဲ့လိုအာဃာဒထားစရာလား။ခေါင်းဆောငဆိုတာက ရပ်ကွက်ခေါင်းဆောင် မဟုတ် ဘူးလေ။ဌာနချုပ်မှာခေါင်းဆောင်လုပ်တဲ့သူတစ်ယောက်က ဒေါ်စုရဲ့သဘောထားကိုအကောင် အထည် ဖော် တဲ့နေရာမှာ လိပ်ပြာသန့်သန့် ဖြစ်ဖို့မိုဘူးလား။ တပ်မတော်က ဝင်လာလည်း သူတို့ လက်ခံမယ် လို့ ပြော တယ်။ ဗိုလ်မှူးကြီးတွေထဲက အယောက် ၅၀ ဝင်မယ်တဲ့ ဟာ ဒီကောင်တွေ တစ်သက်လုံး ငါတို့ကို  နှိပ်စက် လာတာ ရပ်ကွက်ထဲက မတက်စေနဲ့လို့ အဲ့လို ညွှန်ကြားလို့ မရဘူးလား။ ဒ်ါစုက ပြောတယ် ဦးခင်မောင်ဝင်း ဝင်လာကတည်းက ဦးတင်ဦးကို အဘ ကာကွယ်ရေး ဦးစီးချုပ်တောင် ဒီမှာနာယက ဖြစ်နေသေးတာလို့။ သူပြောတာ ရှင်းတယ်လေ။ အရမ်းမျှတတယ်ကွ ငါတို့ခေါင်းဆောင်။ အရမ်းလေးစားဖို့ ကောင်းတယ်။

MMA ။ ။ ဒါဆိုကော်မရှင်က လုပ်လိုက်တာ ဒေါ်အောင် ဆန်းစုကြည် လုံးဝမသိနိုင်ဘူး ဆိုတဲ့သဘောပေါ့။

TZ ။ ။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်ကား ကြည့်ဘူးတယ် မလား။ အဲ့ဒီမှာ အဆိပ်ဖြေဆေး ပေးမယ့် ဆရာက လားလေးနဲ့ သွားတယ်။ မင်းသားက မြင်းနဲ့ သွားတယ်။အဲ့တော့ အဆိပ် ဖြေဆေးက နောက်ကြနေတယ်။ အဲ့တော့ မင်းသားက ပြန်နိုးလာမယ့် မင်းသမီးနားမယ် အဆိပ်သောက် သေသွား တယ်။ ဒီအမိန့်တွေရဲ့ သဘာဝကလည်း အံ့သြစရာ ကောင်းတယ်။ ဆရာ့ဆီကို ရောက်တာက ၅ရက်နေ့ညက သတင်းထောက် တစ်ယောက်ဖုန်းဆက်တယ်။အဲ့ဒါသိရင် ဖြေပါလို့ မေးတယ်။မဟုတ်ဘူးငါမသိဘူး။အဲ့ဒီအချိန်မှာ အယ်ဒီတာ က ခိုင်လုံတယ်။ အဲ့ဒီစာရွက် ကျွန်တော့ လက်ထဲ ရောက်နေပြီ လို့ပြောတယ်။ ငါ့လည်း ဖုန်းတစ်ယောက်မှ မဆက်။ ဖုန်းကြည့်တော့လည်း မသင့်တော်တဲ့ အချိန်ကြီး ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာက ဒီစာက ထုံးစံအတိုင်း ဆိုရင် အနည်းဆုံးတော့ ဖုန်းလေးနဲ့ မမေးသင့်ဘူးလား။ နိုင်ငံရေးပါတီ ခေါင်းဆောင် ပိုင်းမှာ ထိုင်နေတဲ့ သူတွေနော်။ ကိုယ်တိုင် မပြောချင် ရင်တောင် မောင်သန့်စင်လေး ကိုတော့ကွာ ဒီလိုဒီအကြာင်း
ပြောလိုက်ပါဦးဆိုရင် ငါဌာနချုပ်ကို ပြေးမှာပေါ့။သွား မေးမှာပေါ့။စာထွက်လာလို့ ရှိရင်လည်းရပ်ကွက် ကနေ ပို့ ရင်နေ့ချင်း ရောက်ပါတယ်။ ခုတော့ ဖေ့ဘွတ်ပေးမှာ သွားတွေ့တယ်။ဘယ်ကောင်က တင်လိုက်တယ်
မသိ ဘူး။ အမှန်မယ် ကော်ပီနဲ့ ငါးဆောင် ထွက်ရင်တောင် ရောက်ရမှာလေ။ လျှို့ဝှက် အဆင့်တော့ မဟုတ် ပါဘူး။အတွင်းစည်းမီဒီယာကို ပေါက်ကြားတယ်ဆိုတော့ဂုဏ်သိက္ခာကိုမထိခိုက်ဘူးလား။အထူးသဖြင့် ဒေါ်ေ အာင် ဆန်း စုကြည်ရဲ့ လုပ်ငန်းတွေပေါ်မှာ နေတဲ့ သူတွေက ဒေါ်စုကို အရမ်းချစ်ခင် မြတ်နိုးနေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံရေးအရ သေသွားအောင်ရယ်အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒေါ်စုချစ် တဲ့ ကောင်တွေက ဒီကောင်တွေ တိုင်းပြည်ဖျက်မဲ့ ကောင်တွေ ဒေါ်စုဖြုတ်ချမဲ့ ကောင်တွေဆိုပြီး မထုဘူး လို့ ပြောနိုင်သလား။ ဒေါ်စုရဲ့အင်းမေ့ပါတီရဲ့ရိုက်ခတ်မှုကိုလည်းသိရဲ့သားနဲ့အဲ့ဒါကြီးနဲ့ကိုင်ရိုက်တာ အန္တ ရာယ် ရှိ တယ်။ ဌာနချုပ်မှာ နေပြီးတော့ ဒါမျိုး လုပ်စရာလား။ ဒါပေမဲ့ သိသိရဲ့နဲ့ တမင်တကာ သေဟဲ့ဆိုပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တယ်။

MMA ။ ။ အဲ့ဒါတွေကို ဆရာ့နေနဲ့ ဘယ်လို တုန့်ပြန် သွားမလဲခင်ဗျ။

TZ ။ ။ အေးအဲ့ဒါငါကတရားမျှတမှုကိုလိုချင်တဲ့ဗျ။ အဲ့ဒီ NLD ဌာနချုပ်က လူကြီးတွေ ခေါ်ယူတွေ့ ဆုံစေချင် တယ်။ ငါတင်ပြတာကို နားထောင် စေချင်တယ်။ ပြီးလို့ရှိရင် အမြင့် ဆုံး ပြောရရင် အမေ့ကို တွေ့ချင် တယ်ေ ပါ့။ ငါမနေ့ကတော့ မတွေ့ဘူးလို့ မီဒီယာသမားတွေ အယောက်၃၀လောက်ကိုပြောလိုက်တယ်။ စိတ် ဆိုးနေလို့။ တွေ့ရအောင် ပြောရင်တော့ တွေ့ချင်တယ်

MMA ။ ။ အခုလို အခြေအနေကို ဘယ်လို သုံးသပ် မလဲဆရာ။

TZ ။ ။ အကျိုးဆက်က ၃ခုဖြစ်သွားမယ်။ တစ်အချက်က ကာယကံရှင်ဖြစ်တဲ့ စိတ်စေတ နာ ကောင်းေ ကာင်းနဲ့လာပြီးပေါင်းစည်း ပေးတဲ့သူတွေနင့်မွန်းသွားမယ်။ နှစ်အချက်က ပြည်သူကြားမှာ ရှိတဲ့ ပြည် သူတွေ ရဲ့  ယုံကြည် မှုတွေ နှစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့ကို မုန်းတီးပြီးတော့ ပိုပြီးတော့ ဆန့်ကျင်ဖက် အုပ်စုပေါ်
လာသလို ငါလုပ်တဲ့ အမှန်တရားကို သိတဲ့ ထောက်ခံ ပေးတဲ့ အုပ်စုတစ်စု ဖြစ်လာမယ်။ အဲ့ဒီအုပ်စုနှစ်စုက
ပါတီဝင်တွေ ဆိုတော့ နှစ်ခုကွဲ မသွားနိုင်ဘူးလား။ အဲ့ဒါတွေကို ငါတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်။

MMA ။ ။ ခုဆရာ့ဖက်က သူတွေက ဆန္ဒပြဖို့ လုပ်နေပြီ ဆိုတော့ ဘယ်လိုလုပ်မလဲ။

TZ ။ ။ အဲ့ဒါကတော့ ဒီမိုကရေစီ လူ့ဘောင် ဒီမိုကရေစီ ခေတ်ကိုရောက်နေပြီဆိုတော့ ငါလည်း မတတ်နိုင် ဘူး။

MMA ။ ။ အခုလိုမျိုး ဆုံးဖြတ်ချက်တွေက ၂၀၁၅ကို အကျိုးသက်ရောက် သွားစေနိုင်လားခင်ဗျ။

TZ ။ ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်ဗျ။ ဒါက ရောဂါဖြစ်သွားပြီ ကုသဖို့နည်းလမ်းကတော့ အနာ သိပြီဆိုရင် ဆေးရှိတာပေါ့။ အမြန်ဆုံး ပြုပြင်ပြောင်းလဲ မယ်။ နည်းလမ်းတွေရှာပြီး ထိရောက်အောင် အသုံးချမယ်။၂၀၁၅ပြဿနာက ပြည်သူလူထုကိုဦးဆောင်မဲ့တသားတည်းနားလည်ခံစားပေးမဲ့လူထု ခေါင်းေ ဆာင်တွေ ပေါ်လာဖို့ခေါင်းဆောင်ကောင်းထွက်လာဖို့အဓိကပေါ့။အဲ့ဒီလူတွေကအတိတ် ၊ပစ္စုပ္ပန် ၊ အနာ ဂါတ် ကို ကောင်းစွာ နားလည် ကျေညက်ထားမှ ရမှာလေ။ ပညာအရည် အချင်းနဲ့ ပြည့်စုံတဲ့ သူတွေကို စည်းရုံး သိမ်းသွင်း ရမှာလေ။ ခုဟာက စည်းရုံး စရာမလို သလိုဖြစ်နေတယ်။ ဒါပေမဲ့ ဟိုနေ့က ဦးတင်ဦး RFAကို ပြောသလိုမျိုး ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ လိုတယ် ဆိုရင် ငါတို့လေးယောက်က ဖောင်းပွနေလို့လား။

MMA ။ ။ ဆရာအနေနဲ့ အခုလာ အရွေးချယ်ခံတဲ့ ကိုယ်စား လှယ် ၉၀၀ထဲမှာ ဆရာ တို့လေးေ ရာက် လျော့သွားတဲ့ အတွက် ကျစ်လစ်သွားတယ်လို့ ခံစားရပါလားဗျ။

TZ ။ ။ အဲ့ဒါက ဟာသဖြစ်သွားပြီ ။ အဲ့လိုတွေးရင်တော့ ဟုတ်တယ်။ NLD ကြီး ကျစ်လစ်ခိုင်မာဖို့ ဦးသန့်ဇင်၊ ဦး ခင်မောင်ရှိန်၊ ဦးခင်မောင်ဝင်း၊ ဒေါ်မိမိကြီးတို့ကို ကန်တုတ်လိုက်ပါတယ်ဆိုရင် ကျစ်လစ်ခိုင်မာဖို့ အ တွက် နောက်ထပ် ဘယ်လောက်များ လုပ်ဦးမလဲဆိုတာ အဲ့ဒီ တက်နေတဲ့ သူတွေကလည်း ဖုတ်လှိုက် ဖုတ် လှိုက်ကိုတက်နေကြ ရမှာပဲ ကြောက်ကြောက် လန့်လန့်နဲ့ ။ကျစ်လစ်အောင် ဒီနေ့ေ လးေ ယာက်၊ နောက်ေ န့လေးဆယ်ထပ်ဖြူပ်ရင်ထပ်ဖြုပ်နေဦးမှာ ပြောလို့မရဘူး။ နောက်တစ်ခုကရန်ကုန်မှာခရိုင်ဥက္ကဌလောက် ကောင်ကိုတောင် ငါတို့ဖြုတ်လိုက်တာ မင်းတို့ငြိမ်ငြိမ်နေ၊ ငါတို့ ဖောမက် ချတဲ့အတိုင်း လိုက်ဆိုပြီး ဒါဒီမိုကရေစီကို အနိုင် ကျင့်တာ။ ဒီမိုကရေစီကို တန်ဖိုး မရှိအောင် လုပ်တာဗျ။ ဒီမိုရေစီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ်
တာကွ ငါအဲ့လိုမျိုးကို မြင်တယ်။

MMA ။ ။ ဘာများ ဖြည့်ပြောချင် ပါသေးလဲ ခင်ဗျ။

TZ ။ ။ ပြောရရင်တော့ ငါတို့နဲ့ မင်းတို့မီဒီယာ သမားတွေ ကြားမှာ ပြည်သူလူထု တမ်းတနေတဲ့ အမှန် တ ရားတွေ ပေါ်ဖို့ ငါတို့ကလည်း မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့ အမှန်ကို ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ ပြည်သူကို ဦးဆောင်ရမယ်။ မီဒီယာသမားကလည်း တစ်ချက် ကလေးမှ မမှားဘဲ ပြည်သူကို တင်ဆက်နိုင်ရမယ် အဲ့ဒါလေးတော့ လုပ်ပေးပါလို့ ပြောချင်ပါတယ်။

MMA ။ ။ အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်ခင်ဗျ။

အောင်သိုက်

ref:မြန်မာခေတ်

No comments:

Post a Comment