Monday 18 March 2013

ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး


 

ရန်ကုန်၊မတ်လ ၁၈ ရက်

မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူး သည့် အမျိုးသမီးတစ်ဦးကို အဌားယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ အဆိုပါ အမျိုးသမီးသည် ၄င်း၏ အမျိုးသားဖြစ်သူ နှင့်အတူ တစ်ဖက်ကားလမ်းသို့ ကူးဖြတ်စဉ် လမ်းလယ် တွင် ရပ်စောင့်နေစဉ် ကမ္ဘာအေး ဘုရားလမ်း အတိုင်း မောင်းနှင်လာသည့် အဌားယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အဆိုပါအမျိုးသမီးမှာ နေရာ ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာအနီးမှမျက်မြင်တွေ့ရှိသူအခြားအဌားယာဉ်မောင်းတစ်ဦးက"လင်မယား နှစ်ယောက် လမ်းဖြတ်ကူးတာ မောင်းလာတဲ့ကားက မီးမကောင်းလို့လား မသိဘူး ၊ အ ရှိန်တော့ တော်တော်ပြင်းတယ် အဲ ဒီ အမျိုးသမီးကိုတိုက်မိသွားတယ် ၊ ယာဉ်မောင်းကိုလည်း အဲဒီနေရာ မှာပဲ ဖမ်းမိသွားတယ် " ဟု ပြော သည်။

ယာဉ်တိုက်မှု ကြောင့် အဌားယာဉ်မောင်းကို အဆိုပါနေရာ၌တွင် သက်ဆိုင်ရာမှ ဖမ်းဆီး မိခဲ့ပြီး သေဆုံး သွား သည့် အမျိုးသမီးရုပ်အလောင်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ref:YMG

No comments:

Post a Comment