Monday 18 March 2013

အမေရိကန် မောင်းသူမဲ့ လေယာဉ်ထံ ပျံသန်းလာသော အီရန် တိုက်ခိုက်ရေး လေယာဉ်တစ်စင်း အချက်ပြမီး တွေ့ရှိပြီး နောက်လှည့်ပျံသန်း


အီရန် တိုက်လေယာဉ် တစ်စင်းသည် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းဆီသို့ ဦးတည် ပျံသန်း လာစဉ် သတိပေး မီး ကျည်ပစ်ခတ်ပြီးနောက်အီရန် လေယာဉ်မှာနောက်လှည့်ပျံသန်းသွားကြောင်းပင်တဂွန်စစ်ဌာနချုပ်၏ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လက်နက် တပ်ဆင်ထားခြင်း မရှိသော Predator ဟု အမည် ပေးထားသည့် ယင်းမောင်းသူမဲ့ လေယာဉ်ကို အမေရိကန် စစ်လေယာဉ် နှစ်စင်း ကစောင့်ကြပ်၍ နိုင်ငံတကာ ရေပိုင်နက် အတွင်း ပျံ သန်းနေ စဉ် အီရန် လေယာဉ် ချဉ်းကပ် လာမှုကို အစောင့် လိုက် လေယာဉ်နှစ်စင်း အနက်မှ တစ်စင်းက အချက်ပြ မီးကျည် ပစ်ခတ် ခဲ့ခြင်း ဖြစ် သည်။
အီရန် F-4 တိုက်လေယာဉ်သည်အမေရိကန် မောင်းသူမဲ့ လေယာဉ်နှင့် အနီးစပ်ဆုံး ၁၆ မိုင် အကွတွင် ရောက်ရှိ နေခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ပြန်ကြားရေးဌာနမှ ဂျော့လစ်တယ်လ်ကပြောကြားခဲ့သည်။အဆိုပါPredator မောင်းသူမဲ့ လေယာဉ်သည် အာရေဗျ ပင်လယ်အတွင်း ကင်းလှည့် စစ်ဆေးနေ ခြင်း ဖြစ်ပြီး အမေရိကန် စစ်ဘက်မှ လေယာဉ် သုံးစင်းသည် နိုင်ငံ တ ကာ ရေပိုင်နက် အတွင်း အချိန်ပြည့် ကင်းလှည့်လျက် ရှိကြောင်း ဂျော့က ထပ်လောင်း ပြောကြားခဲ့သည်။ ပြီးခဲ့ သည့် နိုဝင်ဘာလကအီရန်တိုက်ယာဉ်တစ်စင်းသည် အာရေဗျပင်လယ်ကွေ့အကျော်တွင် Predator မောင်းသူမဲ့ လေယာဉ်ကို တိုက်ခိုက် ခဲ့သော်လည်း ထိမှန်ခဲ့ခြင်း မရှိခဲ့ပေ။
 
 
ref:မြ၀တီ

No comments:

Post a Comment