Thursday 3 January 2013

တင်းမာမှုလျှော့ချဖို့ မြောက်ကိုရီးယားကမ်းလှမ်းမှု တောင်ပိုင်းပယ်ချ

ကမ္ဘာ့သတင်းများ  03/01/2013

နိုင်ငံတကာသတင်း

တင်းမာမှုလျှော့ချဖို့ မြောက်ကိုရီးယားကမ်းလှမ်းမှု တောင်ပိုင်းပယ်ချ 

ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေလျှော့ချဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့တာဟာ အနှစ်သာရမပါဘူးလို့ တောင်ကိုရီးယားက တုံ့ပြန် လိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ပြောဆိုချက်ထဲမှာ ခိုင်ခိုင်မာမာ ကမ်းလှမ်းမှုမျိုး မပါဘဲ အပေါ်ယံသဘောသာ ဖြစ်နေတယ် လို့ တောင်ကိုရီး ယားရဲ့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီး Yu Woo-Ik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာပါ။

မြောက်ကိုရီးယားက ဘယ်လိုသဘောနဲ့ ဒီလို ပြောခဲ့သလဲဆိုတဲ့ အပေါ် တောင်ကိုရီးယား အနေနဲ့ မေးခွန်း ထုတ်ဖို့လိုတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီး ယား ခေါင်းဆောင်ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေ အဆုံးသတ်ပြီး တောင်နဲ့မြောက် ကိုရီး ယား ပြန်လည်ပေါင်းစည်းကြဖို့ အင်္ဂါနေ့ကပဲ ထပ်မံ တိုက်တွန်းခဲ့တာပါ။

အကဲခတ်သူတချို့ကတော့ မြောက်ကိုရီးယားဘက်က ပြန်လည်သင့်မြတ်ရေး ပြောဆိုချက်ဟာ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အရိပ်လက္ခဏာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရ က ထိန်းချုပ် ထားတာတွေ လျှော့ပေါ့ကောင်း လျှော့ပေါ့နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ လည်း သုံးသပ်နေကြတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ စစ်လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းတွေ လျှော့ချဖို့ ပြောဆိုထားတာ ဖြစ်သလို စစ်တပ်ကိုလည်း ထပ်တလဲလဲ ချီးမွမ်း ထားတာ ဖြစ်ပါတယ်။




အမေရိကန်ဘဏ္ဍာရေး ညှိနှိုင်းမှု လွှတ်တော်နှစ်ရပ် အတည်ပြု 

အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကြီး ဆိုက်မယ့်အရေးကို ရှောင်ရှားနိုင်မယ့်အစီအစဉ်တခုကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒါဟာဖြင့် အမေရိကန်စီးပွားရေးကို ပိုအားကောင်းစေမယ့် ကျယ်ပြန်တဲ့ ကြိုးပမ်းမှု တခုရဲ့ ခြေလှမ်းတဆင့်ဖြစ်တယ်လို့ သမ္မတ ဘရာ့ခ်အိုဘားမားက ပြောပါတယ်။

အထက်လွှတ်တော်က အစောပိုင်းမှာ အတည်ပြုထားတဲ့ အစီအစဉ်ကို ရီပတ်ဘလီကန်ပါတီ ကြီးစိုးထားတဲ့ အောက်လွှတ်တော်ကနေ အင်္ဂါနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့တာပါ။ အဲဒီအစီအစဉ်ထဲမှာ အစိုးရအသုံးစရိတ်ကို ပိုပြီး လျှော့ချဖြတ်တောက်တာတွေ ထည့်သွင်းဖို့ ရီပတ်ဘလီကန် လွှတ်တော် အမတ်တချို့က ကြိုးစားခဲ့သေးပေမဲ့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ အလုံအလောက်မရတာကြောင့် မအောင်မြင်ခဲ့ပါဘူး။အခွန်နှုန်းထား၊ အစိုးရအသုံးစရိတ်ပမာဏ၊ ကာလရှည်ကြာ ဆိုးရွားနေတဲ့ လိုငွေပြမှုနဲ့ နိုင်ငံပေါ်တင်ရှိနေတဲ့ ကြွေးမြီကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားနဲ့ ကွန်ဂရက် လွှတ်တော်က ရီပတ်ဘလီကန်တွေအကြား လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အငြင်းပွားနေခဲ့တာပါ။ အင်္ဂါနေ့ကရခဲ့တဲ့ သဘောတူညီချက်ဟာ မပြည့်စုံဘူးဆိုပေမဲ့ အမေရိကန်လူထုအတွက် အကောင်းဆုံးဖြစ်တယ်လို့ လွှတ်တော် ခေါင်းဆောင်တွေက ပြောကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေး အကျပ်အတည်းပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ တာကြောင့် ကမ္ဘာတ၀န်းက အစု ရှယ်ယာဈေးကွက်တွေမှာ ဈေးနှုန်းတွေ တက်သွားခဲ့ပါတယ်။




ဟီလာရီကလင်တန်ဆေးရုံကဆင်းပြီ


နယူးယောက်မြို့ က ဆေးရုံတရုံမှာ ဦးခေါင်းသွေးခဲမှုကို ကုသမှုခံယူနေတဲ့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ဟာ့ မနေ့က ညနေမှာ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။

ဟီလာရီ့ ကို ခင်ပွန်းဖြစ်သူသမ္မတဟောင်းဘီကလင်တန်နဲ့ သမီးဖြစ်သူ ချယ်လဆီးကလင်တန်တို့ က ဆေးရုံကနေ အိမ်ကိုခေါ်ဆောင်သွားကြပါတယ်။သူ့ကို ကူသပေးတဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဟီလာရီရဲ့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေပြီး
မကြာခင် မှာလုံးဝနာလန်ပြန်ထူလာနိုင်မယ်လို့ သိရပါတယ်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေလျှော့ချဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ် သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့တာဟာ အနှစ်သာရမပါဘူးလို့ တောင်ကိုရီးယားက တုံ့ပြန် လိုက်ပါ တယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ပြောဆိုချက်ထဲမှာ ခိုင်ခိုင်မာမာ ကမ်းလှမ်းမှုမျိုး မပါဘဲ အပေါ်ယံ သဘောသာ ဖြစ်နေတယ် လို့ တောင်ကိုရီး ယားရဲ့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီး Yu Woo-Ik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာပါ။

မြောက်ကိုရီးယားက ဘယ်လိုသဘောနဲ့ ဒီလို ပြောခဲ့သလဲဆိုတဲ့ အပေါ် တောင်ကိုရီးယား အနေနဲ့ မေးခွန်း ထုတ်ဖို့လိုတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီး ယား ခေါင်းဆောင်ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေ အဆုံးသတ်ပြီး တောင်နဲ့မြောက် ကိုရီး ယား ပြန်လည်ပေါင်းစည်းကြဖို့ အင်္ဂါနေ့ကပဲ ထပ်မံ တိုက်တွန်းခဲ့တာပါ။

အကဲခတ်သူတချို့ကတော့ မြောက်ကိုရီးယားဘက်က ပြန်လည်သင့်မြတ်ရေး ပြောဆိုချက်ဟာ လုပ်ရိုး လုပ်စဉ် မဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အရိပ်လက္ခဏာ မျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ထိန်းချုပ် ထားတာတွေ လျှော့ပေါ့ကောင်း လျှော့ပေါ့နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ လည်း သုံးသပ်နေ ကြတာ ပါ။ မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ စစ်လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းတွေ လျှော့ ချဖို့ ပြောဆိုထားတာ ဖြစ်သလို စစ်တပ်ကိုလည်း ထပ်တလဲလဲ ချီးမွမ်း ထားတာ ဖြစ် ပါတယ်။
NLABR 

No comments:

Post a Comment