Monday 18 March 2013

၈၈ ကျောင်းသားများ ပါတီ ထောင်မည်

၈၈ မျိုးဆက်ကိုကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခုဒီနှစ်ထဲထွက်ပေါ်လာဖို့ရှိတယ်လို့(၈၈)မျိုးဆက် ကျောင်း သား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ပြည်ပရောက် မြန်မာတွေ မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အရေး ပါတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိ ကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိ ကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေကို ဆွေးနွေးတဲ့အခါ လက် ပံတောင်းတောင်အရေး ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
 ref:BBC

No comments:

Post a Comment