Saturday 9 March 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

w1-9-3-7

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့်ပတ်သက်၍ မတ်လ ၉ ရက်နေ့ ညီလာခံအပြီး တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲကို မွန်ပြည်နယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသော အတွင်းရေးမှူး ဦးဥာဏ် ၀င်းနှင့် မန္တလေးတိုင်း ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသော ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင် တို့ က ပြုလုပ် ခဲ့ပြီး ညီလာခံ အကြိုနေ့နှင့် ပထမနေ့တွင် ပြုလုပ်ခဲ့သည့်  လုပ်ဆောင်ချက်များကို ရှင်းလင်းခဲ့ရာ ဗဟိုကော်မတီဝင် ၁၂၀ ဦးနှင့် အရန်ကော်မတီဝင် ၃၀ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးဖြစ်ကြောင်း၊ ပါတီသို့ ပြန်လည် ၀င်ရောက်ရန် လျောက်ထားလာသည့် ပါတီဝင်ဟောင်းများကို လက်ခံ၊ မခံ ဆုံးဖြတ်ပြီးဖြ စ်ကြောင်း၊ ညီလာခံ ဒုတိယနေ့တွင် ဗဟိုကော်မတီသစ် ဖွဲ့သွားမည်ဖြစ်ပြီး ယင်းကော်မတီသစ်မှ ဗဟို အ လုပ် အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးမူဝါဒ အချက် အလက်များ ကို တင်ပြသွားမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က ရှင်းလင်းခဲ့သည်။

ထို့နောက် မီဒီယာများ၏ မေးမြန်းမှုများကို ဦးအုန်းကြိုင်နှင့် ဦးဥာဏ်ဝင်းတို့က ဖြေကြားရာတွင် ဗဟို အလုပ် အ မှုဆောင်အဖြစ် ၁၅ ဦးနှင့် အရန် ၅ ဦးကို ရွေးချယ်ရန် အကြမ်းဖျင်းလျာထားကြောင်း၊ ပါတီ ၀င်ဟောင်း လေးဦးကို လက်မခံခြင်းမှာ မူတစ်ခုအနေဖြင့် မဟုတ်ကြောင်း၊ ညီလာခံမ ကျင်းပ မီ နှစ်ပတ် အလိုအထိပါတီဝင် ၁၃ သိန်းရှိကြောင်း၊ ကယားပြည်နယ်မှပါတီဝင်တစ်သောင်းကျော် နုတ်ထွက် သွားသည့် သတင်းနှင့် ပတ်သက်၍ တိတိကျကျ မသိကြောင်း၊ ညီလာခံ တက်လာသည့် ကယားပြည်နယ် ကိုယ်စား လှယ် များကိုယ်တိုင် တိတိကျကျ မသိကြောင်း၊ ကယား ပြည်နယ်မှာ စည်းရုံးရေး အခက်အခဲ ရှိနေသည့် နယ်မြေဖြစ်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မည်မျှဝင်လာသည်ကို မသိသော်လည်း ၀င် လာနိုင်သည်၊ ရှိနိုင်သည်ဆိုသည်ကို သိပါကြောင်း၊ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ် စဲခံရ သူ လေး ဦးနှင့် ပတ်သက်၍လည်း ၎င်းတို့တွင် ခိုင်လုံသော အထောက်အထားများရှိပြီး တစ်ဖက်လူ၏ ဂုဏ်သိက္ခာ အတွက် ထုတ်ဖော် မပြောခြင်းဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။

ref:EMG

No comments:

Post a Comment