Monday 18 March 2013

ညောင်ဦးမှ ရန်ကုန်သို့ ပျံသန်းထွက်ခွာမည်ပြုစဉ် ရန်ကုန်အဲဝေးလေယာဉ် ခရီးသည်များပြန်ချကာ စက်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ရ


 

 ညောင်ဦး၊ မတ်လ ၁၈ ရက်

ပုဂံညောင်ဦး လေဆိပ်တွင် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ညောင်ဦးမှရန်ကုန်သို့ ပျံသန်းထွက် ခွာမည့် ရန်ကုန်အဲဝေးလေယာဉ် တစ်စီးသည်လေယာဉ်ပြေးလမ်းပေါ် ရောက်ရှိပြီးမှ ခရီးသည်များပြန်ချကာ စက် ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“အချိန်တစ်နာရီလောက် delay ဖြစ်သွားတာပေါ့။ဧည့်သည်ကစိတ်ပူပြီး ရန်ကုန် ကုမ္ပဏီလှမ်းဆက် ကုမ္ပဏီ က တစ်ခါကိုယ့်ဆီ လှမ်းအကြောင်းကြားတော့ လေယာဉ်ပြန်ထွက်သွားတဲ့အထိ စောင့် ပေးခဲ့ရတာပေါ့။ Connection Flight ရှိတဲ့ ဧည့်သည်တစ်ယောက် နှစ်ယောက်တော့ တခြားလေယာဉ်နဲ့ပြောင်းလိုက်သွား တယ် ကြားတယ်”ဟု ဒေသခံခရီးသွား လုပ်ငန်းကိုယ် စားလှယ်တစ်ဦးက ပြောသည်။

ထိုနေ့ကခရီးသည်များ လေဆိပ်အဆောက်အအုံအတွင်း ခေတ္တပြန်ချကာစက်ပိုင်းဆိုင်ရာပြန်လည်စစ်ဆေးမှုပြုခဲ့ ရသော လေယာဉ်မှာ ခရီးစဉ်အမှတ် XY-732 (XY-AIN) ဖြစ်ကြောင်း၊ မနက်ပိုင်းတွင် ရန်ကုန်၊ မန်္တလေး ၊ ညောင်ဦး၊ရန်ကုန် ခရီးစဉ်၊ နေ့ခင်းပိုင်းတွင် ရန်ကုန်၊ ဟဲဟိုး၊ သံတွဲ၊ ရန်ကုန်ခရီးစဉ်နှင့် ညနေပိုင်းတွင် ရန်ကုန်၊ ဟဲဟိုး မန္တလေး၊ ညောင်ဦးခရီးစဉ်များပျံသန်းခဲ့ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာပျံသန်းမည်ပြုစဉ် ထိုကဲ့သို့ဖြစ်ခဲ့ ခြင်းဖြစ်သည်။

“လေယာဉ်ကပျံတက်ဖို့အတွက်ပါဝါရုတ်တရက်ကျသွားတဲ့သဘောပါ။ခရီးသည်တွေပြန်ချပြီး ပြေးလမ်းပေါ်သွား စက်စမ်းတယ်။စက်အေးသွားအောင် ခဏနားတယ်။ ပြီးတော့ ချောချောမောမောပဲ ပျံတက်သွားပါတယ်”” ဟု လေ ဆိပ် အသိုင်းအ၀ိုင်းမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ref:Popular

No comments:

Post a Comment