Wednesday 2 January 2013

နေပြည်တော်တွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အတွက် မြေကွက်မရှိ

Photo: နေပြည်တော်တွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ
အတွက် မြေကွက်မရှိ  
Wednesday, 02 January 2013

နေပြည်တော်တွင် အသေးစား စက်မှုလုပ်ငန်းများအတွက် မြေကွက်မရှိ
ဖြစ်နေကြောင်း အသေးစားလုပ်ငန်း တည်ထောင်ရန် နေပြည်တော် စည်ပင်သို့ လျှောက်ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်စည်ပင်မှ ဈေးကစားရန်သက်သက် မြေကွက်ဝယ်ယူသူများကို အလွယ်တကူ မြေကွက်များ ချထားပေးခဲ့ခြင်း ရှိသော်လည်း အမှန်တကယ် တည်ဆောက်လုပ်ကိုင်မည့် သူများကိုမူ မြေကွက်ချထားပေးရန်
ကွေ့ဝိုက်လျက်ရှိပြီး ကန့်သတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မည်သည့်လုပ်ငန်းမှ မတည်ထောင်ဘဲ မြေကွက်ရရှိထားသူများက ကျပ်သိန်း ၅၀၀ တန် မြေကွက်များကို ကျပ်သိန်း ၁၀၀၀ အထိ ဈေးတင် ရောင်းမှုများပင် ရှိနေကြောင်း သိရသည်။

နေပြည်တော်တွင် လူနေရပ်ကွက်များအတွင်း အသေးစားလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ခြင်းကို ကန့်သတ်ထားပြီး သတ်မှတ်ထားသည့် မြို့၊ နေရာများ၌သာ တည်ထောင်ရန် နေပြည်တော်စည်ပင်မှ ကန့်သတ်ထားကြောင်း သိရသည်။

ထိုသို့ ကန့်သတ်ထားသည့်အတွက် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်
သူများမှာ ပြင်ပတွင် မိမိအစီအစဉ်ဖြင့် မိမိဝယ်ယူလုပ်ကိုင်မည် ဆိုသော်လည်း ကန့်သတ်ထား၍ လုပ်ကိုင်မရခြင်း၊ နေပြည်တော်စည်ပင်မှ မိမိတို့ဆီ လျှောက်ထားပါဟု ပြောကြား၍ လျှောက်ထားသော်လည်း အကြောင်း အမျိုးမျိုးပြကာ အချိန်ကြာမြင့်စွာ ချထားပေးမှု မရှိသည့်အတွက် အမှန်တကယ် လုပ်ကိုင်မည့်သူများ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း
သိရသည်။

မည်သည့်အတွက်ကြောင့် ချထားပေးရန် နှောင့်နှေးနေရသည့်အပေါ်
နေပြည်တော် စည်ပင်တာဝန်ရှိသူထံ မေးမြန်းရာတွင် “မြေကွက်ယူထားပြီးသူများ အဆောက်အအုံ တည်ဆောက်လုပ်ငန်း အကောင်အထည်ဖော်ပြီးမှ အသစ်ထပ်မံ ချထားပေးမည်” ဖြစ်ကြောင်းနှင့် အပြင်မှ မြေကွက်များ ၀ယ်သုံးရန်သာ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အသေးစားလုပ်ငန်းအတွက် မြေကွက်တစ်ကွက်လျှောက်ထားခြင်း
အတွက် သမ္မတရုံးအထိ တင်ပြရမည့်အချက်၊ အမှန်တကယ် လုပ်ကိုင်ပါမည်
ဆိုသော ကတိပေးချက်အပြင် ပြည်ထဲရေး ၀န်ကြီးဌာန၏ စစ်ဆေးမှုကိုပါ ခံရသည်အထိ အဆင့်ပေါင်းများစွာ ကျော်ဖြတ်ရကြောင်း၊
ကျော်ဖြတ်ပြီးသော်လည်း ချထားပေးခြင်း မရှိသေးကြောင်း သိရသည်။

နေပြည်တော်တွင် အသေးစား စက်မှုလုပ်ငန်း တည်ထောင်ရန် မြေကွက်
လျှောက်ထားသည့် ပုံနှိပ်လုပ်ငန်းရှင် တစ်ဦးက“ကျွန်တော်တို့ မြေကွက်ရှာတဲ့
အခါ နေပြည်တော်စည်ပင်က ရွှေကြာပင်မှာ ရှိတယ်ဆိုလို့ သွားကြည့်တယ်။ ဒါပေမယ့် နေပြည်တော်စည်ပင်က ရွှေကြာပင်ဆိုတာ လူနေရပ်ကွက်ဖြစ်လို့ အသေးစားလုပ်ငန်း ထောင်လို့မရဘူး၊ အထူးစီးမံကိန်းဌာနက ညွှန်ကြားတဲ့ ဥတ္တရသီရိကို ထပ်သွားကြည့်တယ်။ မြေကွက်ကို တွေ့တယ်။ ဒါပေမယ့် အားလုံးချပေးပြီး သွားလို့ဆိုပြီး ဥတ္တရသီရိဘက်မှာပဲ နောက်ထပ်
တစ်နေရာကို ထပ်ကြည့်ခိုင်းတယ်။ မြေကွက်ကို တွေ့တော့ ကြိုက်ရင်
လျှောက်ပါ ပြောလို့ နေပြည်တော်စည်ပင်မှာ လာလျှောက်တယ်။ အခုနှစ်လကြာတဲ့အထိ ချမပေးဘူး။ ဘာကြောင့်လဲဆိုတာမေးတော့
ရှေ့မှာချထားပေးတဲ့သူတွေ အဆောက်အအုံ မဆောက်သေးလို့၊ လုပ်ငန်းမထောင်သေးလို့ အသစ်ထပ် ချမပေးတာလို့ ပြောတယ်။ သူတို့က နောက်ဆယ်နှစ်မှဆောက်ရင် ကျန်တဲ့သူက နောက်ဆယ်နှစ်မှ ချပေးမယ့် သဘောဖြစ်နေတယ်။ ပြီးတော့ ထပ်ပြောတယ်၊ အပြင်မှာပဲ ၀ယ်ပြီး လုပ်လိုက်ပါလို့ ပြောပြန်တယ်။ အပြင်မှာ ကိုယ့်ဟာကိုယ် ၀ယ်တော့လည်း လူနေရပ်ကွက်မို့လို့ စည်ပင်ကပဲ တားခဲ့တယ်လို့
ပြန်ပြောပြတော့ ဒါလည်း ဟုတ်တာပဲဆိုပြီး အဖြေအတိအကျ မရဘူး။ ချပေးမယ်လို့လည်း မပြောဘူး။ ကုမ္ပဏီတစ်ခုက မြေကွက်ယူထားပြီး မဆောက်သေးလို့ မချပေးတာလို့ ထပ်ပြောပြန်ရော။ အဲဒီ ကုမ္ပဏီတစ်ခုက တစ်ဦးတည်းနဲ့ မြေကွက် နှစ်ကွက်ယူထားတယ်။ ယူထားပြီး သူမဆောက်သေးလို့ ခင်ဗျားတို့ကို ချမပေးတာလို့ ပြောပြန်တယ်။ တကယ်မဆောက်ဘဲ မြေကွက်ယူထားတဲ့ သူတွေကျတော့ ဒီနေ့အထိတော့ ဘာမှလုပ်တာ မတွေ့ရဘူး။ အမှန်တကယ် ဆောက်ပါမယ်ဆိုတဲ့ သူကျတော့လည်း ချမပေးဘူး” ဟု ပြောပြခဲ့သည်။

နေပြည်တော်တွင် လူဦးရေ တိုးတက်လာပြီး တိုးလာသည့်လူ ဦးရေနှင့် ကိုက်ညီသည့် အသေးစား စက်မှုလုပ်ငန်းများ ပေါ်ထွက်ရန် လိုအပ်နေသည်။ အချို့အသေးစား စက်မှုလုပ်ငန်းများမှာ နေပြည်တော်တွင်သာ တည်ထောင်
လုပ်ကိုင်ရမည့် လုပ်ငန်းများ ဖြစ်သော်လည်း နေပြည်တော်တွင် လက်ရှိအချိန်အထိ စက်မှုဇုန်မရှိ၊ အသေးစားလုပ်ငန်းများအတွက်
မြေကွက်မရှိ ဖြစ်နေသည်။

မြေလွတ်မြေရိုင်းများစွာ ကျန်ရှိသော်လည်း အဆိုပါ မြေယာများကို
နေပြည်တော်စည်ပင်မှသာ ချုပ်ကိုင်ကာ စီမံခန့်ခွဲကြောင်း သိရသည်။

နေပြည်တော်တွင် မဖြစ်မနေ တည်ဆောက်လုပ်ကိုင်မှရမည့် အသေးစား စက်မှုလုပ်ငန်းအတွက် လိုအပ်သည့် မြေကွက်များကို ချထား
မပေးသော်လည်း ကားအငှားစခန်း၊ ကားဝပ်ရှော့များကိုမူ အမှန်တကယ် လိုအပ်ချက်ထက် ပိုမိုသည့် မြေကွက်ကျယ်ကြီးများ ချထားခွင့်ပြုပေး
သည်ဟုလည်း သိရသည်။

Eleven Media Group
နေပြည်တော်တွင် အသေးစား စက်မှုလုပ်ငန်းများအတွက် မြေကွက်မရှိဖြစ်နေကြောင်း အသေးစားလုပ်ငန်း တည်ထောင်ရန် နေပြည်တော် စည်ပင်သို့ လျှောက်ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်စည်ပင်မှ ဈေးကစားရန်သက်သက် မြေကွက်ဝယ်ယူသူများကို အလွယ်တကူ မြေကွက်များ ချထားပေးခဲ့ခြင်း ရှိသော်လည်း အမှန်တကယ် တည်ဆောက်လုပ်ကိုင်မည့် သူများ ကိုမူ မြေကွက် ချထားပေး ရန်ကွေ့ဝိုက်လျက်ရှိပြီး ကန့်သတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မည်သည့်လုပ်ငန်းမှ မတည်ထောင်ဘဲ မြေကွက်ရရှိထားသူများက ကျပ်သိန်း ၅၀၀ တန် မြေကွက်များကို ကျပ်သိန်း ၁၀၀၀ အထိ ဈေးတင် ရောင်းမှုများပင် ရှိနေကြောင်း သိရသည်။ နေပြည်တော်တွင် လူနေရပ်ကွက်များအတွင်း အသေးစားလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ခြင်းကို ကန့်သတ်ထားပြီး သတ်မှတ်ထားသည့် မြို့၊ နေရာများ၌သာ တည်ထောင်ရန် နေပြည်တော်စည်ပင်မှ ကန့်သတ်ထားကြောင်း သိရ သည်။

ထိုသို့ ကန့်သတ်ထားသည့်အတွက် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူများမှာ ပြင်ပတွင် မိမိအစီ အစဉ်ဖြင့် မိမိဝယ်ယူလုပ်ကိုင်မည် ဆိုသော်လည်း ကန့်သတ်ထား၍ လုပ်ကိုင် မရခြင်း၊ နေပြည်တော် စည်ပင်မှ မိမိတို့ ဆီ လျှောက်ထား ပါဟု ပြောကြား၍ လျှောက်ထားသော်လည်း အကြောင်း အမျိုးမျိုးပြကာ အချိန်ကြာမြင့်စွာ ချထားပေးမှု မရှိသည့်အတွက် အမှန်တကယ် လုပ်ကိုင်မည့်သူများ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။

မည်သည့်အတွက်ကြောင့် ချထားပေးရန် နှောင့်နှေးနေရသည့်အပေါ်နေပြည်တော် စည်ပင် တာဝန် ရှိသူထံ မေးမြန်းရာတွင် “မြေကွက်ယူထားပြီးသူများ အဆောက်အအုံ တည်ဆောက်လုပ်ငန်း အကောင် အထည်ဖော်ပြီး မှ အသစ်ထပ်မံ ချထားပေးမည်” ဖြစ်ကြောင်းနှင့် အပြင်မှ မြေကွက်များ ၀ယ်သုံး ရန်သာ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အသေးစားလုပ်ငန်းအတွက် မြေကွက်တစ်ကွက်လျှောက်ထားခြင်းအတွက် သမ္မတရုံးအထိ တင်ပြ ရမည့်အချက်၊ အမှန်တကယ် လုပ်ကိုင်ပါမည်ဆိုသော ကတိပေးချက်အပြင် ပြည်ထဲရေး ၀န်ကြီး ဌာန၏ စစ်ဆေးမှုကိုပါ ခံရသည်အထိ အဆင့်ပေါင်းများစွာ ကျော်ဖြတ်ရကြောင်း၊ကျော်ဖြတ်ပြီးသော်လည်း ချထားပေးခြင်း မရှိသေးကြောင်း သိရသည်။

နေပြည်တော်တွင် အသေးစား စက်မှုလုပ်ငန်း တည်ထောင်ရန် မြေကွက်လျှောက်ထားသည့် ပုံနှိပ်လုပ်ငန်းရှင် တစ်ဦးက“ကျွန်တော်တို့ မြေကွက်ရှာတဲ့အခါ နေပြည်တော်စည်ပင်က ရွှေကြာပင်မှာ ရှိတယ်ဆိုလို့ သွားကြည့်တယ်။ ဒါပေမယ့် နေပြည်တော်စည်ပင်က ရွှေကြာပင်ဆိုတာ လူနေ ရပ်ကွက်ဖြစ်လို့ အသေးစားလုပ်ငန်း ထောင်လို့မရဘူး၊ အထူးစီးမံကိန်းဌာနက ညွှန်ကြားတဲ့ ဥတ္တရသီရိကို ထပ်သွားကြည့်တယ်။ မြေကွက်ကို တွေ့တယ်။ ဒါပေမယ့် အားလုံးချပေးပြီး သွားလို့ဆိုပြီး ဥတ္တရသီရိ ဘက်မှာပဲ နောက်ထပ်တစ်နေရာကို ထပ်ကြည့်ခိုင်းတယ်။ မြေကွက်ကို တွေ့တော့ ကြိုက်ရင်လျှောက် ပါ ပြောလို့ နေပြည်တော်စည်ပင်မှာ လာလျှောက်တယ်။ အခုနှစ်လကြာတဲ့အထိ ချမပေးဘူး။ ဘာကြောင့် လဲဆိုတာမေးတော့ရှေ့မှာချထားပေးတဲ့သူတွေ အဆောက်အအုံ မဆောက်သေးလို့၊ လုပ်ငန်း မထောင်သေးလို့ အသစ်ထပ် ချမပေးတာလို့ ပြောတယ်။ သူတို့က နောက်ဆယ်နှစ်မှဆောက်ရင် ကျန်တဲ့ သူက နောက်ဆယ်နှစ်မှ ချပေးမယ့် သဘောဖြစ်နေတယ်။ ပြီးတော့ ထပ်ပြောတယ်၊ အပြင်မှာပဲ ၀ယ်ပြီး လုပ်လိုက်ပါလို့ ပြောပြန်တယ်။ အပြင်မှာ ကိုယ့်ဟာကိုယ် ၀ယ်တော့လည်း လူနေရပ်ကွက်မို့လို့ စည်ပင် ကပဲ တားခဲ့တယ်လို့ပြန်ပြောပြတော့ ဒါလည်း ဟုတ်တာပဲဆိုပြီး အဖြေအတိအကျ မရဘူး။ ချပေးမယ် လို့လည်း မပြောဘူး။ ကုမ္ပဏီတစ်ခုက မြေကွက်ယူထားပြီး မဆောက်သေးလို့ မချပေးတာလို့ ထပ်ပြောပြန်ရော။ အဲဒီ ကုမ္ပဏီတစ်ခုက တစ်ဦးတည်းနဲ့ မြေကွက် နှစ်ကွက်ယူထားတယ်။ ယူထားပြီး သူမဆောက်သေးလို့ ခင်ဗျားတို့ကို ချမပေးတာလို့ ပြောပြန်တယ်။ တကယ်မဆောက်ဘဲ မြေကွက် ယူထားတဲ့ သူတွေကျတော့ ဒီနေ့အထိတော့ ဘာမှလုပ်တာ မတွေ့ရဘူး။ အမှန် တကယ် ဆောက် ပါမယ် ဆိုတဲ့ သူကျတော့လည်း ချမပေးဘူး” ဟု ပြောပြခဲ့သည်။

နေပြည်တော်တွင် လူဦးရေ တိုးတက်လာပြီး တိုးလာသည့်လူ ဦးရေနှင့် ကိုက်ညီသည့် အသေးစား စက်မှုလုပ်ငန်းများ ပေါ်ထွက်ရန် လိုအပ်နေသည်။ အချို့အသေးစား စက်မှု လုပ်ငန်း များမှာ နေပြည်တော် တွင်သာ တည်ထောင်လုပ်ကိုင်ရမည့် လုပ်ငန်းများ ဖြစ်သော်လည်း နေပြည်တော်တွင် လက်ရှိအချိန်အထိ စက်မှုဇုန်မရှိ၊ အသေးစားလုပ်ငန်းများအတွက်မြေကွက်မရှိ ဖြစ်နေသည်။ မြေလွတ်မြေရိုင်းများစွာ ကျန် ရှိသော်လည်း အဆိုပါ မြေယာများကိုနေပြည်တော်စည်ပင်မှသာ ချုပ်ကိုင်ကာ စီမံခန့်ခွဲကြောင်း သိရသည်။

နေပြည်တော်တွင် မဖြစ်မနေ တည်ဆောက်လုပ်ကိုင်မှရမည့် အသေးစား စက်မှုလုပ်ငန်းအတွက် လိုအပ် သည့် မြေကွက်များကို ချထားမပေးသော်လည်း ကားအငှားစခန်း၊ ကားဝပ်ရှော့များကိုမူ အမှန်တကယ် လိုအပ်ချက်ထက် ပိုမိုသည့် မြေကွက်ကျယ်ကြီးများ ချထားခွင့်ပြုပေးသည်ဟုလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment