Wednesday 2 January 2013

နှစ်သစ်ကူးပွဲ မတော်တဆမှု

Photo: နှစ်သစ်ကူးပွဲ မတော်တဆမှု
Wednesday, January 02, 2013

တောင်အာဖရိကနိုင်ငံတခုဖြစ်တဲ့ အိုင်ဗရီကို့စ်မှာ နှစ်သစ်ကူး မီးပန်းကြည့်သူတွေ ပွဲအပြီး အားကစားကွင်းထဲက အထွက်မှာ လူအုပ်ကို မထိမ်းနိုင်ဘဲ အချင်းချင်း နင်းမိကြရာက လူ ၆၀ ကျော် သေဆုံးသွားခဲ့ ပါတယ်။

အများစုက ၈ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ်တွေဖြစ်ပြီး တချို့က ပျောက်ဆုံးနေဆဲ
ဖြစ်တာမို့ သေဆုံးသူ အရေအတွက် ဒီထက်များလာနိုင်တယ်လို့ ယူဆရပါတယ်။

သမ္မတက ဆေးရုံတွေမှာ လူနာတွေကို လိုက်လံကြည့်ရှုနေပြီး လူနာအားလုံးရဲ့ ဆေးရုံစားရိတ်ကို နိုင်ငံက အကုန်အကျခံမယ့် အကြောင်း ပြောခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ လူနာ ၂၀၀ ကျော်တယ်လို့ ဆိုပါတယ်။

အိုင်ဗရီကို့စ် နိုင်ငံမှာ အရင်ကလည်း အားကစားပွဲတွေမှာ လူပြည့်လျှံပြီး အခုလိုပဲ လူတွေ နင်းမိလို့ သေဆုံးမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ လူ ၃ သောင်းခွဲလောက် ဆန့်တဲ့ အားကစားရုံကို လူအကန့်အသတ်မရှိ ၀င်ရောက်ခဲ့ရာက အခုလို ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

 M
(Photo: AP)
Burma-Newselite

တောင်အာဖရိကနိုင်ငံတခုဖြစ်တဲ့ အိုင်ဗရီကို့စ်မှာ နှစ်သစ်ကူး မီးပန်းကြည့်သူတွေ ပွဲအပြီး အားကစား ကွင်းထဲက အထွက်မှာ လူအုပ်ကို မထိမ်းနိုင်ဘဲ အချင်းချင်း နင်းမိကြရာက လူ ၆၀ ကျော် သေဆုံးသွားခဲ့ ပါတယ်။

အများစုက ၈ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ်တွေဖြစ်ပြီး တချို့က ပျောက်ဆုံးနေဆဲဖြစ်တာမို့ သေဆုံးသူ အရေ အတွက် ဒီထက်များလာနိုင်တယ်လို့ ယူဆရပါတယ်။

သမ္မတက ဆေးရုံတွေမှာ လူနာတွေကို လိုက်လံကြည့်ရှုနေပြီး လူနာအားလုံးရဲ့ ဆေးရုံစားရိတ်ကို နိုင်ငံက အကုန်အကျခံမယ့် အကြောင်း ပြောခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ လူနာ ၂၀၀ ကျော်တယ်လို့ ဆိုပါတယ်။

အိုင်ဗရီကို့စ် နိုင်ငံမှာ အရင်ကလည်း အားကစားပွဲတွေမှာ လူပြည့်လျှံပြီး အခုလိုပဲ လူတွေ နင်း မိလို့ သေဆုံးမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ လူ ၃ သောင်းခွဲလောက် ဆန့်တဲ့ အားကစားရုံကို လူအကန့် အသတ်မရှိ ၀င်ရောက်ခဲ့ရာက အခုလို ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

M
(Photo: AP)
Burma-Newselite

No comments:

Post a Comment