Thursday 3 January 2013

စစ်တမ်းတစ်ခုအရ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစွမ်းရည်

နောက်ဆုံး ပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းတစ်ခုအရ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစွမ်းရည် အထက်မြက်ဆုံး တိုက်စစ်မှူးတွေကို တန်းစီကြည့်ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပင်မ ရှေ့တန်းကစားသမား နှစ်ယောက်က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

Daily Mailသတင်းစာက ပရီးမီးယားလိဂ် ထိပ်သီး တိုက်စစ်သမားတွေရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲ(၁၀၀)ကို ပြန်လည်လေ့လာ ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ [အဓိပ္ပါယ်က ဒီစာရင်းဟာ ပရီးမီးယားလိဂ် ပွဲ(၁၀၀) ကစားပြီးတဲ့ တိုက်စစ်မှူးတွေကိုသာ တွက်ချက်လေ့လာတာ ဖြစ်ပါတယ်] ရော်ဘင်ဗန်ပါစီဟာ အရက်စက်ဆုံး ဂိုးမုဆိုးအဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနယ်သာလန်သားဟာ အဲဒီပွဲ(၁၀၀)မှာ (၇၃)ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ ဒါဟာ ပျမ်းမျှ (၁၀၉.၉)မိနစ်ကြာတိုင်း (၁)ဂိုးရနေတဲ့ သဘောမျိုးပါပဲ။ ပြီးတော့ ဗန်ပါစီဟာ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် (၂၉)ကြိမ်တောင် ပံ့ပိုးပေးခဲ့ပါသေးသတဲ့။ ဒါကြောင့်လည်း ဒီ(၂၉)နှစ်သား ယူနိုက်တက် ပရိသတ် အသည်းကျော်ဟာ ကျန်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူး အားလုံးထက် အသာစီးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဗန်ပါစီ ဂိုးတွေ သွင်းယူခဲ့ရာမှာ သူအားသန်တဲ့ ဘယ်ခြေကန်ချက်နဲ့ (၄၃)ဂိုး၊ ညာခြေနဲ့ (၂၆)ဂိုး၊ ပြီးတော့ ခေါင်းတိုက်ပြီး (၄)ဂိုး ဖြစ်ပါတယ်တဲ့။ အဲဒီထဲကမှ (၆၆)ဂိုးက ပင်နယ်တီ ဧရိယာထဲက ကန်သွင်းပြီး ကျန်တဲ့ (၇)ဂိုးက ဧရိယာ အပြင်ဘက်က သွင်းယူတာပါ။ ပင်နယ်တီနဲ့ ရခဲ့တဲ့ ဂိုးအရေအတွက်ကတော့ (၅)လုံးပဲ ပါဝင်ပါတယ်။

ဒုတိယနေရာမှာ ရပ်တည်နေသူကတော့ ယူနိုက်တက်ရဲ့ iconလို့တောင် သတ်မှတ်နိုင်တဲ့ ဝိန်းရွန်နီပါပဲ။ ဒီအင်္ဂလိပ် ဘောလုံးကဝေလေးရဲ့ သွင်းဂိုးပမာဏကလည်း နောက်ဆုံး ပွဲ(၁၀၀)မှာ (၆၅)ဂိုး ရှိနေပါသတဲ့။ ဒါကြောင့် ပျမ်းမျှ (၁၂၅.၉)မိနစ် ကစားတိုင်း တစ်ခါ ဂိုးရနေတဲ့ သဘောမျိုး ဖြစ်နေတာပေါ့လေ။ သူ့ရဲ့ ဂိုးပံ့ပိုးမှုကလည်း မနည်းပါဘူး။ အသင်းဖော်တွေအတွက် (၂၅)ကြိမ် ဖန်တီးမှု လုပ်ဆောင်ပေးခဲ့ပါတယ်။ ရွန်နီကတော့ ညာသန်ဖြစ်တာကြောင့် ညာခြေနဲ့ချည်း (၄၅)ဂိုး၊ ဘယ်ခြေနဲ့ (၄)ဂိုး၊ တိကျအားပါတဲ့ ခေါင်းတိုက်ချက်တွေနဲ့ (၁၁)ဂိုး သွင်းယူပြခဲ့ပါတယ်။ ဂိုးဧရိယာထဲက (၅၈)ဂိုး ကန်သွင်းပြီး ဂိုးဧရိယာ အပြင်းဘက်က အားပါပါ သွင်းယူခဲ့တာကတော့ ဗန်ပါစီလိုပဲ (၇)ဂိုး ရှိနေတယ်လို့ သိရပါတယ်။ ရွန်နီရဲ့ ပင်နယ်တီ သွင်းဂိုး အရေအတွက်ကတော့ (၁၃)ဂိုးပါ။

သူတို့နောက်မှာတော့ ကားလို့စ်တီဗက်ဇ် (၅၅ ဂိုးသွင်း၊ ၂၁ ကြိမ်ဖန်တီး)၊ ဒါရန်ဘန့်တ် (၄၇ ဂိုးသွင်း၊ ၃ ကြိမ်ဖန်တီး)၊ ဂျာမိန်းဒီဖိုး (၄၀ ဂိုးသွင်း၊ ၉ ကြိမ်ဖန်တီး)နဲ့ ဖာနန်ဒိုတောရက်စ် (၃၁ ဂိုးသွင်း၊ ၁၁ ကြိမ်ဖန်တီး)တို့က အစဉ်လိုက် ရပ်တည်နေတယ်လို့ သိရပါတယ်။ 

Admin: Mania
နောက်ဆုံး ပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းတစ်ခုအရ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစွမ်းရည် အထက်မြက်ဆုံး တိုက်စစ်မှူးတွေကို တန်းစီကြည့်ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပင်မ ရှေ့တန်း ကစား သမား နှစ်ယောက်က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

Daily Mailသတင်းစာက ပရီးမီးယားလိဂ် ထိပ်သီး တိုက်စစ်သမားတွေရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲ(၁၀၀) ကို ပြန်လည်လေ့လာ ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ [အဓိပ္ပါယ်က ဒီစာရင်းဟာ ပရီးမီးယားလိဂ် ပွဲ(၁၀၀) ကစားပြီးတဲ့ တိုက်စစ်မှူးတွေကိုသာ တွက်ချက်လေ့လာတာ ဖြစ်ပါတယ်] ရော်ဘင်ဗန်ပါစီဟာ အရက် စက်ဆုံး ဂိုးမုဆိုးအဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနယ်သာလန်သားဟာ အဲဒီပွဲ(၁၀၀)မှာ (၇၃)ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ ဒါဟာ ပျမ်းမျှ (၁၀၉.၉)မိနစ်ကြာတိုင်း (၁)ဂိုးရနေတဲ့ သဘောမျိုးပါပဲ။ ပြီးတော့ ဗန်ပါစီဟာ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် (၂၉)ကြိမ်တောင် ပံ့ပိုးပေးခဲ့ပါသေးသတဲ့။ ဒါကြောင့်လည်း ဒီ(၂၉)နှစ်သား ယူနိုက်တက် ပရိသတ် အသည်းကျော်ဟာ ကျန်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးအားလုံးထက် အသာစီးမှာရပ်တည်နေတာ ဖြစ်ပါတယ်။ ဗန်ပါစီဂိုးတွေ သွင်းယူခဲ့ရာမှာ သူအား သန်တဲ့ ဘယ်ခြေကန်ချက်နဲ့ (၄၃)ဂိုး၊ ညာခြေနဲ့ (၂၆)ဂိုး၊ ပြီးတော့ ခေါင်းတိုက်ပြီး (၄)ဂိုး ဖြစ်ပါတယ်တဲ့။ အဲဒီထဲကမှ (၆၆)ဂိုးက ပင်နယ်တီ ဧရိယာထဲက ကန်သွင်းပြီး ကျန်တဲ့ (၇)ဂိုးက ဧရိယာ အပြင်ဘက်က သွင်းယူတာပါ။ ပင်နယ်တီနဲ့ ရခဲ့တဲ့ ဂိုးအရေအတွက်ကတော့ (၅)လုံးပဲ ပါဝင်ပါတယ်။

ဒုတိယနေရာမှာ ရပ်တည်နေသူကတော့ ယူနိုက်တက်ရဲ့ iconလို့တောင် သတ်မှတ်နိုင်တဲ့ ဝိန်းရွန်နီပါပဲ။ ဒီအင်္ဂလိပ် ဘောလုံးကဝေလေးရဲ့ သွင်းဂိုးပမာဏကလည်း နောက်ဆုံး ပွဲ(၁၀၀)မှာ (၆၅)ဂိုး ရှိနေပါသတဲ့။ ဒါကြောင့် ပျမ်းမျှ (၁၂၅.၉)မိနစ် ကစားတိုင်း တစ်ခါ ဂိုးရနေတဲ့ သဘောမျိုး ဖြစ်နေတာပေါ့လေ။ သူ့ရဲ့ ဂိုးပံ့ပိုးမှုကလည်း မနည်းပါဘူး။ အသင်းဖော်တွေအတွက် (၂၅)ကြိမ် ဖန်တီးမှု လုပ်ဆောင်ပေးခဲ့ပါတယ်။ ရွန်နီကတော့ ညာသန်ဖြစ်တာကြောင့် ညာခြေနဲ့ချည်း (၄၅)ဂိုး၊ ဘယ်ခြေနဲ့ (၄)ဂိုး၊ တိကျအား ပါတဲ့ ခေါင်းတိုက်ချက်တွေနဲ့ (၁၁)ဂိုး သွင်းယူပြခဲ့ပါတယ်။ ဂိုးဧရိယာထဲက (၅၈)ဂိုး ကန်သွင်းပြီး ဂိုးဧရိယာ အပြင်းဘက်က အားပါပါ သွင်းယူခဲ့တာကတော့ ဗန်ပါစီလိုပဲ (၇)ဂိုး ရှိနေတယ်လို့ သိရပါတယ်။ ရွန်နီရဲ့ ပင်နယ်တီ သွင်းဂိုး အရေအတွက်ကတော့ (၁၃)ဂိုးပါ။

သူတို့နောက်မှာတော့ ကားလို့စ်တီဗက်ဇ် (၅၅ ဂိုးသွင်း၊ ၂၁ ကြိမ်ဖန်တီး)၊ ဒါရန်ဘန့်တ် (၄၇ ဂိုးသွင်း၊ ၃ ကြိမ်ဖန်တီး)၊ ဂျာမိန်းဒီဖိုး (၄၀ ဂိုးသွင်း၊ ၉ ကြိမ်ဖန်တီး)နဲ့ ဖာနန်ဒိုတောရက်စ် (၃၁ ဂိုးသွင်း၊ ၁၁ ကြိမ်ဖန်တီး)တို့က အစဉ်လိုက် ရပ်တည်နေတယ်လို့ သိရပါတယ်။

Admin: Mania

No comments:

Post a Comment