
မတ်လ(၂၄)ရက်မှမတ်လ(၂၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ် ကြောင်းသိရသည်။သက္ကရာဇ်၁၁၂၄ ခုနှစ်(ခရစ်သက္ကရာဇ်၁၇၆၂) တွင် မင်းရှင်ဇော် (ရွှေတောင်စားမင်း) ကယခင် စေတီပျက်ကိုငုံပြီး တည်ထားခဲ့ သည့် ရွှေတောင်စားစေတီကိုတည်ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ရွှေတောင်စားစေတီသည် နှစ်(၂၅၀)ပြည့်ပြီဖြစ်ရာ အထိမ်းအမှတ်ပွဲတော်ကြီးကို ခမ်းနား စည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
ရွှေတောင်စားစေတီ ဗုဒ္ဒပူဇနိယပွဲတော်အကြို ဓမ္မပူဇာတရားပွဲကို မတ်လ (၁၀)ရက်မှ (၂၂)ရက်နေ့အထိ (၁၃)ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး၊ ရွှေတောင်စားစေတီတော်နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ခြင်္သေ့ညီနောင်
မုခ်ဦးကိုဖွင့်လှစ်မည်ဖြစ်သည်။
ထို့အပြင်မြို့သူမြို့သားများက ပန်း၊ ဆီမီး၊ရေချမ်းများစုပေါင်းကပ်လှူပူဇော်ခြင်း၊ တပေါင်းလပြည့်နေ့ နံနက်တွင် သံဃာတော်အပါး(၂၅၀)ဖြင့် အနေကဇာတင် ပူဇော်ခြင်း၊မြို့လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက်လောင်းလှူပူဇော်ခြင်း၊ ရေစက်ချမင်္ဂလာကျင်းပခြင်း၊မြို့လုံးကျွတ်နိဗာန်ဈေးအလှူပွဲကြီး ကျင်းပခြင်းတို့ကိုပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပွဲတော် ကြီးတွင် ထိုင်း(ရနောင်း)ကုန်စည်ပြပွဲ၊ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်းပြပွဲ၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အတီးအမှုတ်ဖျော်ဖြေပွဲ၊ ဇာတ်သဘင်ပွဲတို့ကိုလည်း ထည့်သွင်း ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။
From : Popular Myanmar News Journal
No comments:
Post a Comment