၂၀၁၃ ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာ တစ်ရက် ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့အ
ထိုင်းနိုင်ငံတဝန်းလုံးက အလုပ်သမားတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ တရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၃၀၀ ကို ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက စတင်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ရသင့်တဲ့ အနိမ့်ဆုံးလစာ ရနိုင်တဲ့အခြေအနေ နည်းတယ်လို့ ဘန်ကောက်မြို့၊ မဟီဒေါ တက္ကသိုလ် က ရွှေ့ပြောင်း အလုပ် သမားအရေးကျ
“အလုပ်ရှင်တွေပေးမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို
ယာယီနိုင်ငံကူးလက်မှတ် တနည်းအားဖြင့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရှိထားတ
“အလုပ်သမားတွေ အနိမ့်ဆုံးရသင့်တဲ့ လစာရပါလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ တခြားရပိုင်ခွင့်တွေ ဖြတ်တာကို ခံရနိုင်ပါတယ်။ အချိန်ပို အလုပ်ချိန်လဲ ဖြတ်ခံရနိုင်ပါတယ်။ အချိန်ပိုလုပ်ချိန် နည်းတယ် ဆိုရင် လကုန်လို့ လခထုတ်ချိန်မှာ လစာနည်းနည်းပဲ ရကြပါလိမ့်မယ်၊ အချိန်ပိုခက တနာရီကို ၁ ဆခွဲလောက် ရကြတာပါ၊ အလုပ်ရှင်တွေဖက်က တနေ့ပေးရတဲ့ ဘတ် ၃၀၀ ပြန်ကာမိအောင် အလုပ်သမားတွေ ဆီက ဖြတ် ကြမှာ ပါ၊ နောက်အလုပ်သမားတွေ အပြင်ထွက်ချိန်တွေ လျှော့ပြစ်တာမျိုးလို အလုပ်သမားတွေ အပေါ်မှာ ဖိအားတွေ များလာနိုင်ပါတယ်”- လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကျ
ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်ခင်က မဲဆောက်ခရိုင်မှာ အနိမ့်ဆုံး တရက်လုပ်အားခ ၂၂၆ ဘတ် ပေး ရမယ်လို့ ထိုင်းအစိုးရက သတ်မှတ်ထားတာတောင် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား တချို့ဆိုရင် ဘတ် ၁၀၀ တောင် မရကြပါဘူး။ မဲဆောက်မြို့က မီးလုံးစက်ရုံတခုမှာ အလုပ်လုပ်နေ တဲ့ ရွှေ့ပြောင်း အလုပ် သမား တယောက်
“သတ်မှတ် ထားတဲ့နှုန်း မရပါဘူး။ ရနေတာက တချို့ လက်ရှိအလုပ်သမားတွေကျတော့ ၆၅ ဘတ်ရတယ်။ တချို့ ကျတော့ ၇၅ ဘတ် ရတယ်။ တချို့ကျတော့ ၈၀ ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကြားတော့ ကြားထားတယ်။ တနေ့ကို ၃၀၀ ရမယ်လို့၊ ဒါပေမဲ့ OT (အချိန်ပို) က တနေ့ကို ဘယ်လောက်ပေးမလဲ ဆိုတာ ကျနော်တို့ မသိဘူးခင်ဗျ။ ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအထိကို ၃၀၀ ရမှာလဲ၊ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိကို ၃၀၀ လား၊ ကျန်တဲ့ အချိန်တွေကျတော့ ကျနော်တို့ကို ဘယ်လို ပေးမှာလဲ။ အဲဒါ မျိုးပေါ့နော်။”
အလုပ်သမားအများစုအနေနဲ့ သူတို့အခွင့်အရေးကို တောင်းဆိုနိုင်တဲ့ အခြေအနေ မရှိကြ တာကို ရွှေ့ပြောင်း အလုပ်သမားအရေးဆေ
“အများစုကတော့ တိုင်ဖို့အတွက် အခြေအနေ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက် အန္တရာယ်ရှိ ပါတယ်။ အလုပ်ရှင်က အလုပ်ဖြုတ်တာတို့၊ အလုပ်ဖြုတ်လိုက်ပြီဆိုရင် အလုပ်သမား တစ်ယောက်က အလုပ်ပြန်ရှာဖို့ အရမ်းခက်ခဲတာလေ။ အလုပ်ဖြုတ်တာတို့၊ လုပ်အားခ မထုတ်ပေးတာတို့၊ အဲလိုတွေ ရှိတယ်။ နောက် သူတို့ကဒ်တွေကို ဖြတ်သိမ်းလိုက်တာတို့၊ အလုပ်သမား လက်မှတ်တွေ ဖြတ်သိမ်း လိုက်တာတွေ ရှိတဲ့အတွက်ကြောင့် အလုပ်သမား အတော်များများ က ကြောက်ကြတယ်။ နောက်တခုက ဘာလဲဆိုတော့ သူများနိုင်ငံမှာ အလုပ် လုပ်ကြရတာ၊ အဲဒီလိုမျိုး လုပ်မယ်ဆိုရင် ငါတို့အတွက် အခွင့်အရေး ရှိပါ့မလား၊ ငါတို့အတွက် ရပါ့မလားဆိုတဲ့ စိတ်တွေက အလုပ်သမား တိုင်းမှာ ဖြစ်နေ တာပေါ့နော်။”
ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူ Andy Hall ရဲ့ အပြောအရဆိုရင် မဟာချိုင်ခရိုင် ထဲက နိုင်ငံတကာ စက်ရုံကြီးတွေမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို
“သေချာတာကတော့ ဝန်ကြီးချုပ် Yinluck နဲ့ သမ္မတ ဦးသိန်းစိန်တို့တွေ့ကြတုန်း
လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူ Andy Hall က VOA မြန်မာပိုင်းကို ပြောပြပါတယ်။
ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရ
VOA
No comments:
Post a Comment