Thursday 3 January 2013

စခန်းမှ ဆုတ်ခွာသူများအား KIA မှ စစ်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်အရေးယူမည်

အဓမ္မလူသစ်စုဆောင်းခံထားရသော တပ်သားသစ်များ

   KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ စခန်းများအား စွန့်ခွာထွက်ပြေးလာသူများသည် စစ်ရာဇ၀တ် ကောင်များအဖြစ် သတ်မှတ်ပြီး ထိရောက်သော အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစိုးရနှင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျှက် ရှိပြီး၊ KIA စခန်းများလက်လွတ်ဆုံးရှုံး နေရပါသည်။ အစိုးရတပ်များ၏စနစ်တကျတိုက်ခိုက်မှုများကြောင့် KIA အဖွဲ့မှာ အထိနာလျှက်ရှိပါသည်။ KIA အဖွဲ့ဝင်အများစုမှာ တိုက်ရည်ခိုက်ရည်ပြည့်ဝမှုမရှိဘဲ၊ စစ်ပွဲကာလအတွင်း အဓမ္မလူသစ် စုဆောင်းခံရသူများ ဖြစ်ခြင်း၊ စစ်ပညာသင်တန်းများအား စနစ်တကျမတတ်ရောက်ရခြင်း၊ ရိက္ခာနှင့် လက်နက်များ အလုံအလောက်မရှိခြင်းများကြောင့် အစိုးရတပ်များမှ စနစ်တကျ တိုက်စစ်ဆင် ချိန်တွင် အကျအဆုံးများစွာဖြင့် စခန်းများအား စွန့်ခွာထွက်ပြေးခဲ့ရပါသည်။
 
     ထိုသို့ဆောက်တည်ရာမရ ထွက်ပြေးနေကြသဖြင့် စခန်းစွန့်ခွာထွက်ပြေးလာသူများအား စစ်ရာဇ၀တ်ကောင်များအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂမ်ရှောင်က ကြော်ငြာခဲ့ခြင်းဖြစ်ပါသည်။ KIA အဖွဲ့၏ ထိရောက်သော အရေးယူမှုမှာ  သေဒဏ်ပေးခြင်း
 ဖြစ်တယ်လို့ KIA အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။  
တိုက်ပွဲစွန့်ခွာပြီးထွက်ပြေးပါက သေဒဏ်ပေးခြင်းခံရမှာဖြစ်လို့ တိုက်ပွဲမှာပဲ အသေခံတိုက်ခိုက် သွားရ မှာဖြစ်တယ် လို့ ၄င်းအရာရှိမှဆက်လက် ပြောကြားခဲ့ပါသည်။ KIA ခေါင်းဆောင်များအနေဖြင့် လိုင်ဇာမြို့ အား အစိုးရတပ်များ တိုက်ခိုက်လာပါက ထွက်ပြေးတိမ်းရှောင်နိုင်ရန် တစ်ဖက် တရုတ်နိုင်ငံတွင် အဆောက်အဦများ ကြိုတင်ပြင်ဆင် ထားရှိပြီး ဖြစ်သော်လည်း KIA လက်အောက်အဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးပါက ထိရောက်သော ပြစ်ဒဏ်ပေးမည် ဆိုခြင်းကား လူမဆန်သော ရက်စက် မှုဖြစ် ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment