Wednesday 2 January 2013

နီပေါ နိုင်ငံမှ ဆင် အလှပြ ပြိုင်ပွဲ

နီပေါ နိုင်ငံမှ ဆင် အလှပြ ပြိုင်ပွဲ

နီပေါ နိုင်ငံတွင် ချစ်ဝမ် ဆင်ပွဲတော်၏ တစ်စိတ် တစ်ဒေသ အဖြစ် နှစ်စဉ် ပြုလုပ်နေကျ ဆင်အလှပြ ပြိုင်ပွဲကို တတိယ အကြိမ်မြောက် အဖြစ် ဒီဇင်ဘာ ၂၁ ရက်က ကျင်းပခဲ့ရာ ချစ်ဝမ် ခရိုင်မှ ဆင်သုံးကောင်သည် ပြိုင်ပွဲ၏ နောက်ဆုံး အဆင့်ထိ  တက်ရောက် နိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆင်များ အနက်မှ ကာလီ အမည်ရှိ ဆင်မ တစ်ကောင်သည် သူမ၏ အမိန့် နာခံတတ်မှု၊ အလှဆင် မွမ်းမံမှုနှင့် ရိုးသားမှု များကြောင့် ယခုနှစ် အတွက် ပထမ ဆုကို ရရှိခဲ့ကြောင်း၊ အဆိုပါ ဆင်သည် လှပသည့် အပြင် ဆင်ထိန်း၏ အမိန့်ကို နာခံကြောင်း ဆင်စီမံ ခန့်ခွဲမှု ကော်မတီမှ ရှာရီရမ်က ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ပရက်ခ်ရီ တီကာလီ အမည်ရှိ ဆင်သည် ဒုတိယ ဆုကို ရရှိ ခဲ့ကြောင်းနှင့် ကျွမ်းကျင် ပညာရှင် ဒိုင်လူကြီး ငါးဦးက ဆင်များ၏ ရုပ်ပိုင်းဆိုင်ရာ လှပမှုနှင့် အခြား အရည်အချင်း များကို ကြည့်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသည် နီပေါ နိုင်ငံတွင် နှစ်စဉ် ပြုလုပ်နေကျ ချစ်ဝမ် ဆင်အလှပြ ပြိုင်ပွဲ၏ တတိယနှစ် အဖြစ် ကျင်းပသည့်ပွဲ ဖြစ်သည်။

http://www.myawady.com.mm/allnews/global/item/3349-2013-01-02-09-30-51

နီပေါ နိုင်ငံတွင် ချစ်ဝမ်ဆင်ပွဲတော်၏ တစ်စိတ်တစ်ဒေသအဖြစ် နှစ်စဉ် ပြုလုပ်နေကျ ဆင်အလှပြ ပြိုင်ပွဲကို တတိယ အကြိမ်မြောက် အဖြစ် ဒီဇင်ဘာ ၂၁ ရက်က ကျင်းပခဲ့ရာ ချစ်ဝမ် ခရိုင်မှ ဆင်သုံးကောင် သည် ပြိုင်ပွဲ၏ နောက်ဆုံး အဆင့်ထိ တက်ရောက် နိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆင်များအနက်မှ ကာလီအမည်ရှိ ဆင်မတစ်ကောင်သည် သူမ၏အမိန့် နာခံတတ်မှု၊ အလှဆင် မွမ်းမံမှုနှင့် ရိုးသားမှုများကြောင့် ယခုနှစ်အတွက် ပထမဆုကို ရရှိခဲ့ကြောင်း၊ အဆိုပါဆင်သည် လှပသည့် အပြင် ဆင်ထိန်း၏အမိန့်ကို နာခံကြောင်း ဆင်စီမံခန့်ခွဲမှု ကော်မတီမှရှာရီရမ်က ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ပရက်ခ်ရီ တီကာလီ အမည်ရှိ ဆင်သည် ဒုတိယ ဆုကို ရရှိ ခဲ့ကြောင်းနှင့် ကျွမ်းကျင် ပညာရှင် ဒိုင်လူကြီး ငါးဦးကဆင်များ၏ ရုပ်ပိုင်းဆိုင်ရာလှပမှုနှင့် အခြားအရည်အချင်းများကို ကြည့်၍ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသည် နီပေါ နိုင်ငံတွင် နှစ်စဉ် ပြုလုပ်နေကျ ချစ်ဝမ် ဆင်အလှပြ ပြိုင်ပွဲ၏ တတိယနှစ် အဖြစ် ကျင်းပသည့်ပွဲ ဖြစ်သည်။
from..မြ၀တီ


No comments:

Post a Comment