Sunday 3 February 2013

ယာဉ်ထိန်းရဲအင်အား တိုးချဲ့ရုံတစ်ခုတည်းဖြင့် ယာဉ်ကြောရှုပ်ထွေးမှု အတွက် အဖြေမဟုတ် ယာဉ်စီးရေ အဆမတန် များပြားနေခြင်းနှင့် လမ်းစနစ်ကို ဖြေရှင်းရန် လိုအပ်

Photo: ယာဉ်ထိန်းရဲအင်အား တိုးချဲ့ရုံတစ်ခုတည်းဖြင့် ယာဉ်ကြောရှုပ်ထွေးမှု
အတွက် အဖြေမဟုတ် ယာဉ်စီးရေ အဆမတန် များပြားနေခြင်းနှင့် လမ်းစနစ်ကို ဖြေရှင်းရန် လိုအပ်
Sunday, February 03, 2013 

ရန်ကုန်မြို့ ယာဉ်ကြောရှုပ်ထွေးမှု ဖြေရှင်းရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဇွဲ့စည်းပုံ တိုးချဲ့ခြင်းက အဖြေမဟုတ်ကြောင်း၊ ယာဉ်စီးရေ များပြားလာခြင်းနှင့် လမ်းအား အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေသူ ခရီးသွားပြည်သူနှင့် တာဝန်ရှိသူ
များက သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ရှုပ်ထွေးနေမှုအား ရှင်းလင်းရန်အတွက် စီမံချက်တစ်ခု အနေဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ကာ ပညာပေးကာလ တစ်ပတ် သတ်မှတ်ပြီး စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်မောင်းများကို ရှင်းလင်း ဆောင်ရွက်ခဲ့သော်လည်း ယာဉ်ကြော
ပိတ်ဆို့မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း
ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးသာဌေးက “ယာဉ်ကြောတွေအရမ်းကို ရှုပ်ထွေးပြီး ကျပ်နေတဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားတွေ အများကြီး သုံးပြီးတော့ ရန်ကုန်မြို့ထဲမှာ အဓိက ရှုပ်ထွေးနေတဲ့ နေရာတွေမှာ ယာဉ်ကြောတွေ ရှင်းခဲ့တယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို အရေးယူနေတယ်။ ဒီလုပ်ငန်းတွေကို စီမံချက်အနေနဲ့ လုပ်ခဲ့တယ်။ လုပ်နေသေးတယ်။ လုပ်ခဲ့တဲ့ စီမံချက်ကို
အောင်မြင်မှုရှိ၊ မရှိ သုံးသပ်ပေးရမယ် ဆိုရင်တော့ အောင်မြင်တယ်လို့
ပြောလို့မရဘူး။ ဒါပေမယ့် အနည်းငယ်တော့ အဆင်ပြေသွားတယ်လို့
ပြောတာပိုပြီးတော့ မှန်ပါလိမ့်မယ်။ အဓိက ကတော့ ရန်ကုန်မြို့မှာရှိတဲ့ ကားအစီးရေက လွန်ခဲ့တဲ့ တစ်နှစ်ကထက် အများကြီး တိုးလာတယ်။ လမ်းတွေက လမ်းရှိတဲ့အတိုင်း အပြည့်အ၀ အသုံးပြုလို့ မရတာတွေကြောင့် အခုလို ယာဉ်ကြောတွေ ရှုပ်ထွေးပြီး ကျပ်နေရတာပါ” ဟု သုံးသပ်
ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အကျယ်ဆုံး လမ်းမမှာ ၇၂ ပေ၊ ခြောက်လမ်းသွားသာရှိပြီး ၇၂ ပေ လမ်းမကြီးများမှာလည်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဗားကရာလမ်း စသည်တို့လောက်သာရှိပြီး ကျန်ရှိသည့် လမ်းမများမှာမူ ၆၆ ပေ၊ ၆၀ ပေနှင့် ၅၀ ပေ၊ လေးလမ်းသွား လမ်းများဖြစ်သည်။ ခြောက်လမ်းသွား လမ်းများဖြစ်သော်လည်း ယာဉ်များရပ်ထားခြင်း၊ လမ်းပျက်စီးမှု အချို့ကြောင့် လေးလမ်းသွားသာ အသုံးပြုနိုင်ပြီး လမ်းစွမ်းရည်ကို အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသည့် အနေအထား ဖြစ်နေသည်။

ထို့အတွက် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများကို တာဝန်ယူ
ဖြေရှင်းရန်အတွက် သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းကို မကြာသေးမီက ဖွဲ့စည်းခဲ့ကြောင်း၊ သို့သော် လက်ရှိ ယာဉ်ကြောပိတ်ဆို့မှု
များမှာ ယာဉ်ကြောကျပ်တည်းမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ လမ်းအခြေအနေနှင့် ဆောက်လုပ်ရေး စီမံကိန်းအချို့ကြောင့်လည်း
ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီး ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

“ယာဉ်ထိန်းရဲတွေပို တိုးချဲ့လာတယ်။ ဒါပေမယ့် နေရာစုံမှာထားပြီး အရေးယူဖို့ဆိုတာ ခဲယဉ်းတယ်။ အဲဒီအတွက် ကျွန်တော်တို့ မထသ အဖွဲ့အစည်းပိုင်တဲ့ ယာဉ်တွေကို သီးခြား စောင့်ကြပ် အရေးယူသွားဖို့လည်း ရှိတယ်။ အခုဖွဲ့စည်းထားတဲ့ အာဏာပိုင် အဖွဲ့စည်းက အဓိက အရေးယူ
နေတဲ့ လူစည်ကားရာနေရာ ခုနစ်နေရာကနေ ၁၀ နေရာထိ တိုးချဲ့ အရေးယူ
သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၉၆၈ ခုနှစ်က မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၃၄၀၀၀ ခန့်သာ ရှိသော်လည်း ၂၀၁၁ ခုနှစ်အတွင်းက ယာဉ်အစီးရေ နှစ်သိန်းကျော်အထိ ရှိလာခဲ့ပြီး လက်ရှိကာလတွင် ယာဉ်အစီးရေ လေးသိန်းကျော်အထိ များပြားလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့သို့ယာဉ်အစီးရေ တိုးပွားလာမှုနှင့်အတူ ပိုမိုပိတ်ဆို့လာသော ယာဉ်ကြောများအား ယာဉ်ထိန်းဖွဲ့စည်းပုံ တိုးချဲ့ခြင်းက ထိရောက်သော အဖြေမဟုတ်ဘဲ လမ်းမကြီးများကို ပိတ်ဆို့စေသော ကိစ္စများနှင့် အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသေးသော လမ်းသားအား အပြည့်အ၀ အသုံးပြု
နိုင်အောင် ပြုလုပ်ပေးခြင်းက ထိရောက်စေမည်ဟု ရန်ကုန်မြို့နေ
ပြည်သူများက ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းမှ အတွင်းရေးမှူးဖြစ်သူ ဦးလှအောင်က “ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လက်ရှိအနေထားက ပြီးပြည့်စုံနေပြီလို့တော့ မရှိသေးပါဘူး။ ကျွန်တော်တို့ စစ်ဆေးတော့
အောက်ခြေမှာ တွေ့ရှိနေတဲ့ အနေထားတွေက ကားများလို့လည်း ပါတယ်။ လမ်းအသုံးပြုသူတွေရဲ့ စနစ်မကျမှုတွေ၊ လမ်းစနစ်တွေရဲ့ လိုအပ်ချက်တွေနဲ့ လက်ရှိ ရန်ကုန်မြို့မှာ ရှိနေတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်က အားနည်းမှုတွေ ရှိနေပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ”ဦးက ရုံးကို မှန်မှန်တက်နေတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကားတော့ မရှိဘူး။ နေ့တိုင်းတက္ကစီနဲ့ပဲ သွားနေတယ်။ လမ်းမှာယာဉ်တွေ ကြပ်တည်းနေတဲ့ အခြေအနေတွေ အများကြီး တွေ့ရတယ်။ တစ်ခါတလေကျရင် အန္တရာယ်မကင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေရတယ်။ ယာဉ်တွေက စည်းကမ်းမရှိတာတွေ များတယ်။ အထူးသဖြင့် လိုင်းကားတွေအပြင် ကိုယ်ပိုင်ကားတွေလည်း ပါတယ်။ ကားတွေက အရမ်းကျပ်တည်းလာတယ်။ ယာဉ်ထိန်းရဲတွေကို အင်အားတိုးချဲ့ထားတယ် ဆိုပေမယ့် သိပ်မတွေ့ရဘူး။ အရေးကြီးတဲ့ နေရာတွေ ယာဉ်အများဆုံး ကျပ်တဲ့အချိန်၊ ရုံးဆင်း၊ ရုံးတက်ချိန်တို့မှာ ယာဉ်ထိန်းရဲတွေဟာ များများရှိနေဖို့ ကောင်းတယ်။ ကမ်းနားလမ်းမှာဆိုရင် ကားတွေက အရမ်းကျပ်နေတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိပြီးတော့ နည်းလမ်း မှန်ကန်စွာနဲ့ လုပ်ဆောင်ဖို့လိုတယ်” ဟု ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းရန် ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် လမ်းဆုံတို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ရာ တံတားတည်ဆောက်ရေး လုပ်ငန်းများကြောင့် ယင်းအနီး ပတ်ဝန်းကျင်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဆိုးရွားခဲ့သည်။

“အခု ယာဉ်ကြောပိတ်ဆို့တာတွေက အရင်ကထက်စာရင် တော်တော်
လေးကိုဆိုးရွားလာတယ်။ ပိတ်တော့လည်း အဓိက လမ်းဆုံတွေဖြစ်နေတယ် လူအများကတော့ အလုပ်လုပ်ကြရင် အဓိက လမ်းဆုံတွေပဲ ဖြတ်ကြရတာ။ အန်တီအထင်နဲ့ ဆိုရင်တော့ အစိုးရပိုင်းတွေ အနေနဲ့ မြို့နယ်တိုင်းမှာ အတွင်းလမ်းလေးတွေ ရှိတယ်။ အဲဒီလမ်းတွေကို နည်းနည်းလေးဖြစ်ဖြစ် အရင်ချဲ့တာမျိုး လုပ်ပြီးမှ လမ်းဆုံတွေမှာ ခုံးကျော်တံတား ဆောက်တာတွေ လုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီလို ဆောက်တာတွေရှိရင် အဲဒီလမ်းတွေက နေသွားလို့ရမယ်လေ။ ယာဉ်ထိန်းတွေ လုပ်ဆောင်မှုတွေ ရှိပေမယ့် ထိရောက်တဲ့ အထိတော့ မရှိသေးပါဘူး။ ဒီနှစ်အတွင်း သွားရလာရ အခက်ခဲဆုံး ကာလတွေပါပဲ” ဟု လှိုင်သာယာ မြို့နယ်(၁)ရပ်ကွက်တွင်
နေထိုင်သူ ပညာရေးဝန်ထမ်း (ငြိမ်း) ဆရာမ ဒေါ်မြင့်မြင့်ခိုင်က
ပြောပြခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူ အလုပ်သမား တစ်ဦးက “ခုရက်ပိုင်းကားက ပိုပြီးကျပ်လာတယ်။ ရန်ကုန်မှာ ကားကျပ်တာက မထူးဆန်းတော့ပေမယ့် ဒီထက်ပိုပို ကျပ်လာတာတော့ လုပ်ငန်းထိခိုက်တယ်။ စားဝတ်နေရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ကျွန်တော်တို့လို အခြေခံ လူတန်းစားတွေ အတွက်တော့ ပိုပြီး ခက်ခဲလာတာပေါ့ဗျာ” ဟု ပြောပြခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုများမှာ လမ်းအပြည့်အ၀ အသုံးမပြုနိုင်ခြင်းအပြင် လမ်းပေါ်တွင် ပါကင်ထိုးရပ်ထားသော ယာဉ်များကြောင့်လည်း ပါဝင်နေကြောင်း၊ အဆိုပါ ယာဉ်များအတွက် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ ပြုလုပ်ရန်အတွက် ရန်ကုန်မြို့ရှိ လမ်းအချို့ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်း၊ ဦးချစ်မောင်လမ်း၊ ဝေဇယန္တာလမ်း၊ ဦးဖိုးစိန်လမ်း စသည်တို့ကို ချဲ့ထွင်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီနေပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပေးခြင်း အားဖြင့် ယာဉ်ရပ်နားနိုင်သည့် နေရာအနည်းငယ် အဆင်ပြေလာသော်လည်း လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကိုမူ အများအပြား ပြေလည်စေခြင်း မရှိသေးကြောင်း သိရသည်။

“ကားအစီးရေ တိုးလာတယ်ဆိုပေမယ့် ရန်ကုန်လူဦးရေ အရေအတွက်နဲ့ဆို ကားက မလုံလောက် သေးပါဘူး၊ စည်းကမ်းမရှိ မောင်းတဲ့ကားတွေ အများကြီး တိုးလာသလို၊ လမ်းဘေးဈေးသည်တွေကလည်း လမ်းမပေါ်ဈေး ရောင်းနဲ့ဆိုတော့ လမ်းပိတ်ပြီးကား ကျပ်တော့တာပေါ့။ Taxi တွေကလည်း စည်းကမ်းမရှိ ရပ်ချင်တဲ့နေရာ ရပ်ကြတယ်၊ ကားရပ်နားကွင်းတွေ ရှိလာရင်တော့ လိုင်းကားတွေလည်း သူ့နေရာသူ ရပ်ကြရင် အဆင်ပြေသွားမှာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့် (ငြိမ်း) က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်းကြောင့် အငှားယာဉ်မောင်းနှင်သူများ
အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် နေရာများသို့ ခရီးသည် ငှားပါက လိုက်ပါမှု နည်းပါးကြောင်း၊ လိုက်ပါပါကလည်း ယာဉ်ကြော
ပိတ်ဆို့မှုကြောင့်ပင် ဆီဖိုးကုန်ကျမှု များပြားခြင်းကြောင့် တွက်ချေ
မကိုက်တော့ဘဲ တစ်ခါတစ်ရံ ကားကျပ်သည့် နေရာများသို့သာ ငှားသူများပြားခြင်းကြောင့် မလိုက်ဖြစ်တော့ဘဲ အုံနာခပင် မပြည့်မီသည့် ရက်များပင် ရှိသည်ဟု အငှားယာဉ်မောင်းများထံမှ သိရသည်။

“ညီမက ယုဇနဥယျာဉ်မြို့တော်ကနေ မြို့ထဲကို ရုံးလာတက်ရတယ်။ ကားကျပ်တဲ့အတွက် မနက်ဆို စောစောကြိုပြီး ထွက်လာရတယ်။ လမ်းမှာ ယာဉ်ကြောကျပ်ပြီး ကားပိတ်တာကြောင့် ခါတိုင်း တစ်နာရီလောက်ကြာရင် ခုဆိုရင် နှစ်နာရီလောက် ကြာတယ်၊ အရင်ထက် စောစောထွက်မှ ရုံးမှီတယ်။ အပြန်ဆိုရင်လည်း ခါတိုင်းအနောက်ကျဆုံးက ၆ နာရီခွဲပဲ။ ခုဆိုကားတွေ ပိတ်၊ ယာဉ်ကြောတွေ ကျပ်နေတာ ကြောင့် ည ၈ နာရီကျော်လောက်မှ
ပြန်ရောက်တယ်” ဟု ယုဇနဥယျာဉ်မြို့တော်မှ ရန်ကုန်မြို့ထဲသို့ အလုပ်လာတက်ရသူ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

“ရန်ကုန်မှာ အရင်ထက် ယာဉ်စီးရေ သိန်းဂဏန်း တိုးလာတယ်။ လက်ရှိလမ်းတွေက ကျဉ်းနေတယ်။ ခြောက်လမ်းသွား စစ်စစ်မရှိဘူး။ အပြည့်သုံး နိုင်တာ မတွေ့ရဘူး။ အခုယာဉ်ကြော ပိတ်ဆို့တာတွေက
တော်တော်ဆိုးလာပြီ။ တချို့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ မရှိပါဘူး။ ယာဉ်ထိန်းရဲကင်းထဲမှာပဲ ထိုင်နေတဲ့ သူတွေလည်း ရှိနေဆဲပါ။ အရေးပေါ် လူနာတင်ယာဉ်လို ကားမျိုးတွေအတွက် တော်တော် အန္တရာယ်ကြီးတယ်။ မဖြစ်သေးလို့ သာပါ။ အိမ်နီးချင်း နိုင်ငံတွေမှာလို Fly Over လည်း ရှိတာမဟုတ်ဘူး။ ဒီကိစ္စကို တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ အချင်းချင်း ချိတ်ဆက်ဖြေရှင်းမှ ရမယ်ထင်တယ်။ နောက်ပြီး ယာဉ်ကြောပိတ်လို့ ဒါကို ဖြေရှင်းပေးနိုင်တယ် ဆိုပြီး ဆောက်နေတဲ့ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်တံတား စီမံကိန်းရှိတဲ့ နေရာတွေမှာ လမ်းပိတ်တာ ပိုဆိုးတယ်။ ဒါတွေ မြန်မြန်ပြီးမှ ဖြစ်မယ်။ လောလောဆယ် ရန်ကုန်မှာ ကားစီးရေ ထပ်တိုးဖို့အတွက် သေချာ စိစစ်သင့်နေပြီ။ ဒီအတိုင်းဆို မလွယ်တော့ဘူး” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုမြင့်ထွေးက သုံးသပ်သည်။

Eleven Media Group ရန်ကုန်မြို့ ယာဉ်ကြောရှုပ်ထွေးမှု ဖြေရှင်းရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဇွဲ့စည်းပုံ တိုးချဲ့ခြင်းက အဖြေမဟုတ်ကြောင်း၊ ယာဉ်စီးရေ များပြားလာခြင်းနှင့် လမ်းအားအပြည့်အ၀ အသုံးချနိုင်ခြင်း မရှိ ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေသူ ခရီးသွားပြည်သူနှင့် တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။ ရန်ကုန်မြို့၏ ယာဉ်ကြော ရှုပ်ထွေးနေမှုအား ရှင်းလင်းရန်အတွက် စီမံချက်တစ်ခု အနေဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ကာ ပညာပေးကာလတစ်ပတ်သတ်မှတ်ပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများကို ရှင်းလင်း ဆောင် ရွက်ခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးသာဌေးက “ယာဉ်ကြောတွေအရမ်းကို ရှုပ်ထွေးပြီး ကျပ်နေတဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားတွေ အများကြီးသုံးပြီးတော့ ရန်ကုန်မြို့ထဲမှာ အဓိကရှုပ်ထွေးနေ တဲ့ နေရာတွေမှာ ယာဉ်ကြောတွေ ရှင်းခဲ့တယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို အရေးယူနေတယ်။ ဒီလုပ်ငန်းတွေကို စီမံချက်အနေနဲ့ လုပ်ခဲ့တယ်။ လုပ်နေသေးတယ်။ လုပ်ခဲ့တဲ့ စီမံချက်ကို အောင်မြင်မှုရှိ၊ မရှိ သုံးသပ်ပေးရမယ် ဆိုရင်တော့ အောင်မြင်တယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် အနည်းငယ်တော့ အဆင်ပြေသွားတယ်လို့ ပြောတာပိုပြီးတော့ မှန်ပါလိမ့်မယ်။ အဓိကကတော့ ရန်ကုန်မြို့မှာရှိတဲ့ ကားအစီးရေက လွန်ခဲ့တဲ့ တစ်နှစ်ကထက် အများကြီးတိုးလာတယ်။ လမ်းတွေက လမ်းရှိတဲ့အတိုင်း အပြည့်အ၀ အသုံးပြုလို့ မရတာတွေကြောင့် အခုလို ယာဉ်ကြောတွေ ရှုပ်ထွေးပြီး ကျပ်နေရတာပါ” ဟု သုံးသပ် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အကျယ်ဆုံး လမ်းမမှာ ၇၂ ပေ၊ ခြောက်လမ်းသွားသာရှိပြီး ၇၂ ပေ လမ်းမကြီးများ မှာလည်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဗားကရာလမ်း စသည် တို့ လောက်သာရှိပြီး ကျန်ရှိသည့် လမ်းမများမှာမူ ၆၆ ပေ၊ ၆၀ ပေနှင့် ၅၀ ပေ၊ လေးလမ်းသွား လမ်းများဖြစ်သည်။ ခြောက်လမ်းသွား လမ်းများဖြစ်သော်လည်း ယာဉ်များရပ်ထားခြင်း၊ လမ်းပျက်စီးမှု အချို့ကြောင့် လေးလမ်းသွားသာ အသုံးပြုနိုင်ပြီး လမ်းစွမ်းရည်ကို အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသည့် အနေအထား ဖြစ်နေသည်။

ထို့အတွက် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများကို တာဝန်ယူ ဖြေရှင်းရန်အတွက် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းကို မကြာသေးမီက ဖွဲ့စည်းခဲ့ကြောင်း၊ သို့သော် လက်ရှိ ယာဉ်ကြော ပိတ်ဆို့မှုများမှာ ယာဉ်ကြောကျပ်တည်းမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ လမ်းအခြေအနေနှင့် ဆောက် လုပ်ရေး စီမံကိန်းအချို့ကြောင့်လည်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

“ယာဉ်ထိန်းရဲတွေပို တိုးချဲ့လာတယ်။ ဒါပေမယ့် နေရာစုံမှာထားပြီး အရေးယူဖို့ဆိုတာ ခဲယဉ်းတယ်။ အဲဒီအတွက် ကျွန်တော်တို့ မထသအဖွဲ့အစည်းပိုင်တဲ့ ယာဉ်တွေကို သီးခြား စောင့်ကြပ် အရေးယူသွားဖို့လည်း ရှိတယ်။ အခုဖွဲ့စည်းထားတဲ့ အာဏာပိုင် အဖွဲ့စည်းက အဓိကအရေးယူနေတဲ့ လူစည်ကားရာနေရာ ခုနစ်နေရာကနေ ၁၀ နေရာထိ တိုးချဲ့အရေးယူသွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၉၆၈ ခုနှစ်က မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၃၄၀၀၀ ခန့်သာ ရှိသော်လည်း ၂၀၁၁ ခုနှစ်အတွင်းက ယာဉ်အစီးရေ နှစ်သိန်းကျော်အထိ ရှိလာခဲ့ပြီး လက်ရှိကာလတွင် ယာဉ်အစီးရေ လေးသိန်းကျော်အထိ များပြားလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ထို့သို့ယာဉ်အစီးရေ တိုးပွားလာမှုနှင့်အတူ ပိုမိုပိတ်ဆို့လာသော ယာဉ်ကြောများအား ယာဉ်ထိန်းဖွဲ့စည်းပုံ တိုးချဲ့ခြင်းက ထိရောက်သော အဖြေမဟုတ်ဘဲ လမ်းမကြီးများကို ပိတ်ဆို့စေသော ကိစ္စများနှင့် အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိသေးသော လမ်းသားအား အပြည့်အ၀ အသုံးပြုနိုင်အောင် ပြုလုပ်ပေးခြင်း က ထိရောက်စေမည်ဟု ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းမှ အတွင်းရေးမှူးဖြစ်သူ ဦးလှအောင်က “ကျွန်တော် တို့ ဆောင်ရွက်နေတဲ့ လက်ရှိအနေထားက ပြီးပြည့်စုံနေပြီလို့တော့ မရှိသေးပါဘူး။ ကျွန်တော်တို့ စစ်ဆေးတော့ အောက်ခြေမှာ တွေ့ရှိနေတဲ့ အနေထားတွေက ကားများလို့လည်းပါတယ်။ လမ်းအသုံးပြု သူတွေရဲ့ စနစ်မကျမှုတွေ၊ လမ်းစနစ်တွေရဲ့ လိုအပ်ချက်တွေနဲ့ လက်ရှိ ရန်ကုန်မြို့မှာ ရှိနေတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်က အားနည်းမှုတွေ ရှိနေပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှအမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ”ဦးက ရုံးကို မှန်မှန်တက်နေတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကားတော့မရှိဘူး။ နေ့တိုင်းတက္ကစီနဲ့ပဲ သွားနေတယ်။ လမ်းမှာယာဉ်တွေ ကြပ်တည်းနေတဲ့ အခြေအနေတွေ အများကြီး တွေ့ရတယ်။ တစ်ခါတလေကျရင် အန္တရာယ်မကင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေရတယ်။ ယာဉ်တွေက စည်းကမ်းမရှိတာတွေ များတယ်။ အထူးသဖြင့် လိုင်းကားတွေအပြင် ကိုယ်ပိုင်ကားတွေလည်းပါတယ်။ ကားတွေက အရမ်းကျပ်တည်း လာတယ်။ ယာဉ်ထိန်းရဲတွေကို အင်အားတိုးချဲ့ထားတယ် ဆိုပေမယ့် သိပ်မတွေ့ရဘူး။ အရေးကြီးတဲ့ နေရာတွေ ယာဉ်အများဆုံး ကျပ်တဲ့အချိန်၊ ရုံးဆင်း၊ ရုံးတက်ချိန်တို့မှာ ယာဉ်ထိန်းရဲတွေဟာ များများရှိနေဖို့ ကောင်းတယ်။ ကမ်းနားလမ်းမှာဆိုရင် ကားတွေက အရမ်းကျပ်နေတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိပြီးတော့ နည်းလမ်း မှန်ကန်စွာနဲ့ လုပ်ဆောင်ဖို့လိုတယ်” ဟု ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းရန် ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် လမ်းဆုံတို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ရာ တံတားတည်ဆောက်ရေး လုပ်ငန်းများကြောင့် ယင်းအနီး ပတ်ဝန်းကျင်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဆိုးရွားခဲ့သည်။

“အခု ယာဉ်ကြောပိတ်ဆို့တာတွေက အရင်ကထက်စာရင် တော်တော်လေးကိုဆိုးရွားလာတယ်။ ပိတ်တော့လည်း အဓိက လမ်းဆုံတွေဖြစ်နေတယ် လူအများကတော့ အလုပ်လုပ်ကြရင် အဓိက လမ်းဆုံတွေပဲ ဖြတ်ကြရတာ။ အန်တီအထင်နဲ့ ဆိုရင်တော့ အစိုးရပိုင်းတွေ အနေနဲ့ မြို့နယ်တိုင်းမှာ အတွင်းလမ်းလေးတွေ ရှိတယ်။ အဲဒီလမ်းတွေကို နည်းနည်းလေးဖြစ်ဖြစ် အရင်ချဲ့တာမျိုး လုပ်ပြီးမှ လမ်းဆုံတွေမှာ ခုံးကျော်တံတား ဆောက်တာတွေ လုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီလို ဆောက် တာတွေရှိရင် အဲဒီလမ်းတွေက နေသွားလို့ရမယ်လေ။ ယာဉ်ထိန်းတွေ လုပ်ဆောင်မှုတွေ ရှိပေမယ့် ထိရောက်တဲ့ အထိတော့ မရှိသေးပါဘူး။ ဒီနှစ်အတွင်း သွားရလာရ အခက်ခဲဆုံး ကာလတွေပါပဲ” ဟု လှိုင်သာယာ မြို့နယ်(၁)ရပ်ကွက်တွင် နေထိုင်သူ ပညာရေးဝန်ထမ်း (ငြိမ်း) ဆရာမ ဒေါ်မြင့်မြင့်ခိုင် က ပြောပြခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူ အလုပ်သမား တစ်ဦးက “ခုရက်ပိုင်းကားက ပိုပြီးကျပ်လာတယ်။ ရန်ကုန်မှာ ကားကျပ်တာက မထူးဆန်းတော့ပေမယ့် ဒီထက်ပိုပို ကျပ်လာတာတော့ လုပ်ငန်းထိခိုက်တယ်။ စားဝတ်နေရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ကျွန်တော်တို့လို အခြေခံ လူတန်းစားတွေ အတွက်တော့ ပိုပြီး ခက်ခဲလာတာပေါ့ဗျာ” ဟု ပြောပြခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုများမှာ လမ်းအပြည့်အ၀ အသုံးမပြုနိုင်ခြင်းအပြင် လမ်းပေါ်တွင် ပါကင်ထိုး ရပ်ထားသော ယာဉ်များကြောင့်လည်း ပါဝင်နေကြောင်း၊ အဆိုပါ ယာဉ်များအတွက် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ ပြုလုပ်ရန်အတွက် ရန်ကုန်မြို့ရှိ လမ်းအချို့ဖြစ်သော ဗိုလ် ချုပ် အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်း၊ ဦးချစ်မောင်လမ်း၊ ဝေဇယန္တာလမ်း၊ ဦးဖိုးစိန်လမ်း စသည်တို့ကို ချဲ့ထွင်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီနေပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပေးခြင်း အားဖြင့် ယာဉ်ရပ် နားနိုင်သည့် နေရာအနည်းငယ် အဆင်ပြေလာသော်လည်း လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကိုမူ အများအပြား ပြေလည်စေခြင်း မရှိသေးကြောင်း သိရသည်။

“ကားအစီးရေ တိုးလာတယ်ဆိုပေမယ့် ရန်ကုန်လူဦးရေ အရေအတွက်နဲ့ဆို ကားက မလုံလောက် သေး ပါဘူး၊ စည်းကမ်းမရှိ မောင်းတဲ့ကားတွေ အများကြီး တိုးလာသလို၊ လမ်းဘေးဈေးသည်တွေကလည်း လမ်းမပေါ်ဈေး ရောင်းနဲ့ဆိုတော့ လမ်းပိတ်ပြီးကား ကျပ်တော့တာပေါ့။ Taxi တွေကလည်း စည်းကမ်းမရှိ ရပ်ချင်တဲ့နေရာ ရပ်ကြတယ်၊ ကားရပ်နားကွင်းတွေ ရှိလာရင်တော့ လိုင်းကားတွေလည်း သူ့နေရာသူ ရပ်ကြရင် အဆင်ပြေသွားမှာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့် (ငြိမ်း) က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်းကြောင့် အငှားယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် နေရာများသို့ ခရီးသည် ငှားပါက လိုက်ပါမှု နည်းပါးကြောင်း၊ လိုက်ပါပါကလည်း ယာဉ်ကြော
ပိတ်ဆို့မှုကြောင့်ပင် ဆီဖိုးကုန်ကျမှု များပြားခြင်းကြောင့်တွက်ချေ မကိုက်တော့ဘဲ တစ်ခါတစ်ရံ ကားကျပ်သည့် နေရာများသို့သာ ငှားသူများပြားခြင်းကြောင့် မလိုက်ဖြစ်တော့ဘဲ အုံနာခပင် မပြည့်မီသည့် ရက်များပင် ရှိသည်ဟု အငှားယာဉ်မောင်းများထံမှ သိရသည်။

“ညီမက ယုဇနဥယျာဉ်မြို့တော်ကနေ မြို့ထဲကို ရုံးလာတက်ရတယ်။ ကားကျပ်တဲ့အတွက် မနက်ဆို စောစောကြိုပြီး ထွက်လာရတယ်။ လမ်းမှာ ယာဉ်ကြောကျပ်ပြီး ကားပိတ်တာကြောင့် ခါတိုင်း တစ်နာရီလောက်ကြာရင် ခုဆိုရင် နှစ်နာရီလောက် ကြာတယ်၊ အရင်ထက် စောစောထွက်မှ ရုံးမှီတယ်။ အပြန်ဆိုရင်လည်း ခါတိုင်းအနောက်ကျဆုံးက ၆ နာရီခွဲပဲ။ ခုဆိုကားတွေ ပိတ်၊ ယာဉ်ကြောတွေ ကျပ်နေတာ ကြောင့် ည ၈ နာရီကျော်လောက်မှ ပြန်ရောက်တယ်” ဟု ယုဇနဥယျာဉ်မြို့တော်မှ ရန်ကုန်မြို့ထဲသို့ အလုပ်လာတက်ရသူ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

“ရန်ကုန်မှာ အရင်ထက် ယာဉ်စီးရေ သိန်းဂဏန်း တိုးလာတယ်။ လက်ရှိလမ်းတွေက ကျဉ်းနေ တယ်။ ခြောက်လမ်းသွား စစ်စစ်မရှိဘူး။ အပြည့်သုံး နိုင်တာ မတွေ့ရဘူး။ အခုယာဉ်ကြော ပိတ်ဆို့တာတွေက တော်တော်ဆိုးလာပြီ။ တချို့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ မရှိပါဘူး။ ယာဉ်ထိန်းရဲ ကင်းထဲမှာပဲ ထိုင်နေတဲ့ သူတွေလည်း ရှိနေဆဲပါ။ အရေးပေါ် လူနာတင်ယာဉ်လို ကားမျိုးတွေ အတွက် တော်တော် အန္တရာယ်ကြီးတယ်။ မဖြစ်သေးလို့ သာပါ။ အိမ်နီးချင်း နိုင်ငံတွေမှာလို Fly Over လည်း ရှိတာမဟုတ်ဘူး။ ဒီကိစ္စကို တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ အချင်းချင်း ချိတ်ဆက်ဖြေရှင်းမှ ရမယ်ထင်တယ်။ နောက်ပြီး ယာဉ်ကြောပိတ်လို့ ဒါကို ဖြေရှင်းပေးနိုင်တယ်ဆိုပြီး ဆောက်နေတဲ့ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်တံတား စီမံကိန်းရှိတဲ့ နေရာတွေမှာ လမ်းပိတ်တာ ပိုဆိုးတယ်။ ဒါတွေ မြန်မြန်ပြီးမှ ဖြစ်မယ်။ လောလောဆယ် ရန်ကုန်မှာ ကားစီးရေ ထပ်တိုးဖို့အတွက် သေချာ စိစစ်သင့်နေပြီ။ ဒီအတိုင်းဆို မလွယ်တော့ဘူး” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုမြင့်ထွေးက သုံးသပ်သည်။

From : Eleven Media Group

No comments:

Post a Comment