Wednesday 2 January 2013

ပုဂံဒေသ၌ ခရီးသည်များအတွက် Tourist Police အရေးတကြီး လိုအပ်နေ

Photo: ပုဂံဒေသ၌ ခရီးသည်များအတွက် Tourist Police အရေးတကြီး
လိုအပ်နေ
Wednesday, 02 January 2013

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုများပြားလာ ခြင်းကြောင့် ခရီးသွားများအတွက် လုံခြုံရေးလိုအပ်ချက်များရှိလာကြောင်း
ဒေသခံတို့ကဆိုသည်။

"Tourist Police ပေါ့။ Tourist ရဲ့လုံခြုံရေး အရေးပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ တော်တော်လေးအားနည်းနေတယ်။  Tourist Police တွေကို ချထားပေးသင့်တယ်။ ကျွန်တော်တို့ ပုဂံဒေသရဲ့ စီးပွားရေးက ကမ္ဘာလှည့် ခရီးသည်ပေါ်မှာ မူတည်နေကြတာလေ။ အဲဒါကြောင့် သူတို့ရဲ့လုံခြုံရေးကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသင့်တယ်"ဟု ပုဂံယဉ်ကျေးမှု
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။

ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုများပြားလာခြင်းနှင့်အတူ ဟိုတယ်/တည်းခိုခန်းများ လုံလောက်မှု မရှိခြင်း၊ ခရီးသည်များ၏ သွားလာမှုအတွက် ဧည့်လမ်းညွှန် အင်အားနည်းပါးခြင်း၊ စေတီပုထိုး 
များ၏ ကြံ့ခိုင်မှုအားနည်းခြင်း စသည့်အချက်များကြောင့် ခရီးသည်
များမှာ စိတ်အနှောင့်အယှက် ဖြစ်ပေါ်လာနိုင်ပြီး ခရီးသည်ဝင်ရောက်မူ ကျဆင်းလာနိုင်ကြောင်း ဒေသခံများက ၄င်းတို့အမြင်ကို သုံးသပ်ပြောဆိုသည်။

"ကမ္ဘာလှည့်ခရီးသည်တွေက သူတို့ သုံးနိုင်တဲ့ ငွေကြေးပမာဏနဲ့ အခန်းရှာကြတယ်လေ။ အဲဒါတွေက သူတို့ သုံးစွဲနိုင်တဲ့ငွေပမာဏကို တတ်နိုင်တဲ့သူတွေလည်း တည်းခိုကြတော့ အခန်းပြည့်တယ်။ ဒါကို ဟိုတယ်အခန်းတွေ မလုံလောက်ဘူးဆိုတာ အကြောင်းပြချက်
ဖြစ်လာတာပါ"ဟု ဟိုတယ်နှင့် ခရီးသွားလာရေး(ပုဂံ)လုပ်ငန်းမှ
ဦးစီးအရာရှိ ဦးအောင်ဇော်မိုးက ပြောသည်။

ပုဂံယဉ်ကျေးမှု ရှေးဟောင်းနယ်မြေတွင်းသို့ ပြင်သစ်၊ စပိန်၊ အီတလီ
နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် များ ၀င်ရောက်မှုအများဆုံးဖြစ်ပြီး အခြားအာရှနိုင်ငံများမှလည်း လာရောက်လေ့လာလည်ပတ်လျက်ရှိ
ကြောင်း သိရသည်။

အဆိုပါဒေသသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၂၀၁၂ ခုနှစ် ဧပြီလတွင် (၇၇၅၁) ဦးသာရှိခဲ့ပြီး
နိုဝင်ဘာလတွင် (၂၇၇၃၂)ဦး သို့မြင့်တက်လာခဲ့ကာ ဒီဇင်ဘာ လ (၁၀)ရက် နေ့အထိ ခရီးသည်ဝင်ရောက်မှု (၉၀၉၆၆)သို့ရောက်ရှိလာ
ခဲ့ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုဦးစီးဌာနမှ သိရှိရသည်။

"ခရီးသည် ၀င်ရောက်လာတာ ဒီနှစ်အများဆုံးပါပဲ။ ခရစ်စမတ်
ရက်ပိုင်းလောက်ပဲ နည်းနည်းကျတယ်။ ခရီးသည်တွေများများ ၀င်လာပြီဆိုရင် ပြဿနာတွေလည်း အများကြီးရှိလာနိုင်တယ်။ ခရီးသည်တွေ လုံခြုံရေး အတွက်လည်း Tourist Police
တွေထားဖို့လိုအပ်တယ်။ ကျွန်တော်တို့အနေနဲ့လည်း ကူညီ
ဆောင်ရွက်ပေးနေပါတယ်"ဟု ပုဂံရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

လက်ရှိတွင် ပုဂံ-ညောင်ဦးဒေသတွင်းသို့ တစ်ရက်လျှင်ခရီးသည် ဦးရေ (၇၀၀)မှ (၁၀၀၀) ၀န်းကျင် အကြားဝင် ရောက်လျှက် ရှိကြောင်းနှင့် တည်းခိုနိုင်သည့် ဟိုတယ်အခန်းပေါင်းမှာ  (၂၁၉၆)ခန်း ရှိကြောင်း (ပုဂံ- ညောင်ဦး)ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ သိရှိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroupပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုများပြားလာ ခြင်းကြောင့် ခရီးသွားများအတွက် လုံခြုံရေး လိုအပ်ချက်များရှိလာကြောင်း ဒေသခံတို့ကဆိုသည်။
"Tourist Police ပေါ့။ Tourist ရဲ့လုံခြုံရေး အရေးပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ တော်တော်လေးအားနည်းနေတယ်။ Tourist Police တွေကို ချထားပေးသင့်တယ်။ ကျွန်တော်တို့ ပုဂံဒေသရဲ့ စီးပွားရေးက ကမ္ဘာလှည့် ခရီးသည်ပေါ်မှာ မူတည်နေကြတာလေ။ အဲဒါကြောင့် သူတို့ရဲ့လုံခြုံရေးကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသင့်တယ်"ဟု ပုဂံယဉ်ကျေးမှု ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။

ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုများပြားလာခြင်းနှင့်အတူ ဟိုတယ်/တည်းခိုခန်းများ လုံလောက်မှု မရှိခြင်း၊ ခရီးသည်များ၏ သွားလာမှုအတွက် ဧည့်လမ်းညွှန် အင်အားနည်းပါးခြင်း၊ စေတီပုထိုးများ၏ ကြံ့ခိုင်မှုအားနည်းခြင်း စသည့်အချက်များကြောင့် ခရီးသည်များမှာ စိတ်အနှောင့်အယှက် ဖြစ်ပေါ် လာနိုင်ပြီး ခရီးသည်ဝင်ရောက်မူ ကျဆင်းလာနိုင်ကြောင်း ဒေသခံများက ၄င်းတို့အမြင်ကို သုံးသပ်ပြော ဆိုသည်။

"ကမ္ဘာလှည့်ခရီးသည်တွေက သူတို့ သုံးနိုင်တဲ့ ငွေကြေးပမာဏနဲ့ အခန်းရှာကြတယ်လေ။ အဲဒါတွေက သူတို့ သုံးစွဲနိုင်တဲ့ငွေပမာဏကို တတ်နိုင်တဲ့သူတွေလည်း တည်းခိုကြတော့ အခန်းပြည့်တယ်။ ဒါကို ဟိုတယ်အခန်းတွေ မလုံလောက်ဘူးဆိုတာ အကြောင်းပြချက် ဖြစ်လာတာပါ"ဟု ဟိုတယ်နှင့် ခရီးသွား လာရေး(ပုဂံ)လုပ်ငန်းမှ ဦးစီးအရာရှိ ဦးအောင်ဇော်မိုးက ပြောသည်။

ပုဂံယဉ်ကျေးမှု ရှေးဟောင်းနယ်မြေတွင်းသို့ ပြင်သစ်၊ စပိန်၊ အီတလီ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် များ ၀င်ရောက်မှုအများဆုံးဖြစ်ပြီး အခြားအာရှနိုင်ငံများမှလည်း လာရောက်လေ့လာလည်ပတ်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါဒေသသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၂၀၁၂ ခုနှစ် ဧပြီလတွင် (၇၇၅၁) ဦးသာရှိခဲ့ပြီး နိုဝင်ဘာလတွင် (၂၇၇၃၂)ဦး သို့မြင့်တက်လာခဲ့ကာ ဒီဇင်ဘာ လ (၁၀)ရက် နေ့အထိ ခရီးသည်ဝင်ရောက်မှု (၉၀၉၆၆)သို့ရောက်ရှိလာခဲ့ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုဦးစီးဌာနမှ သိရှိရသည်။

"ခရီးသည် ၀င်ရောက်လာတာ ဒီနှစ်အများဆုံးပါပဲ။ ခရစ်စမတ် ရက်ပိုင်းလောက်ပဲ နည်းနည်းကျတယ်။ ခရီးသည်တွေများများ ၀င်လာပြီဆိုရင် ပြဿနာတွေလည်း အများကြီးရှိလာနိုင်တယ်။ ခရီးသည်တွေ လုံခြုံရေး အတွက်လည်း Tourist Police တွေထားဖို့လိုအပ်တယ်။ ကျွန်တော်တို့အနေနဲ့လည်း ကူညီ
ဆောင်ရွက်ပေးနေပါတယ်"ဟု ပုဂံရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

လက်ရှိတွင် ပုဂံ-ညောင်ဦးဒေသတွင်းသို့ တစ်ရက်လျှင်ခရီးသည် ဦးရေ (၇၀၀)မှ (၁၀၀၀) ၀န်းကျင် အကြားဝင် ရောက်လျှက် ရှိကြောင်းနှင့် တည်းခိုနိုင်သည့် ဟိုတယ်အခန်းပေါင်းမှာ (၂၁၉၆)ခန်း ရှိကြောင်း (ပုဂံ- ညောင်ဦး)ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ သိရှိရသည်။

From : Myit Makha Mediagroup

No comments:

Post a Comment