Monday 18 March 2013
နျူလက်နက်နှင့် အကူအညီ လဲလှယ်မည်မဟုတ်ဟု မြောက်ကိုရီးယား ထုတ်ပြန်
ပြုံးယမ်း၊မတ်လ ၁၈ ရက်
 နိုင်ငံတကာထံမှ အကူအညီများ ရရန်အတွက် နိုင်ငံ၏ နျူကလီးယား လက်နက် စီမံကိန်းများနှင့် မည်သည့် အခါမှညှိနှိုင်းမှု ပြုလုပ်သွားမည်မဟုတ်ဟုမြောက်ကိုရီးယားက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံ ကာ ကွယ်ရေးအတွက်နျူကလီးယားလက်နက်များဆိုင်ရာရပ်တည်ချက် ကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း လည်း ထုတ်ပြန်ခဲ့သည်။
ဆင်းရဲနိမ့်ကျနေသော မြောက်ကိုရီးယားနိုင်ငံသည် အရေးပေါ် လိုအပ်နေသော အကူအညီများကို အိမ်နီး ချင်းနိုင်ငံများထံမှရရှိနိုင်ရန်အတွက် နျူကလီးယားလက်နက်စီမံကိန်းများကိုအသုံးချပြီးအနိုင်ကျင့်ေ နကြောင်း ဖော်ပြချက်များကိုလည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ငြင်းဆိုထားမှုများအား နိုင်ငံပိုင်ရုပ်သံက ကိုးကားထုတ်လွှင့်ခဲ့သည်။
စီးပွားရေး အကူအညီများ ရရှိရန်အတွက် မြောက်ကိုရီးယားက နျူကလီးယားလက်နက် စီမံကိန်းများ ကို အသုံးချနေသည်ဟု အမေရိကန်ကထင်မြင်မိပါကအလွန်အမင်းမှားယွင်းသွားမည်ဖြစ်ကြောင်းလည်းယင်း အ စီရင် ခံစာတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားက အမူအကျင့်များ ပြောင်းလဲမည်ဆိုပါက ၀ါရှင်တန်သည် စစ်မှန်သော စေ့စပ်ဆွေးနွေး မှုများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး တွမ်ဒိုနီလင်က ပြောကြားခဲ့ပြီး ရက်ပိုင်း အတွင်း မြောက်ကိုရီးယား၏ ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားကမူ နျူကလီးယားလက်နက်များမှာ အမွေအနှစ် ရထားသော ဓားကဲ့သို့ဖြစ်ပြီး ရန် လိုသော အမေရိကန်မူဝါဒမှ ခုခံကာကွယ်ရန်အတွက်ဖြစ်ကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် မြေအောက် အဏုမြူ ဗုံး ဖောက်ခွဲ မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပြီးခဲ့သော လတွင်လည်း တတိယ အကြိမ်မြောက် မြေအောက် အဏုမြူဗုံး ဖောက်ခွဲ စမ်းသပ်ခဲ့သည်။
ref:EMG
No comments:
Post a Comment