Monday 18 March 2013

ဘီလူးချောင်းရေ ရေရှည် ကျန်းမာရေး ထိခိုက်နိုင်ဟုဆို၍ ထီးစဲခါးမှ ရေသွယ် ယူနိုင်ရန် လွှတ်တော်တွင် တင်ပြမည်


 
 လွိုင်ကော်၊မတ်လ ၁၈ ရက်

ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဒေသခံများ သောက်သုံးနေသည့်ဘီလူးချောင်းရေမှာ ရေရှည် ကျန်း မာရေး အတွက် ထိခိုက်မှုတွေရှိလာနိုင် တယ်လို့ဆိုပြီး ထီးစဲခန်းမှ ရေသွယ် ယူနိုင်ရေးအ တွက် ပြည်ထောင် စု လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်ရှိကြောင်း ကယားပြည်နယ် ရှားတော မဲဆန္ဒနယ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။
အင်လေးဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း အသုံးပြုတဲ့ ဓတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေမှာ ဓာတု ဆေး ပစ္စည်းတွေ များလာတယ်ဆိုတဲ့ အတွက်ကြောင့် အင်းလေးကန်မှ ရေကညစ်ညမ်းလာတယ်လို့ ပြော
ပါ တယ်။

ဦးဌေးရယ်က "ရှင်းရှင်းပြောရရင် ဘီလူးချောင်းရေက တော်တော် များများကျေးရွာတွေက ဒီဘီ လူးချောင်း ကရေကိုဘဲ အားကိုးနေရတာလေး ဘီလူးချောင်းရေက အင်းထဲမှာက ပိုးသတ်ဆေးတို့နဲ့ စိုက်ပျိုးရေးထဲမှာ လုပ်သွားတဲ့အခါကျတော့ ရေကညစ်ညမ်းမှု ဖြစ်နေပြီပေါ့။အဆိပ်သင့်တာမရှိသေးပေမယ့်လို့ဒီဟာရဲ့ နောက် ဆက်သွယ်မှာ ကင်ဆာသဘောမျိုး ဖြစ်လာတယ်ဆိုပြီးတော့ အဲဒါမျိုးရှိတယ်လေး။ ဒီထက်ကောင်း တဲ့ သောက် သုံးရေကို ထီးစဲခန်းဘက်ကရေကို ယူချင်တယ်ဆိုတဲ့အဆိုကိုတင်ဖို့ ရှိပါတယ်။ နောက် တကြိမ် အစည်း အဝေးမှာပဲတင်မယ်" လို့ ပြောပါတယ်။

၎င်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်က မိုးဗြဲဆည်နဲ့တဆက် တည်းဖြစ်ပြီး ကယားပြည်နယ် ဘီး လူးချောင်းအတွင်း စီးဆင်းသွား တာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းတွင်အများအားဖြင့်၎င်းဘီလူးချောင်းရေကိုအသုံးပြုကြတာဖြစ်ပါတယ်။ စိုက် ပျိုးရေး လုပ်ငန်းတွင် ပါဝင်တဲ့ ဓာတု ပစ္စည်းတွေ အသုံးပြုတာတွေ များလာရင် အယ်လကာလီ ပါဝင်မှုကို
ဖော်ပြတဲ့အတိုင်းအတာ ပီအိပ်ခ်ျ (Level က ပိုမိုမြင့်တက်လာပြီးတော့ ရေကိုသောက်သုံးမ ရနိုင်တော့တဲ့ အဆင့်ထိ ဖြစ်လာနိုင်ပါတယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေးတဦးက ပြောပါတယ်။

"ရေမသန့်တာလို့ခေါ်တာပေါ့။ သောက်သုံးရေဆိုရင် အသုံးပြုတဲ့ pH level တခုက ၆.၀ ဝန်းကျင်ပဲရှိရမယ်။ ဒီထက်များသွားရင်အက်ဆစ်များသွားတယ်။
ရေထဲမှာအဲဒီအညစ်အကြေးတွေနဲ့အတူအက်ဆစ်ပါဝင်မှုများလာတာပေါ့၊ အက်ဆစ်အရမ်းလွန် ကဲရင်တော့ အဆိပ် အတောက်ဖြစ်တယ်။ အသဲတို့ ကျောက်ကပ်တို့ ပျက်ဆီးနိုင်တယ်။" လို့ ပြောပါတယ်။

ref:Ktimes

No comments:

Post a Comment