Thursday 24 January 2013

ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း

ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း

မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခို ကူးရာတွင် အကူအညီ ပေးခဲ့သည်ဟု သံသယ ရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့အား စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ညွှန်ကြား ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Reuters သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါ လူမှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက်သည့် စစ်သည်များအား တရားစွဲဆိုခြင်းနှင့် တပ်မတော်မှ ထုတ်ပစ်ခြင်းတို့ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု တစ်ရပ် အရ ကြည်းတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီး အဆင့်ရှိ အဆင့်မြင့် အရာရှိ အချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှား နိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအား တရားမဝင် လူမှောင်ခို ကူးရာတွင် ပါဝင် ပတ်သက် ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Bangkokpost သတင်းစာတွင် ရေးသားဖော်ပြ ထားသည်ဟု သိရှိ ရပါသည်။ ကြည်းတပ် အရာရှိ အချို့ အနေဖြင့် ၎င်းတို့၏ ကိုယ်ချင်းစာနာ စိတ်ကြောင့်သာ အဆိုပါ ဘင်္ဂါလီ ကိစ္စတွင် စတင် ပါဝင် ပတ်သက်ခြင်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ထိုင်းအစိုးရ အနေဖြင့် ဘင်္ဂါလီ များအား စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ထားသည့် ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များကို အကူအညီ ပေးရန် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား ရေး အေဂျင်စီ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် တရားမဝင် ဝင်ရောက် နေထိုင်မှု အတွက် ဖမ်းဆီးခံ ထားရသော ဘင်္ဂါလီ များကိုမူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/5246-2013-01-24-13-29-10#.UQEVoZ28B8E

အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခိုကူးရာတွင် အကူ အညီပေးခဲ့သည်ဟု သံသယရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့ အား စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ညွှန်ကြားခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Reuters သတင်းတစ်ရပ်အရ သိရှိ ရပါ သည်။ အဆိုပါလူမှောင်ခိုကူးမှုတွင်ပါဝင်ပတ်သက်သည့် စစ်သည်များအား တရားစွဲဆိုခြင်းနှင့် တပ်မတော် မှ ထုတ်ပစ်ခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားခဲ့ပါသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ ကြည်းတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီးအဆင့်ရှိအဆင့်မြင့် အရာရှိအချို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအားတရားမဝင် လူမှောင်ခို ကူးရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Bangkokpost သတင်းစာ တွင် ရေး သားဖော်ပြထားသည်ဟု သိရှိရပါသည်။ ကြည်းတပ်အရာရှိအချို့အနေဖြင့် ၎င်းတို့၏ ကိုယ်ချင်း စာနာစိတ်ကြောင့်သာ အဆိုပါ ဘင်္ဂါလီကိစ္စတွင်စတင် ပါဝင်ပတ်သက်ခြင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဗိုလ်ချုပ်ကြီးပရာယုဒ်က ပြောကြားခဲ့ပါသည်။ ထိုင်းအစိုးရအနေဖြင့် ဘင်္ဂါလီများအား စီးနင်းရှာဖွေ ခဲ့ပြီးနောက်ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမားများကို အကူအညီ ပေး ရန် နိုင်ငံတကာလူသားချင်း စာနာထောက်ထား ရေးအေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ သို့ရာတွင် တရားမဝင်ဝင်ရောက် နေထိုင်မှုအတွက် ဖမ်းဆီးခံထားရသော ဘင်္ဂါလီ များ ကိုမူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

  မြ၀တီ

No comments:

Post a Comment