Saturday 9 March 2013

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီသို့ ပြောင်းရွှေ့၍ ရွေးကောက်ပွဲဝင်ခဲ့သူများအား ပါတီဝင်အဖြစ် ပြန်လက်မခံ

ယနေ့ ကျင်းပလျက်ရှိသော NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့တွင် ၂၀၁၀ ရွှေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီသို့ ပြောင်းရွှေ့၍ ရွေးကောက်ပွဲဝင်ခဲ့သူဦးကြည်မြင့်(လသာ)၊ဒေါက်တာ သန်းဝင်း၊ ဦးတင်အောင်အောင်နှင့် ဦးမြင့်သွင် (ရှေ့နေ) တို့အား ပါတီဝင်အဖြစ် ပြန်လည်လက်ခံခြင်းကို ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ပြည်နယ်နှင့်တိုင်းအလိုက် မတ်တပ်ရပ် ဆန္ဒမဲကောက်ယူရာထောက်ခံမဲ ၃၁၉ မဲ ကန့်ကွက် ၄၆၂ မဲဖြင့် ပါတီဝင်အဖြစ်ပြန်လည်လက်ခံခြင်းအား ပယ်ချခဲ့ကြောင်း အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ကြေညာခဲ့သည်။

No comments:

Post a Comment