Wednesday 2 January 2013

ဗိုလ်တထောင်ဆိပ်ကမ်း အဆင့်မြှင့်တင်ခွင့် ပို့ဆောင်ရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်ချပေးခြင်း ပွင့်လင်းမှုမရှိ၍ ကော်မရှင်ပြန်ရုပ်သိမ်း

Photo: ဗိုလ်တထောင်ဆိပ်ကမ်း အဆင့်မြှင့်တင်ခွင့် ပို့ဆောင်ရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်ချပေးခြင်း ပွင့်လင်းမှုမရှိ၍ ကော်မရှင်ပြန်ရုပ်သိမ်း
Wednesday, 02 January 2013

ဗိုလ်တထောင်ဆိပ်ကမ်း အဆင့်မြှင့်တင်ရန်အတွက် ကောင်းမြန်မာအောင်
ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရရှိခဲ့မှုသည် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ
မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ ၅ ဦး၊ ဒုတိယဝန်ကြီးအဆင့်ရှိ ၁ ဦး နှင့်အရပ်ဘက်မှ ပညာရှင် ၅ ဦးတို့ ပါဝင်သောရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်မှ အစည်းအဝေးပြုလုပ်ကာ ထို သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကော် မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ 

”လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ပေါ့ဗျာ။ ဒီလုပ်ပိုင်ခွင့်က ပို့ဆောင်ရေး
ဝန်ကြီးဌာနက လုပ်တာဖြစ်ပေ မယ့် ကျွန်တော်တို့ ကော်မရှင်က တင်ပြလာမှုအပေါ် စိစစ်ပိုင်ခွင့်ရှိ တယ်လေ။ဒါကြောင့် စိစစ်လိုက်တဲ့ အခါမှာပွင့်လင်းမြင်သာမှု မရှိတာ ကိုတွေ့တဲ့အတွက်ရပ်ဆိုင်းပစ်လိုက် တာပါ”ဟု ၄င်းက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြစ်စေ ၊
ပြည်တွင်းတွင် ခွင့်ပြုမှုတွင် သက်ဆိုင်ရာဝန်ကြီးဌာနကသာ ဦးစွာ
ရွေးချယ်ရပြီး ပြီးစီးမှသာလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချထားပေးမှုအပေါ်မှန်၊ မမှန် တန်ဖိုးနှင့်ကိုက်ညီမှု ရှိ၊ မရှိနှင့် လူထုထိခိုက်မှုရှိမရှိကို စိစစ် ရကြောင်း သိရသည်။

အစိုးရသစ်တက်ပြီး ကော်မရှင်အား မိမိတာဝန်ယူစဉ် တစ်ဦးတည်းက 
ဆုံးဖြတ်ခြင်းမျိုး မရှိဘဲ အဖွဲ့၏ မဲအရေအတွက်ဖြင့်သာ ဆုံးဖြတ်ကြောင်း၊ ယခုကိစ္စရပ်မှာ ကော်မရှင်မှ ဝန်ကြီးဌာန၏လုပ်ကိုင် ခွင့် ပြုလိုက်မှုအပေါ် ရပ်ဆိုင်းခိုင်း လိုက်မှုမှာပထမဦးဆုံးဖြစ်ကြောင်း ၄င်းကပြောသည်။

ဗိုလ်တထောင်ဆိပ်ကမ်း လုပ် ပိုင်ခွင့် ရပ်ဆိုင်းခြင်းနှင့်အတူ တင် ဒါစနစ်ဖြင့် မည်သူ့ကိုမျှ လုပ်ပိုင် ခွင့်ပေးမည်မဟုတ်ဘဲ အနာဂတ် တွင်ဖောက်လုပ်မည့် ရန်ကုန်-ဒလ တံတားနေရာအဖြစ် သတ်မှတ် လိုက်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကရန်ကုန်ဆိပ်ကမ်းများ အဆင့်မြှင့် 
တင်ရေးနှင့် ပုဂ္ဂလိကသို့ တင်ဒါ စနစ်ဖြင့် လုပ်ပိုင်ခွင့်ချထားပေးမှု များကို ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများအား တွေ့ဆုံရှင်းလင်းမှု ကို ၂ဝ၁၂ နိုဝင်ဘာလ က ပြုလုပ်ခဲ့ သေးသည်။

မင်းသုအောင်
Popular Myanmar News Journalဗိုလ်တထောင်ဆိပ်ကမ်း အဆင့်မြှင့်တင်ရန် အတွက် ကောင်းမြန် မာအောင်ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရရှိခဲ့မှုသည် ပွင့်လင်းမြင်သာမှုမရှိဟု ဆိုကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရ သည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ ၅ ဦး၊ ဒုတိယဝန်ကြီးအဆင့်ရှိ ၁ ဦး နှင့်အရပ်ဘက်မှ ပညာရှင် ၅ ဦးတို့ ပါဝင်သောရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်မှ အစည်းအဝေးပြုလုပ်ကာ ထို သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကော် မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

”လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ပေါ့ဗျာ။ ဒီလုပ်ပိုင်ခွင့်က ပို့ဆောင်ရေးဝန်ကြီးဌာနက လုပ်တာဖြစ်ပေ မယ့် ကျွန်တော်တို့ ကော်မရှင်က တင်ပြလာမှုအပေါ် စိစစ်ပိုင်ခွင့်ရှိ တယ်လေ။ဒါကြောင့် စိစစ်လိုက်တဲ့ အခါမှာပွင့်လင်းမြင်သာမှု မရှိတာ ကိုတွေ့တဲ့အတွက်ရပ်ဆိုင်းပစ်လိုက် တာပါ”ဟု ၄င်းက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြစ်စေ၊ ပြည်တွင်းတွင် ခွင့်ပြုမှုတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနကသာ ဦးစွာရွေးချယ်ရပြီး ပြီးစီးမှသာလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချထားပေးမှု အပေါ်မှန်၊ မမှန် တန်ဖိုးနှင့်ကိုက်ညီမှု ရှိ၊ မရှိနှင့် လူထုထိခိုက်မှုရှိမရှိကို စိစစ် ရကြောင်း သိရသည်။

အစိုးရသစ်တက်ပြီး ကော်မရှင်အား မိမိတာဝန်ယူစဉ် တစ်ဦးတည်းက ဆုံးဖြတ်ခြင်းမျိုးမရှိဘဲ အဖွဲ့၏ မဲအရေအတွက်ဖြင့်သာ ဆုံးဖြတ်ကြောင်း၊ ယခုကိစ္စရပ်မှာ ကော်မရှင်မှ ဝန်ကြီးဌာန၏လုပ်ကိုင် ခွင့် ပြုလိုက်မှုအပေါ် ရပ်ဆိုင်းခိုင်း လိုက်မှုမှာပထမဦးဆုံးဖြစ်ကြောင်း ၄င်းကပြောသည်။

ဗိုလ်တထောင်ဆိပ်ကမ်း လုပ်ပိုင်ခွင့် ရပ်ဆိုင်းခြင်းနှင့်အတူ တင်ဒါစနစ်ဖြင့် မည်သူ့ကိုမျှ လုပ်ပိုင် ခွင့်ပေးမည် မဟုတ်ဘဲ အနာဂတ် တွင်ဖောက်လုပ်မည့် ရန်ကုန်-ဒလ တံတားနေရာအဖြစ် သတ်မှတ် လိုက်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကရန်ကုန်ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးနှင့် ပုဂ္ဂလိကသို့ တင်ဒါ စနစ်ဖြင့် လုပ်ပိုင်ခွင့်ချထားပေးမှု များကို ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများအား တွေ့ဆုံရှင်းလင်းမှုကို ၂ဝ၁၂ နိုဝင်ဘာလ က ပြုလုပ်ခဲ့ သေးသည်။

From : Popular Myanmar News Journal

No comments:

Post a Comment