Saturday 9 March 2013

တောင်ကိုရီးယားက မြောက်ကိုရီးယားကို တန်ပြန်ခြိမ်းခြောက်

တောင်ကိုရီးယားက မြောက်ကိုရီးယားကို တန်ပြန်ခြိမ်းခြောက်




အကယ်၍ မိမိတို့ နိုင်ငံကို နျူကလီးယား လက်နက်ဖြင့်တိုက်ခိုက်မည် ဆိုပါက မြောက်ကို ရီးယား ဆိုသော နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြီး တိုင် ပျောက်ကွယ်သွားလိမ့်မည် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြားလိုက်သည်။ကုလသမဂ္ဂ က မြောက်ကိုရီးယား ၏ နျူက လီးယား လက်နက် စမ်း သပ် မှုနှင့် ပတ်သက်ပြီး ပိတ်ပင်တား ဆီး မှု အသစ် များ ပြုလုပ်ခဲ့သည့်နောက် မြောက်ကိုရီးယားက မိမိတို့ နှင့် တောင် ကိုရီးယားတို့ကြား ငြိမ်းချမ်းရေး ကာ လများ ပြီးဆုံးသွားနိုင်ကြောင်း ကြေညာခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာကထင်မြင်ချက် အမျိုး မျိုးနှင့် စောင့်ကြည့်နေ ချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်မင်ဆွတ်ခ်က "လူသား မျိုးနွယ်ဝင် တစ်ယောက် အနေနဲ့ ကျွန်တော် ပြောနိုင်တာကတော့ မြောက်ကိုရီးယားဘက်က ကျွန်တော် တို့ကို နျူကလီးယားနဲ့ တိုက်မယ်ဆိုရင် ကင်မ်ဂျုံအန်း အစိုးရရဲ့ နိုင်ငံဟာလည်း ကမ္ဘာမြေပေါ်က အပြီး တိုင် ပျောက်ဆုံးသွားလိမ့်မယ်။ ဒါဟာ လူသားဆန်မှုရဲ့ အလိုတော်အရပဲ"ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီယားက မိမိတို့သည် ရန်မလိုရေး နှစ်နိုင်ငံ သဘောတူထားမှုအတွက် တောင်ကိုရီးယားနှင့် ဆက် လက် လက်တွဲရန် ဆန္ဒမရှိတော့ကြောင်း ပိတ်ဆို့မှုအသစ် ကြေညာချက် အပြီး တွင် ပြောကြားခဲ့ သည်။ လတ်တလောတွင် ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ ကုန်တင်သင်္ဘောနှင့် ကုန်တင် လေယာဉ် များကို စိတ်တိုင်းကျစီစစ်ခွင့်အပြင်အခြားပိုမိုတင်းကျပ်သည့်ပိတ်ဆို့တားမြစ်မှုများကိုကုလသမဂ္ဂ က ပြဋ္ဌာန်း ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို (၁၅)နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ် ခဲ့ခြင်း ဖြစ် သည်။ ယင်းသည် ဒီဇင်ဘာလက မြောက်ကိုရီးယား၏ အရဲကိုးသော ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အရေးယူ ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ပြီး မြောက် ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်လိုက်ရာတွင်မူ ပိတ်ဆို့မှုကို ရှောင်လွှဲရန် ပိုမို ခက်ခဲသွားခဲ့သည်။
ref:Xinhua

No comments:

Post a Comment