
အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀) နာရီခန့် အချိန်တွင် ဒုတိယအကြိမ် ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေစဉ် ပထမအကြိမ်ပေါင်နှံသွားသော မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန်တွင် လှည့်ကင်းတာဝန် ထမ်းဆောင် နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦး ရဲတပ် သား ကျော်သူဇင်နှင့် အောင်ဟိန်းတို့ ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။ ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး သည့်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန် အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်း မယုယုဇင်အား ရဲစခန်းမှခြေချုပ် ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
From : The Hot News
No comments:
Post a Comment